ကာယပညာနှင့် အားကစားအခြေခံနည်းပြ/ဒိုင်သင်တန်း(ပိုက်ကျော်ခြင်း)မှ သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ
နေပြည်တော်၊ မတ် ၃
၂၀၂၅ ခုနှစ်၊ ကာယပညာနှင့် အားကစားအခြေခံနည်းပြ/ဒိုင်သင်တန်း(ပိုက်ကျော်ခြင်း) (၁/၂၀၂၅) သို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၁၈)ဦးခန့်တို့သည် သင်တန်းမှူး ဒေါ်နန့်ယဉ်ယဉ်မြင့် (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်လျက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ Social Zone ၌ ဖွင့်လှစ် ထားရှိသော မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်း မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်ထုများပြခန်းနှင့် အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေးခန်းမ)တို့ကို လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။


