(၅၅)ကြိမ်မြောက်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်အောင်ပွဲရ မြန်မာ့ကာယဗလအားကစားအဖွဲ့အား ရန်ကုန်လေဆိပ်၌ ပြည်သူများသောင်းသောင်းဖျဖျကြိုဆို

(၅၅)ကြိမ်မြောက်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်အောင်ပွဲရ မြန်မာ့ကာယဗလအားကစားအဖွဲ့အား ရန်ကုန်လေဆိပ်၌ ပြည်သူများသောင်းသောင်းဖျဖျကြိုဆို ရန်ကုန်၊ စက်တင်ဘာလ (၈) ရက်။ နီပေါနိုင်ငံ ခတ္တမန္ဒူ မြို့၌ စက်တင်ဘာ(၁)ရက်နေ့မှ (၇) ရက်နေ့အထိကျင်းပပြီးစီးခဲ့သည့် (၅၅)ကြိမ်မြောက် အာရှကာယဗလ နှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ (ဒုတိယမြို့တော်ဝန်)ဦးညီညီ ဦးဆောင်၍ အုပ်ချုပ်သူတစ်ဦး ဒိုင်နှစ်ဦး နည်းပြနှစ်ဦးနှင့်အားကစားသမား(၁၀)ဦး ပါဝင်သော အောင်ပွဲရ မြန်မာ့ကာယဗလအားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှုး ဦးညွန့်ဖေနှင့်ကော်မတီဝင် များ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှု ဦးအောင်နိုင်ဆွေနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံခိုင်မှု အားကစားအဖွဲ့ချုပ်မှတာဝန်ရှိသူများ အား/ကာသိပ္ပံ(ရန်ကုန်) ကျောင်းမှကျောင်းသား/ကျောင်းသူများ မိဘဆွေမျိုးမိတ်သဂ်ဟများပြည်သူများက အိုးစည်ဒိုးပတ်အကများဖြင့် သောင်းသောင်းဖျဖျကြိုဆိုကြသည်။ အဆိုပါ အောင်ပွဲရမြန်မာ့ကာယဗလအားကစားအဖွဲ့တွင် Men’s […]
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ နှင့် ဆုချီးမြှင့်ပွဲတက်ရောက် စစ်တွေ စက်တင်ဘာ ၈ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ဖွံ့ဖြိုးရေးရက် သတ္တပတ်လှုပ်ရှားမှုကို ကျင်းပဆောင်ရွက်လျက်ရှိရာ စစ်တွေတက္ကသိုလ်အနေဖြင့် ကာယဗလဖွံ့ဖြိုးရေးအတွက် ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်၊ စစ်တွေတက္ကသိုလ်နှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှကြီးမှူး၍ စစ်တွေတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် နှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ဦးစွာ အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အင်္ဂလိပ်စာဌာနအသင်းနှင့် ဓာတုဗေဒဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဓာတုဗေဒဌာနအသင်းက သုံးဂိုးတစ်ဂိုးဖြင့်အနိုင်ရရှိသွားသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို […]
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ တောင်ကြီး၊ စက်တင်ဘာ(၇)ရက်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို စက်တင်ဘာ(၇)ရက် မွန်းလွဲ(၂)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲတွင် ဒေသခံအဆိုတော်များ၊ နည်းပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများမှ ဗမာတိုင်းရင်းသားအကဖြင့် ဖျော်ဖြေခြင်း၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများမှ တိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေကြပြီး နောက်ဆုံးဗိုလ်လုပွဲအဖြစ် ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ သူနာပြု သင်တန်းကျောင်းမှ ဆရာမများ၊ ပညာရေးကောလိပ်မှ ကျောင်းသား၊ကျောင်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ကျောင်းသား၊ ကျောင်းသူများ၊ […]
၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ ၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာ(၅)ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် မော်လမြိုင်မြို့နယ် ဘောလီဘောအသင်းနှင့် ကျိုက်မရောမြို့နယ် ဘောလီဘောအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆုရရှိသော အားကစားသမားများက ကွင်းအတွင်း နေရာယူ၍ ပြိုင်ပွဲအလိုက် အကောင်းဆုံးအားကစား ထူးချွန်ဆုရရှိသူအားပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်ကလည်းကောင်း၊ အသင်းလိုက်ပူးတွဲတတိယဆုရ ချောင်းဆုံမြို့နယ်အသင်းနှင့် ပေါင်မြို့နယ်အသင်းတို့အား စီးပွားရေးရာဝန်ကြီး […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ တောင်ကြီး စက်တင်ဘာ ၅။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ ၅-၉-၂၀၂၃ ရက်နေ့ ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့က ပြည်နယ်အားကစားကွင်းတွင်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့က တောင်ကြီးတက္ကသိုလ် အားကစားကွင်းတွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။ ထိုသို့ယှဉ်ပြိုင်ကစားခဲ့ရာတွင် ကရင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၄)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး အကောင်းဆုံးအားကစားသမားဆုများကို ကရင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၁၃) မနန်းသန်းမြင့်စန်းနှင့် ရှမ်းပြည်နယ်အသင်းမှ ကျောနံပါတ်(၁၅) မအေးမေတို့ ရရှိခဲ့ကြသည်။ အဆိုပါ အကောင်းဆုံးအားကစားသမားဆုများရရှိခဲ့ကြသည့် အားကစားသမားများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ(ကွာတားဖိုင်နယ်)ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ(ကွာတားဖိုင်နယ်)ပွဲစဉ်များ ဆက်လက်ကျင်းပ တောင်ကြီး၊ စက်တင်ဘာလ(၃)ရက်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ(ကွာတားဖိုင်နယ်)(၂-၉-၂၀၂၃)ရက်နေ့ ပွဲစဉ်များတွင် ကရင်ပြည်နယ်အသင်းက ကချင်ပြည်နယ် အသင်းကို(၃)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၄)ဂိုး (၂)ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး အကောင်းဆုံးအားကစားသမားဆုများကို ကရင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၁၃) နန်းသန်းမြင့်စန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၁၇) မေဂျူလှိုင်တို့ ရရှိခဲ့ကြသည်။ (၃.၉.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့က ပြည်နယ်အားကစားကွင်းတွင် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်တိုင်းဒေသကြီးအသင်းတို့က တောင်ကြီးတက္ကသိုလ်အားကစားကွင်းတွင် လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။ ထိုသို့ယှဉ်ပြိုင်ကစားခဲ့ရာတွင် ရှမ်းပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအသင်းက နေပြည်တော်တိုင်းဒေသကြီးအသင်းကို (၂)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အကောင်းဆုံးအားကစားသမားဆုများကို ဧရာဝတီတိုင်းဒေသကြီးအသင်းမှ […]
၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ မော်လမြိုင်၊ စက်တင်ဘာလ(၁)ရက်။ ၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နံနက်ပိုင်း (၈း၃၀)နာရီအချိန် မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းနေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်လျက် ကဏ္ဍပေါင်းစုံ တွန်းအားပေးပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိရာ အားကစားကဏ္ဍ တိုးတက်မြင့်မားရေးအတွက် အထူးအလေးပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်၊ လူရွယ်များ ကျန်းမာသန်စွမ်းပြီး ကိုယ်ကာယကြံ့ခိုင်စေရန် အားကစားလှုပ်ရှားမှုများမှာ ပါဝင်ကြဖို့ […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ(၃၁.၈.၂၀၂၃)

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ(၃၁.၈.၂၀၂၃) တောင်ကြီး ဩဂုတ်လ(၃၁)ရက်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ (၃၁.၈.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့က ပြည်နယ်အားကစားကွင်းတွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့က တောင်ကြီးတက္ကသိုလ် အားကစားကွင်းတွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။ ထိုသို့ယှဉ်ပြိုင်ကစားခဲ့ရာတွင် မန္တလေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၃)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၅)ဂိုး (၂)ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး အကောင်းဆုံးအားကစားသမားဆုများကို မန္တလေးတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၉) မိုးပွင့်ဖြူနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၁၀) ရှင်းသန့်ဖြူဇင်ပြုံးတို့ ရရှိခဲ့ကြသည်။ အဆိုပါ အကောင်းဆုံးအားကစားသမားဆုများရရှိခဲ့ကြသည့် အားကစားသမားများအား လွိုင်လင်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ညိုညိုခင် နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်(ကြီးကြပ်) ဦးလှတင့်တို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။ (၂.၉.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် […]
အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အားကစားသရုပ်ပြပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အားကစားသရုပ်ပြပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဩဂုတ် (၃၀)။ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအားကစားသရုပ်ပြပွဲနှင့်အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲအခမ်းအနားကို စမ်းချောင်းမြို့နယ်အ.ထ.က(၁)တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ် ဒုဥက္ကဌနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတို့က အားကစားပစ္စည်းများပေးအပ်လှူဒါန်ခဲ့ပြီး လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေမှူး၊ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးတို့က အားကစားနှင့်လူငယ်ရေးရာများဟောပြောခဲ့ကြပါသည်။ ဝူရှူးအားကစားအဖွဲ့နှင့် Fitness Dance အားကစားအဖွဲ့တို့မှ သရုပ်ပြသကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးကသရုပ်ပြအဖွဲ့များအား ထောက်ပံ့ငွေပေးများပေးအပ်ခဲ့ပြီး ကျောင်းသား/သူများအား အားကစားဆိုင်ရာ ဉာဏ်စမ်းမေးခွန်များမေးမြန်းခဲ့ကြပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ တောင်ကြီး၊ ဩဂုတ်လ(၃၀)ရက်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ (၃၀.၈.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် ရခိုင်ပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့က ပြည်နယ်အားကစားကွင်းတွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းတို့က တောင်ကြီးတက္ကသိုလ် အားကစားကွင်းတွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။ ထိုသို့ယှဉ်ပြိုင်ကစားခဲ့ရာတွင် ရခိုင်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို(၄)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းကို (၆)ဂိုး (၅)ဂိုးဖြင့်လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး အကောင်းဆုံးအားကစားသမား ဆုများကို ရခိုင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၁၇) မသဲနုဝေနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၇) မခင်စန်းဝင်းတို့ ရရှိခဲ့ကြသည်။ အဆိုပါ အကောင်းဆုံးအားကစားသမားဆုများရရှိခဲ့ကြသည့် အားကစားသမားများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒိုင်(ကြီးကြပ်) ဒေါ်သီတာဦးနှင့် မြန်မာနိုင်ငံဘော့လုံးအဖွဲ့ချုပ် ဒိုင်(ကြီးကြပ်) ဦးလှတင့်တို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် (၃၁.၈.၂၀၂၃)ရက်နေ့ […]