အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

နပန်း နည်းပြ/ဒိုင်လူကြီး (Coaching Course Level -1) သင်တန်းဖွင့်ပွဲကျင်းပ

Loading

နပန်း နည်းပြ/ဒိုင်လူကြီး (Coaching Course Level -1) သင်တန်းဖွင့်ပွဲကျင်းပ ရန်ကုန် ၊ မတ် ၉ မြန်မာနိုင်ငံနပန်းအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာ‌စေရေးကို အထောက်အကူပြုဆောင်ရွက်နိုင်မည့် နည်းပြ/ဒိုင်လူကြီးကောင်းများ တိုးပွားလာစေရန် အချိန်နှင့်တစ်ပြေးညီ တိုးတက်ပြောင်းလဲလျက်ရှိသည့် နပန်းနည်းစနစ်များကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့တွင် အလျင်အမြန် သိရှိနားလည်စေပြီး နိုင်ငံတကာအဆင့် နည်းပြ/ဒိုင်လူကြီးများ ပေါ်ပေါက်လာပြီး နပန်းအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် နပန်း နည်းပြ/ဒိုင်လူကြီး (Coaching Course Level -1) သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ(၉)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ် ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ရုံးဟောင်းခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီး နပန်းဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးနိုင်မြင့်ဦး ၊ […]

၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲနှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲနှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲနှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ် (၁၄ : ၀၀) နာရီအချိန်တွင်ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် နှင့် တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသော မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်(၂၇)ဖွဲ့မှ ဥက္ကဋ္ဌများ ၊ ဒုတိယဥက္ကဋ္ဌများ ၊ အတွင်းရေးမှူးများ နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် […]

ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာတွင် “လူငယ်တို့ထိန်းသိမ်းသွားရမည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ယဉ်ကျေးမှုအမွေအနှစ်များ” စာပေစကားဝိုင်း ကျင်းပ

Loading

ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာတွင် “လူငယ်တို့ထိန်းသိမ်းသွားရမည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ယဉ်ကျေးမှုအမွေအနှစ်များ” စာပေစကားဝိုင်း ကျင်းပ ၂၀၂၆ ဖေဖေါ်ဝါရီ ၁၉ ရက် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာဦးစီးဌာနနှင့် ပဲခူးမြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် “လူငယ်တို့ထိန်းသိမ်းသွားရမည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ယဉ်ကျေးမှုအမွေအနှစ်များ” စာပေစကားဝိုင်း ကို ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာတွေ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။ ပထမဦးစွာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ကာ လူမှုရေးရာဝန်ကြီးမှ လူငယ် များသည် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ပြီး နိုင်ငံတော်၏ တာဝန်များကို လက်ဆင့်ကမ်း ပုခုံးပြောင်းတာဝန်ယူကြမည့်သူများ ဖြစ်သည့်အတွက် လူငယ်အားလုံးသည် နိုင်ငံ‌တော်အတွက် အဓိကအင်အားဖြစ်ကြောင်း၊ လူငယ်များ၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် စိတ်ဓါတ်များ မြင့်မားလာပြီး ဆင်ခြင်တုံတရားနှင့် မှန်ကန်စွာ တွေးခေါ်မြော်မြင်လာနိုင်သည်နှင့်အမျှ နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းကို ကောင်းသထက်ကောင်းအောင် […]

တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အမျိုးသား၊အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပ

Loading

တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အမျိုးသား၊အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပ ရန်ကုန် ၊ ဖေဖေါ်ဝါရီ ၁၄ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် 5×5 အလွတ်တန်း အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲနှင့် 3×3 (U-16 / U-20) အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ညနေပိုင်းက ဗဟန်းမြို့နယ် ၊ ကျိုက္ကဆံဘတ်စကက်ဘောအားကစားရုံ၌ကျင်းပသည်။ ဗိုလ်လုပွဲ ပြိုင်ပွဲများအပြီးတွင် 3×3 (U-16) အမျိုးသမီးပြိုင်ပွဲ၌ ပထမဆုရ ဆင်ဖြူကျွန်းအသင်း ၊ ဒုတိယဆုရ ABYSS(B)အသင်း နှင့် တတိယဆုရ BLage အသင်းတို့အားလည်ကောင်း ၊ 3×3 (U-16)အမျိုးသားပြိုင်ပွဲ၌ ပထမဆုရ Chasing D(1)အသင်း ၊ ဒုတိယဆုရ Change […]

