၂၀၂၃ ခုနှစ် ၊ (၆၄)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်
တောင်ကြီး၊ ဒီဇင်ဘာလ(၈)ရက်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုများနှင့်အတူ ရှမ်းပြည်နယ်အတွင်း ဂေါက်သီးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး ၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး ၊ နိုင်ငံတော်အားကစားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည့် ထူးချွန်ထက်မြက်သော အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကမ္ဘောဇအုပ်စုမှ ကူညီပံ့ပိုးကာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် တောင်ကြီးဂေါက်ကလပ်တို့မှပူးပေါင်းကျင်းပမည့် (၆၄)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ဒီဇင်ဘာလ ဒုတိယပတ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁၄:၀၀) နာရီအချိန်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။


