အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်နယ်/တိုင်းဒေသကြီးတို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (ပထမအပတ်) လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာလ(၂)ရက်။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ပထမ အပတ်ကို ယနေ့ နံနက်ခင်း(၅:၃၀)နာရီ၌ စတင်ဆင်နွှဲခဲ့ကြသည်။ မြစ်သားမြို့ မီးရထားသံလမ်းဆုံရှေ့တွင် စုရပ်နေရာ ပြုလုပ်ခဲ့ပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများအပါအဝင် ပြည်သူ (၁၅၀)ကျော် ပါဝင်ခဲ့သည်။ အဆိုပါလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့် အဖွဲ့ဝင်များတို့က ဦးဆောင်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် အားကစားမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့ခံ ရပ်မိရပ်ဖ ဒေမသခံပြည်သူများနှင့် ကျောင်းသား/သူများသည် သက်မှတ်စုရပ်နေရာတွင် ရောက်ရှိနေရာယူ၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ လမ်းလျောက်ပွဲကို စတင်ဆင်နွှဲကြသည်။ စုရပ်နေရာမှစတင်၍ လူထုစုပေါင်းလမ်းလျောက်ခြင်းကို ပျော်ရွှင်စွာစုပေါင်းဆင်နွှဲ၍ မြို့နယ်အားကစားကွင်းထဲသို့ ရောက်ရှိလာကြကာ ကိုယ်လက်လှုပ်ရှား ကြံ့ခိုင်မှုလေ့ကျင့်ခန်းများနှင့် physical fitness dance လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။ မိတ္ထီလာမြို့နယ် တွင် ဒီဇင်ဘာလ ပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲအား ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာအရာရှိများ ၀န်ထမ်းများ ပညာရေးကောလိပ်နှင့်ပို့/ဆက်မှ သင်တန်းသား/သင်တန်းသူများ၊ ကျောင်းသား/ကျောင်းသူများ မြို့ပေါ်ရပ်ကွက်များမှပြည်သူများ စုစုပေါင်း လူအင်အား (၁၂၄၀)ဦး ပါ၀င်ဆင်နွှဲခဲ့ပါသည်။

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေး၊ ခန္ဓာကိုယ်သန်စွမ်းစေရေး၊ စိတ်နှလုံးရွှင်လန်းစေရေး ရည်ရွယ်ကာ “ စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်(၅:၀၀)အချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ဒီဇင်ဘာအားကစားလ(ပထမအပတ်)၌ လူထုလမ်းလျှောက်ပွဲ ပြုလုပ်ခဲ့ကြသည်။ ထိုသို့လူထုလမ်းလျှောက်ပွဲပြုလုပ်ရာတွင် ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဦးမှ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့်ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား(၂၀၀)ဦးဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စုရပ်မှတစ်ဆင့် မြင်တော်သာလမ်းမတစ်လျှောက် စုပေါင်းလမ်းလျှောက်ခဲ့ကြကာ မြကန်သာပန်းခြံအရှေ့၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ ကာယလေ့ကျင့်ခန်းအတွဲ(၁)၊ (၂)နှင့် Fitness Dance ကိုယ်လက်လှုပ်ရှားအားကစား သွေးပူလေ့ကျင့်ခန်းတို့ကို သရုပ်ပြသခဲ့ရာ ပြည်သူများက ကိုယ်လက်လှုပ်ရှားအားကစားများအား စုပေါင်းဆောင်ရွက်ခဲ့ပါသည်။ ပြည်သူ့ရင်ပြင်တွင် ဒီဇင်ဘာလ(ပထမအပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲအား စုစုပေါင်းလူဦးရေ (၂၁၈၅)ဦးဖြင့် စုပေါင်းလမ်းလျှောက်ခဲ့ကြပါသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ(ပထမပတ်)လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့တွင် ယနေ့နံနက် ၅ နာရီကကျင်းပပြုလုပ်ခဲ့ပါသည်။ စုပေါင်းလမ်းလျှောက်ပွဲကျင်းပရာတွင် ဥပဒေချုပ်ကြီးနှင့်တကွ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်များမှ မိဘပြည်သူများ စုပေါင်း၍ လူထုအားကစားလစုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွဲခဲ့ကြပါသည်။ အဆိုပါ စုပေါင်းလမ်းလျှောက်အဖွဲ့က အ.ထ.က(၃) ကျောင်းရှေ့မှ စတင်တာထွက်ပြီး တောင်ငူလမ်းမကြီးအတိုင်း လမ်းလျှောက်၍ ကျောက်တွင်းကုန်းလမ်းဆုံမှတဆင့် ရှင်စောပုလမ်း၊ ရွှေမော်ဓောဘုရားလမ်း၊ ဟံသာဝတီညစျေးတန်းလမ်းရှိ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်းအထိ စုပေါင်းလမ်းလျှောက်ကြပြီး ဘောလုံးကွင်းအတွင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးဆောင်၍ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများစုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၌ ယနေ့နံနက် ၅ နာရီက ကျင်းပပြုလုပ်သည်။ စုပေါင်းလမ်းလျှောက်ပွဲကျင်းပရာတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဆန်းဌေးမောင်၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဇင်ဦးနှင့် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့ဝင်များ၊ကျောင်းသား/ကျောင်းသူ လူငယ်‌ မောင်မယ်များနှင့် မြို့ပေါ်ရပ်ကွက်ပြည်သူများ စုစုပေါင်း(၅၂၁)ဦး စုပေါင်းပါဝင်ဆင်နွှဲကြသည်။ အဆိုပါစုပေါင်းအဖွဲ့က မြို့လယ်ရှိ ဗိုလ်ချုပ်ကျောက်ရုပ်စုရပ်မှစ၍ ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် ဦးဝင်းမြလမ်း၊ ရွှေတစ်ချောင်းလမ်းတို့မှ မြို့နယ်အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ကြပြီး အားကစားကွင်းအတွင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးဆောင်၍ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများစုပေါင်းလုပ်ဆောင်ကြကြောင်းသိရသည်။

