အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

စင်္ကာပူဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု လေး‌ခု ဆွတ်ခူးရရှိခဲ့သော မြန်မာပြေးခုန်ပစ်အဖွဲ့ ပြန်လည်ရောက်ရှိ ကြိုဆို

ရန်ကုန် ၊ ဧပြီလ ၂၆ ရက်

(၈၅)ကြိမ်မြောက် ၊ စင်္ကာပူ ဖိတ်ခေါ် ( Singapore SportsHub ) ပြိုင်ပွဲကို ဧပြီလ ၂၄ရက်နှင့်၂၅ ရက်က ကျင်းပခဲ့ရာ မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့မှ ရွှေတံဆိပ်ဆု လေးခု ဆွတ်ခူးရရှိခဲ့ပြီး ယ‌နေ့ည ၁၀နာရီခွဲက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည်‌ ရောက်ရှိလာကြသည်။

အဆိုပါပြိုင်ပွဲ၌ အမျိုးသမီး ကြိုးတပ် သံလုံးပစ်ပြိုင်ပွဲတွင် သွယ်သွယ်မိုး က ရွှေတံဆိပ်ဆုကို စံချိန် ( ၄၇.၃၈မီတာ ) ဖြင့်လည်းကောင်း ၊

အမျိုးသမီး ၁၀၀၀၀ မီတာ လမ်းလျှောက်ပြိုင်ပွဲတွင် ဝင်းဝင်းခိုင် ကရွှေတံဆိပ်ဆုကို စံချိန် ( ၅၉:၁၅.၆၀ ) ဖြင့်လည်းကောင်း ၊ အမျိုးသား ၁၀၀၀၀ မီတာ လမ်းလျှောက်ပြိုင်ပွဲတွင် သန့်စင်အောင် က ရွှေတံဆိပ်ဆုကို စံချိန် ( ၅၀:၃၆.၁၁ ) ဖြင့်လည်း‌ကောင်း ၊ အမျိုးသား မီတာ ၈၀၀ ပြိုင်ပွဲတွင် ဟိန်းထက်အောင် က ရွှေတံဆိပ်ဆုကို စံချိန် ( ၁:၅၀.၅၉ ) ဖြင့် အသီးသီးဆွတ်ခူးရရှိခဲ့ကြ‌သည်။

ယင်းပြိုင်ပွဲတွင် အရှေ့တောင်အာရှနိုင်ငံများ ၊ အာရှနိုင်ငံများ အပါအ၀င် အားကစားသမား စုစုပေါင်း ၃၀၀ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ် မှ အထွေထွေအတွင်းရေးမှူး ဦးကျော်ထူးအောင် ဦးဆောင်ပြီး၊ ဦးတင့်‌ဝေ (နည်းပြ) နှင့် အားကစားသမားများ ဖြစ်သည့် ဟိန်းထက်အောင်(မီတာ ၈၀၀)၊ သန့်စင်အောင် (၁၀ကီလိုမီတာ လမ်းလျှောက်)၊ ဝင်းဝင်းခိုင် (၁၀ကီလိုမီတာ လမ်းလျှောက်) နှင့် သွယ်သွယ်မိုး ( ကြိုးတပ်သံလုံးပစ် ) တို့ပြန်လည်ရောက်ရှိရာ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦး‌ကျော်ဦး ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၂) ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန် ၊ အားကစားနှင့်ကာယပညာသိပ္ပံ ( ရန်ကုန် ) ကျောင်းအုပ်ကြီး ၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း ၊ မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်ဒုတိယဥက္ကဌ ၊ (နည်းစနစ်ကော်မတီဥက္ကဌ ) ဦးသာ‌အောင်နှင့် အမှုဆောင်များ ၊ နည်းပြများ ၊ ပြေးခုန်ပစ်အားကစားသမားများ က ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်းသိရှိရသည်။