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

Loading

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ ၂၀၂၆ ခုနှစ် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၀၉:၀၀ နာရီအချိန်တွင် ပြည်နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ ပြည်နယ်ပိုက်ကျော်ခြင်းဆပ်ကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်စားပွဲတင်တင်းနစ်ဆပ်ကော်မတီ ဥက္ကဋ္ဌ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးခဲ့ပါသည်။ အမျိုးသားပိုက်ကျော်ခြင်း(၂)ဦးတွဲ ဗိုလ်လုပွဲစဉ်အဖြစ် Zay Zay အသင်းနှင့် T-Khine […]

၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်

Loading

၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ် ဘားအံ၊ ဖေဖော်ဝါရီ ၉ ကရင်ပြည်နယ် ဘားအံမြို့ လူငယ်စင်တာတွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား စစ်တုရင်ပြိုင်ပွဲ အား ၈-၂-၂၀၂၆ ရက် နံနက် ၀၉၀၀ နာရီချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အားကစားသမားများ ပါဝင်တက်ရောက်ခဲ့ပါသည်။ အခမ်းအနားအား ပြည်နယ်လူမှုရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြား၍ စစ်တုရင်ကစားရုပ်အား အကွက်ရွှေ့ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲတွင် သတ်မှတ်ထားသည့် အတန်းလိုက် အားကစားသမား ၆၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြသူများအား ၉-၂-၂၀၂၆ ရက်နေ့ နေလည် ၁၅:၀၀ နာရီချိန်တွင် […]

တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အမျိုးသား၊အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲများကျင်းပ

Loading

တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အမျိုးသား၊အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲများကျင်းပ ရန်ကုန် ၊ ဖေဖေါ်ဝါရီ ၇ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် 5×5အလွတ်တန်း အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲနှင့် 3×3 (U-16 / U-20) အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်က ဗဟန်းမြို့နယ် ၊ ကျိုက္ကဆံဘတ်စကက်ဘောအားကစားရုံ၌ကျင်းပသည်။ ဦးစွာ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က အဖွင့်အမှာစကားပြောကြား၍ အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်၀င်းက ပြိုင်ပွဲနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန် (၄)ချက် ရွတ်ဆိုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့သည်။ ယင်းနောက် နဂါးအလှအကအဖွဲ့ ၊ ခြ‌င်္သေ့အလှ အကအဖွဲ့တို့က ဖျော်ဖြေကြပြီး ပထမနေ့ပြိုင်ပွဲများကို တက်ရောက်လာကြသည့် မြန်မာနိုင်ငံဘတ်စကက်‌ဘောအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌများ ၊ အတွင်းရေးမှူးနှင့် […]

ကရင်ပြည်နယ် ဘားအံမြို့၌ လူငယ်ငြိမ်းချမ်းရေးဖိုရမ် – ၂၀၂၆ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကျင်းပ

