အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

Loading

လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ တောင်ကြီးမြို့၊ မေလ(၁၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကြီးကြပ်လမ်းညွှန်မှုများနှင့်အတူ တောင်ကြီးခရိုင်လူငယ်ရေးရာကော်မတီ ၊ သားဖွားသင်တန်းကျောင်းတို့ပူးပေါင်းကျင်းပပြုလုပ်သည့် “ လူငယ်စကားဝိုင်း” နှင့် “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကို ၁၇.၅.၂၀၂၄ ရက်နေ့ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် ပြည်နယ်သားဖွားသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာအဆိုပါအခမ်းအနားသို့ ခရိုင်လူငယ်ရေးရာကော်မတီဥက္ကဌ ဦးတင့်လှိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ အောင်အောင်မျိုး၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးဆန်း ၊ ပြည်နယ်သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်ခမ်း ၊ တောင်ကြီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်း ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား/သင်တန်းသူ (၁၆၈)ဦးတို့ကတက်ရောက်ခဲ့ကြပြီး လူငယ်များအထွေထွေဗဟုသုတနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် “ လူငယ်စကားဝိုင်း” ကို ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ တောင်ကြီးခရိုင်လူငယ်ရေးရာကော်မတီဥက္ကဌက […]

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

Loading

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက် နေပြည်တော် မေ(၁၄)ရက်။ ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံအသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၃)နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပရာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်ကောင်စီဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများတက်ရောက်ကြသည်။ ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ အရှေ့တောင်အာရှနဲ့ အာရှဒေသနယ်ပယ်မှာ အောင်မြင်စွာ ရပ်တည်နိုင်ရေးဟာ ပြည်သူတစ်ရပ်လုံးရဲ့ လိုလားချက်ဖြစ်တာကြောင့် မြန်မာဘောလုံးအသင်း အောင်မြင်မှုရရှိနိုင်ဖို့ […]

၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

Loading

၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ ပဲခူး၊ မေလ(၁၅)ရက်။ ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို မေလ(၁၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများက (၂)ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲစဥ်အဖြစ် တောင်ငူမြို့နယ်အသင်းနှင့် ရွှေတောင်မြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှု၊ (၃)ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲစဥ်အဖြစ် ပဲခူးမြို့နယ်အသင်းနှင့် ရွှေတောင်မြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေးကြသည်။ ထို့နောက်ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဥ်တစ်လျှောက်(၂)ယောက်တွဲပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိသူနှင့် (၃)ယောက်တွဲပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိသူတို့အား ဆုတံဆိပ်နှင့်ငွေသားဆုများကို လူမှုရေးရာဝန်ကြီးဦးမျိုးအောင်ကလည်းကောင်း၊ (၂)ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယဆုရရှိသော မိုးညိုမြို့နယ်အသင်းနှင့် (၃)ယောက်တွဲပြိုင်ပွဲ တတိယဆုရရှိသော သနပ်ပင်မြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို သယံဇာတရေးရာဝန်ကြီးဦးတင်သိန်းကလည်းကောင်း၊ (၂)ယောက်တွဲဒုတိယဆုရရှိသော […]

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား ခရိုင်‌‌ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

Loading

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား ခရိုင်‌‌ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ ရန်ကုန်၊ မေ ၁၅။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၁၅) ရက် ညနေပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏအားကစားကွင်းရှိ MFF ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ‌ကော်မတီ နာယက တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း နှင့် တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးများနှင့် တာ၀န်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်မှ ဌာနဆိုင်ရာများ၊ ‌ဘောလုံးဝါသနာရှင်များ တက်‌ရောက်ကြည့်ရှု […]

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ မေ(၁၅)။ ဘော်လီဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစား သမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့သည်။ ယနေ့ ဘော်လီဘော(အမျိုးသား) ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၃)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ပြည်ထောင်စု နယ်မြေနေပြည်တော်အသင်းကို (၃)ပွဲ (၂)ပွဲဖြင့်လည်းကောင်း၊ (အမျိုးသမီး)ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ် များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ ၂၀၂၄ ခုနှစ်၊ မေလ(၁၆)ရက်နေ့ နံနက်(၈)နာရီတွင် […]

