အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရေကြည်မြို့နယ်အတွင်းရှိ ငါးသိုင်းချောင်းမြို့၊ (အ.မ.က) ရွှေဘိုကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ရေကြည်မြို့နယ်အတွင်းရှိ ငါးသိုင်းချောင်းမြို့၊ (အ.မ.က) ရွှေဘိုကျောင်း၌ ယနေ့ နံနက်(၉:၃၀)နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရွှေဘိုရပ်ကွက်အုပ်ချုပ်ရေးမှူးဦးနေလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ငါးသိုင်းချောင်းမြို့ ပြန်/ဆက်ဦးစီးအရာရှိဒေါ်ဇင်မီမီဝင်းက “ စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ် အားကစားမှူး ဒေါ်နှင်းနှင်းအေးက “ လူငယ်နှင့်အားကစား” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အသီးသီးပြောကြားခဲ့ပြီး အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက်အားကစားဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ Fitness Dance အကများ၊EIM “ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဥ်ကိုပျော်ရွှင်စွာစုပေါင်းဆင်နွှဲခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို နံနက် ၁၁:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။