၂၀၂၃ ခုနှစ် ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ရေကြည်မြို့နယ် ဒီဇင်ဘာလူထု စုပေါင်းလမ်းလျှောက်ပွဲကို ရေကြည်မြို့နယ် အုပ်ချုပ်ရေးမှူးဦးသန်းချစ်အေး ဦးဆောင်လျက် ဌာနဆိုင်ရာများ၊ ပညာရေးမိသားစုများနှင့် အားကစားဝါသနာရှင်မိဘပြည်သူများစုပေါင်း၍ နံနက်(၅)နာရီအချိန်၌ မြို့နယ်ထွေအုပ်ရုံးရှေ့၌ စုရပ်ပြုလုပ်ကာ နံနက်(၅:၃၀)နာရီ အချိန်တွင်တာထွက်၍ မြို့တပတ် တပျော်တစ်ပါးစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ရေကြည်မြို့နယ်အားကစားကွင်းအတွင်းသို့ ပန်းဝင်ကာ EIM “ ကိုယ်လက်လှုရှားဆေးတစ်ပါး” အစီအစဉ်ဖြင့် ကိုယ်လက်ကြံခိုင်မှုလေ့ကျင့်ခန်း အတွဲ ၁ ၊၂ ပြုလုပ်ခြင်း၊ Fitness Dance အကများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြပါသည်။ အဆိုပါလူထုစုပေါင်းလမ်းလျှောက်ပွဲသို့အင်အား(၅၀၀)ဦးခန့် စုပေါင်းဆင်နွှဲခဲ့ကြပါသည်။

(၂-၁၂-၂၀၂၃)ရက်နေ့ နံနက်(၆:၃၀)အချိန် တနင်္သာရီတိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (ပထမပတ်)အဖြစ် ထားဝယ်မြို့ရွှေဝယ်သီရိအားကစားကွင်း Synthetic ပြေးလမ်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်မှကျောင်းသား/ကျောင်းသူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများ၊ သူနာပြုနှင့်အရန်သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/သူများ စုစုပေါင်းအင်အား (၁၈၀၀)ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ လမ်းလျှောက်ပွဲအပြီးတွင် စုပေါင်းကိုယ်လက်လေ့ကျင့်ခန်းများပျော်ပျော်ပါးပါး ပြုလုပ်ခဲ့ကြပြီး ပါဝင်ဆင်နွှဲသူများအား မုန့်နှင့်ရေသန့်များ ဝေမျှပေးခဲ့ပါသည်။

ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် လမ်းလျှောက်ခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများကိုရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ အားကစားလလူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့ နံနက်(၆း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တရားသူကြီးချုပ် ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား ၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း လူဦးရေ(၉၀၀၀)ဦးက တက်ရောက်ခဲ့ကြပြီး သစ်တောရပ်ကွက်ရှိ စူဠာမုနိလောကချမ်းသာဘုရားအနီး၌ နံနက် (၅း၃၀)နာရီအချိန်တွင် စတင်စုဝေးခဲ့ကြပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က လူထုစုပေါင်းလမ်းလျှောက်ပွဲကို သေနတ်ပစ်ဖေါက် တာလွှတ်ပေးပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအတိုင်း ပြည်နယ်အားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ကြသည်။ ဆက်လက်၍ အားကစားကွင်းအတွင်းတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအစီအစဥ် အတွဲ (၁)နှင့်(၂)တို့ဖြင့် သွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများ၊ ဒေသခံမိဘပြည်သူများက ပျော်ပွဲရွှင်ပွဲများအဖြစ်အားကစားပြိုင်ပွဲ အသီးသီးကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ အားကစားလအတွင်း အပတ်စဥ် စနေနေ့နံနက်တိုင်း လူထုလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး လူသုံးကုန်ပစ္စည်းများ၊ အားကစားပစ္စည်းများကိုလည်း ကံစမ်းမဲအစီအစဥ်များဖြင့် မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း ဆက်လက်သိရှိရပါသည်။