မြို့နယ်အဆင့်ကင်းထောက်လူငယ်သင်တန်းပို့ချမှုတက်ရောက်အားပေး

Loading

မြို့နယ်အဆင့်ကင်းထောက်လူငယ်သင်တန်းပို့ချမှုတက်ရောက်အားပေး တောင်ကြီးမြို့၊ မေလ(၁၅)ရက်။ ပြည်နယ်လူငယ်ရေးရာကော်မတီ၏ လမ်းညွှန်ချက်များအတိုင်း တောင်ကြီးမြို့နယ်အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပဖွင့်လှစ်သည့် မြို့နယ်အဆင့်ကင်းထောက်လူငယ်သင်တန်းပို့ချနေမှုများကို ယနေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ မြို့နယ်အခြေခံပညာဦးစီးဌာန ပညာရေးမှူး ဒေါက်တာ သင်းသင်းခိုင်၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ ၊ တောင်ကြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဆူးညီညီသိန်းဝင်း ၊ အခြေခံပညာကျောင်းများမှ ဆရာ / ဆရာမများ ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ နှင့် သင်တန်းသား/သင်တန်းသူများကတက်ရောက်ခဲ့ကြပါသည်။ ဆက်လက်ပြီး သင်တန်းပို့ချနေမှုများကို သွားရောက်ကြည့်ရှုအားပေးကာ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက လူငယ်ကဏ္ဍ(၁၆)ရပ်နှင့်ပတ်သက်သည့် အချက်အလက်များနှင့် လူငယ်ရေးရာဦးစီးဌာနလုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားကာ သင်တန်းသား / သင်တန်းသူများအား ရေဓာတ်အားဖြည့်အချိုရည် Pocari […]

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

Loading

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ တာချီလိတ်မြို့၊ မေလ(၁၅)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ၁၄.၅.၂၀၂၄ ရက်နေ့ မွန်းလွဲ(၁၅:၃၀)နာရီအချိန်တွင် မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာအဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ် ၊ အားကစားသမား(၂၄၀)ဦးတို့က တက်ရောက်ခဲ့ကြပြီး လူငယ်များအထွေထွေဗဟုသုတနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ်က ” လူငယ်နှင့်အားကစား “ ” လူငယ်နှင့်ဗလငါးတန် “ အစရှိသည့်ခေါင်းစဥ်များဖြင့် ဟောပြောခဲ့ကြောင်းသိရှိခဲ့ရပါသည်။

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များကျင်းပ နေပြည်တော်၊ မေ(၁၄)။ ဘော်လီဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစား သမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုး သမီး) ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့သည်။ ယနေ့ ဘော်လီဘော(အမျိုးသား)ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား) ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ် အသင်းက မွန်ပြည်နယ်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး) ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို (၃)ပွဲ (၁)ပွဲပြတ်ဖြင့်လည်း ကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ […]

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် “ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် “ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကျင်းပ ပဲခူး မေ ၁၃ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းပြီး မေလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ပဲခူးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီအဖွဲ့ဝင် ၊ ပြန်ကြာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် ၊ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လူမှုရေးရာဝန်ကြီး၊ ဦးမျိုးအောင်၊ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လူရည်ချွန်ကင်းထောက်လူငယ်များ၊ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်နှင့်ဆရာ/ဆရာမများ ၊ ပဲခူးတိုင်းဒေသကြီးနှင့်(၄)ခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် နည်းပြများ ၊ (၂၈)မြို့နယ်မှ ပိုက်ကျော်ခြင်းအားကစားသမားများ ၊ နွေရာသီအဆင့်အဆင့်မြင့်အားကစားသင်တန်းမှ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း လူအင်အား (၁၀၉၉)ဦးတို့ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီအဖွဲ့ဝင် ၊ […]

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များ စတင်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များ စတင်ကျင်းပ နေပြည်တော်၊ မေ(၁၃)။ ဘော်လီဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစား သမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့သည်။ ယနေ့ ဘော်လီဘော(အမျိုးသား)ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား) ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး) ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ သည်။ ၂၀၂၄ ခုနှစ်၊ မေလ(၁၄)ရက်နေ့ […]