အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှကြီးမှူးကျင်းပသည့် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲ FEI, One star Qualification round2 ၏ ပြိုင်ပွဲနည်းပညာဆိုင်ရာရှင်းလင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ(၁၈)။

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှကြီးမှူးကျင်းပသည့် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲ FEI, One star Qualification round2 ၏ ပြိုင်ပွဲနည်းပညာဆိုင်ရာရှင်းလင်းပွဲအခမ်းအနားအား ယနေ့နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ မြင်းစီးအားကစားကွင်း၌ကျင်းပရာ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးပြုံးမောင်မောင်က အဖွင့်အမှာစကားပြောကြားခြင်းနှင့်ပြိုင်ပွဲဝင်အားကစားသမားများ၊အထောက်အကူပြုအဖွဲ့များအား ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲ၏ နည်းပညာဆိုင်ရာ သိကောင်းစရာအချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် VET ကော်မတီဥက္ကဌ ဒေါက်တာဆန်းထွန်းဦးမှ ပြိုင်ပွဲနည်းပညာများနှင့် မြင်းမွေးမြူခြင်းဆိုင်ရာအချက်အလက်များအား ရှင်းပြခဲ့ပြီးနောက် Round 2 ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲအား ကူညီပံ့ပိုးသူ First National Insurance (FNI) ၏ နေပြည်တော်ရုံးတာဝန်ခံ ဒေါ်ချိုချိုသန်းက အသက်အာမခံလုပ်ငန်းများဆိုင်ရာ သိသင့်သည်များကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မွေးမြူရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်နှင့်တာဝန်ရှိသူများ၊ အားကစားသမားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။