အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

The 1st FEI. SEA Youth Cup 2023 at the Princess’s Cup Thailand 2023 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာမြင်းစီးအားကစားအဖွဲ့ထွက်ခွာ

ရန်ကုန်၊ ဒီဇင်ဘာလ(၆)ရက်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့မှ (၁၀)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် The 1st FEI . SEA Youth Cup 2023 at the Princess’s Cup Thailand 2023 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးဌေးကျော် ခေါင်းဆောင်၍ အားကစားသမား(၃)ဦးတို့သည် ယနေ့ နေ့လယ်(၁)နာရီအချိန်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။ အဆိုပါ အားကစားအဖွဲ့နှင့်အတူ ရန်ကုန်တိုင်းမြင်းစီးအသင်း ဥက္ကဋ္ဌ ဦးဇော်လွင်ထွန်း လိုက်ပါသွားပြီး ကစားသမားများဖြစ်ကြသည့် ကြည်စင်လင်း၊ ရွှန်းလဲ့ဖူးလှိုင်၊ သုသုဇင်တို့သည် အသင်းလိုက်တန်းခုန်ပြိုင်ပွဲနှင့် တစ်ဦးချင်းတန်းခုန်ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။