လူငယ်အလုပ်ရုံဆွေးနွေးပွဲမှ လူငယ်ကိုယ်စားလှယ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် လူငယ်ကိုယ်စားလှယ်များ စုစုပေါင်းအင်အား (၁၂၂)ဦးတို့သည် လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသော်အေးနှင့်တာဝန်ရှိသူများ ဦးဆောင်လျက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ Social Zone ၌ ဖွင့်လှစ်ထားရှိသော မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ လက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်း ဓာတ်ပုံများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ၊ အားကစားရွာနှင့် Social Zone ဖွင့်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်း၊ မြန်မာ့အားကစား မော်ကွန်းခန်းမအတွင်း မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်ထုများပြခန်းနှင့် အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေးခန်းမ)တို့ကို လာရောက် ကြည့်ရှုလေ့လာခဲ့ပြီး ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။


