(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာမြင်းစီးနှင့် နိုင်ငံတကာ မြင်းစီးအားကစားပြိုင်ပွဲဆုချီးမြှင့်
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြည်ထောင်စုတံခွန်စိုက်ဖလား မြန်မာ့ရိုးရာ မြင်းစီးနှင့် နိုင်ငံတကာမြင်းစီး အားကစားဗိုလ်လုပွဲပြိုင်ပွဲ များကို ယနေ့နံနက်က ရန်ကုန်မြို့ဒဂုံမြို့သစ်(မြောက်ပိုင်း) မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် မြင်းစီးအားကစားကွင်း၌ကျင်းပသည်။
ဗိုလ်လုပွဲပြိုင်ပွဲများတွင်ဒုန်း (ပိုနီတန်း) ၊ဒုန်း (အငယ်တန်း) ဒုန်း (အလတ်တန်း) ၊ဒုန်း (အကြီးတန်း) အသက်၁၄နှစ်အောက်Show Jumping ၊အသက်၁၄နှစ်မှ၁၈နှစ်Show Jumping ပြိုင်ပွဲများကိုရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊တိုင်းဒေသကြီးလူမှုရေးရာ၀န်ကြီးဦးဌေးအောင်၊မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဌဦးပြုံးမောင်မောင်နှင့်ဒုတိယဥက္ကဌများနှင့်တာ၀န်ရှိသူများကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲအပြီး ဒုန်းအလတ်တန်း ၊ ဒုန်းအငယ်တန်း ၊ ဒုန်း Pony ၊ မြန်မာ့ရိုးရာအသားကျ၊ ရိုးရာဓားရေးပြိုင်ပွဲ ၊ ရိုးရာစက်ထိုးစီးနင်းပြိုင်ပွဲ (Tent Peggi ng )၊အပြည်ပြည်ဆိုင်ရာ မြင်းစီးအားကစားပြိုင်ပွဲတွင် Children တန်းခုန်ပြိုင်ပွဲ၊ အသက်၁၄နှစ်အောက်Junior တန်းခုန်ပြိုင်ပွဲ ၊အသက် ၁၄ နှစ်နှင့် ၁၈ နှစ်အတွ င်း)၊ Youth တန်းခုန်ပြိုင်ပွဲ (အသက် ၁၆ နှစ်နှင့် ၂၁ နှစ်အ တွင်း)၊ Senior တန်းခုန်ပြိုင်ပွဲ (အသက် ၂၁ နှစ်အထက်)၊ Cross Country “ အလွတ်တန်း” (အသက် ၁၆နှစ်အထက်)ပြိုင်ပွဲတွင်ပထမ၊ဒုတိယ၊တတိယရရှိကြသောအားကစားသမားများအား မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဌ၊ဒုတိယဥက္ကဌများနှင့်မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်Show Jumping၊Endurance ကော်မတီမှဥက္ကဌများ နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းတို့က ဆုတံဆိပ်နှင့်ငွေသားဆုများချီးမြှင့်ကြသည်။
ထို့နောက်တိုင်းဒေသကြီးလူမှုရေးရာ၀န်ကြီးဦးဌေးအောင်ကဒုန်းအကြီးတန်း ၊ပထမ၊ဒုတိယ၊တတိယနှင့်ပြည်နယ်နှင်တိုင်းဒေသကြီးတွင်တံခွန်စိုက်ဆုရရှိသွားသောဧရာ၀တီတိုင်းဒေသကြီးအသင်းအားဆုဖလားချီးမြှင့်သည်။
ယင်းပြိုင်ပွဲတွင်ပြည်နယ်နှင့်တိုင်းဒေသကြီးမှမြင်းစီးအားကစားသမား၁၀၀ကျော် ဝင်ရောက်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲကိုဖေဖော်ဝါရီ ၁၆ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။