Loading

ကရင်ပြည်နယ် ဘားအံမြို့၌ လူငယ်ငြိမ်းချမ်းရေးဖိုရမ် – ၂၀၂၆ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကျင်းပ ဘားအံ၊ ဖေဖော်ဝါရီ ၆ ကရင်ပြည်နယ်လူငယ်ရေးရာ ကော်မတီမှ ဦးစီးကျင်းပသည့် လူငယ် ငြိမ်းချမ်းရေးဖိုရမ် -၂၀၂၆ ထပ်ဆင့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နေ့လည် ၁၄၀၀ နာရီ ချိန်တွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။ ဦးစွာ နိုင်ငံတော်အလံကို စုပေါင်း အလေးပြုကြပြီးနောက် ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းသူ ကျောင်းသားများက လူငယ့်အားမာန် တိုင်းပြည်အဖိုးတန် သီချင်းဖြင့် ဂုဏ်ပြု သီဆိုဖျော်ဖြေခဲ့ကြပါသည်။ ထို့နောက် ကရင်ပြည်နယ်လူငယ်ရေးရာ ကော်မတီ ဒုတိယဥက္ကဌ ကရင်ပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က အမှာစကားပြောကြားရာတွင် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ မှာ ပါဝင် တက်ရောက်ခဲ့ကြတဲ့ လူငယ် ကိုယ်စားလှယ်တွေရဲ့ အသံတွေ၊ […]

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum-2026)ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော မွန်ပြည်နယ် လူငယ်ကိုယ်စားလှယ်များ၏ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ

Loading

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum-2026)ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော မွန်ပြည်နယ် လူငယ်ကိုယ်စားလှယ်များ၏ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ မော်လမြိုင်၊ ဖေဖော်ဝါရီ ၄ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တက်ရောက်ခဲ့သော မွန်ပြည်နယ် လူငယ်ကိုယ်စားလှယ်များ၏ အတွေ့အကြံရှင်းလင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၄)ရက်နေ့ (၉)နာရီအချိန် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ အပိုင်း(၂)ပိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦး‌အောင်ကြည်သိန်း ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ် ဥပဒေချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲ များ၊ ပြည်နယ်လူငယ်ရေးရာအထောက်အကူပြု ကော်မတီဝင်များ ၊ မွန်ပြည်နယ်လူငယ် ကိုယ်စားလှယ်အဖွဲ့များ ၊ တက္ကသိုလ် ၊ ပညာရေးဒီဂရီကောလိပ်နှင့် […]

အောင်ပွဲရမြန်မာမသန်စွမ်းအားကစားအသင်းမှ အားကစားသမားများအား ကမ္ဘောဇဘဏ် နာယကနှင့်ဝန်ထမ်းမိသားစုမှ ပေးပို့လှူဒါန်းသည့် ထိုင်းဘတ်ငွေများအား ဒွန်မောင်းလေဆိပ်၌ ချီးမြှင့်ပေးအပ်

Loading

အောင်ပွဲရမြန်မာမသန်စွမ်းအားကစားအသင်းမှ အားကစားသမားများအား ကမ္ဘောဇဘဏ် နာယကနှင့်ဝန်ထမ်းမိသားစုမှ ပေးပို့လှူဒါန်းသည့် ထိုင်းဘတ်ငွေများအား ဒွန်မောင်းလေဆိပ်၌ ချီးမြှင့်ပေးအပ် ရန်ကုန်၊ ဇန်နဝါရီ ၂၇ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် နာခွန်ရစ်ချာဆီးမားမြို့တို့၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံမှ အားကစားနည်း (၁၁)နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာမသန်စွမ်း အားကစား အဖွဲ့အနေဖြင့် ရွှေတံဆိပ်ဆု(၂၀)ခု၊ ငွေတံဆိပ်ဆု(၁၉)ခု၊ ကြေးတံဆိပ်ဆု(၂၀)ခု၊ စုစုပေါင်းဆုတံဆိပ် (၅၉)ခုတို့ကို ဆွတ်ခူးရယူပေးခဲ့သည့်နိုင်ငံကိုယ်စားပြု အားကစားသမားများအတွက် လှိုက်လှဲဂုဏ်ယူစွာ ချီးမြှင့်ခြင်းအနေဖြင့် ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းနှင့် ကမ္ဘောဇဘဏ် ဝန်ထမ်းမိသားစုများမှ မသန်စွမ်းအားကစားပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုတစ်ခုစီအတွက် ( တစ်ဦးချင်း/ အသင်းလိုက်) ထိုင်းဘတ် ၁ သိန်းစီအား […]