၂၀၂၅ ခုနှစ် ၊ ကမ္ဘာ့အဆင့် သတ်မှတ်ရေး အာရှပတ်လည်မြားပစ်ပြိုင်ပွဲ Jury တာဝန်ထမ်းဆောင်ရန်နှင့် 2025 SEAAF Council Meeting သို့ တက်ရောက်ရန် ပြည်ပထွက်ခွာ
၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ (၂၃)ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင်ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဆင့်သတ်မှတ်ရေး အာရှပတ်လည်မြားပစ်ပြိုင်ပွဲ ( Asia Cup World Ranking Tournament Stage 1,2025 )သို့ ၊Jury တာဝန်ထမ်းဆောင်ရန်နှင့် ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် 2025 SEAAF Council Meeting သို့ တက်ရောက်ရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ နှင့် အရှေ့တောင်အာရှမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်ဦး ၊မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ၊ အရှေ့တောင်အာရှမြားပစ်အဖွဲ့ချုပ် ဘဏ္ဍာရေးမှူး ဦးတောက်ထွန်း နှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူးဦးသူရစိုးတို့သည် ယနေ့နံနက် (၇:၂၅)နာရီအချိန်၌ လေယာဉ်အမှတ် UB _ 019ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာသွားရာ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။
