အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

၂၀၂၆ ခုနှစ် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၀၉:၀၀ နာရီအချိန်တွင် ပြည်နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ ပြည်နယ်ပိုက်ကျော်ခြင်းဆပ်ကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်စားပွဲတင်တင်းနစ်ဆပ်ကော်မတီ ဥက္ကဋ္ဌ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးခဲ့ပါသည်။

အမျိုးသားပိုက်ကျော်ခြင်း(၂)ဦးတွဲ ဗိုလ်လုပွဲစဉ်အဖြစ် Zay Zay အသင်းနှင့် T-Khine အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ T-Khine အသင်းမှ (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။ ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့ရာ ပိုက်ကျော်ခြင်းအကောင်းဆုံး ရိုက်ခုတ်ဆုကို T-Khine အသင်းမှ မောင်ဆန်းဝင်းနှင့် ပင့်ထောင်အကောင်းဆုံးဆုရရှိသည့် မောင်အောင်အောင်ဟိန်း အား ပိုက်ကျော်ခြင်းဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းဦးမှလည်းကောင်း ၊ တစ်ဦးချင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တတိယဆုရရှိသော မောင်စိုးဝင်းခန့်အား ပြည်နယ်စားပွဲတင်တင်းနစ် ဆပ်ကော်မတီဥက္ကဌ ဦးသင်းမောင်စိုး မှ ဆုတံဆိပ်နှင့် ငွေသားကျပ် (၅)သောင်းဖြင့်လည်းကောင်း ၊ (၂)ယောက်တွဲ စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တတိယဆုရရှိသော မောင်ခန့်ဘုန်းမြတ်နှင့် မောင်ဉာဏ်စိုးအား မွန်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်လင်းထွေးမှ ဆုတံဆိပ်နှင့် ငွေသားကျပ် (၅)သောင်း ဖြင့်လည်းကောင်း ၊ ပိုက်ကျော်ခြင်း တတိယဆုရရှိသော ဘောစိ-၁ အသင်းအား ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်မှ ဆုတံဆိပ်နှင့် ငွေသားဆု ကျပ် (၁)သိန်း (၅)သောင်းဖြင့်လည်းကောင်း ၊ တစ်ဦးချင်းစားပွဲတင်တင်းနစ်ပြိုင်ပွဲ တွင် ဒုတိယဆုရရှိသော မောင်ကျော်ဇင်မင်းအား မွန်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်မှ ဆုတံဆိပ်နှင့် ငွေသားဆု ကျပ် (၇)သောင်းဖြင့်လည်းကောင်း ၊ (၂)ယောက်တွဲ စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော မောင်စိုင်းဝဏ္ဏထွန်း နှင့် မောင်ကျော်မင်းစံ အား မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းမှ ဆုတံဆိပ်နှင့် ငွေသားဆု ကျပ်(၇)သောင်းဖြင့် လည်းကောင်း ၊ ပိုက်ကျော်ခြင်း ဒုတိယဆုရရှိသော Zay Zay အသင်းအား မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်မှ ဆုတံဆိပ်နှင့် ငွေသားဆု ကျပ် (၂)သိန်းဖြင့် လည်းကောင်း ၊ တစ်ဦးချင်းစားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်မျိုးဝင်းကျော်အား မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနျင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်မှ ဆုတံဆိပ် ၊ ငွေသားဆု ကျပ် (၁)သိန်းနှင့် ဆုဖလားဖြင့်လည်းကောင်း ၊ (၂)ယောက်တွဲ စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်မျိုးဝင်းကျော်နှင့် မောင်မင်းဆွေအား မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေးအား ဆုတံဆိပ် ၊ ငွေသားဆု ကျပ် (၁)သိန်းနှင့် ဆုဖလားဖြင့်လည်းကောင်း ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော T-Khine အသင်းအား မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ ဆုတံဆိပ် ၊ ငွေသားဆု ကျပ် (၃)သိန်းနှင့် ဆုဖလားအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါသည်။