အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း အခမ်းအနားကျင်းပ

ရန်ကုန်၊ နိုဝင်ဘာလ(၁၀)ရက်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ရန်ကုန်တိုင်း ဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက လူငယ်စကားဝိုင်းဖွဲ့၍ဆွေးနွေးပွဲကို စတင်ပြောကြားခဲ့ပြီးနောက် Steel King Co. Ltd ကိုယ်စား ဦးရန်ကျော်က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား အမှတ်တရလက်ဆောင်များ ချီးမြှင့်၍လည်းကောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား အမှတ်တရလက်ဆောင်များ ချီးမြှင့်၍လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အလှူရှင် Steel King Co.Ltd ကိုယ်စား ဦးရန်ကျော်ကို ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ခဲ့သည်။ ယင်းနောက် အားကစားနှင့်ပညာရေးပေါင်းစပ် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဝင်းက ကျေးဇူးတင်စကားပြောကြားပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။