အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အမျိုးသား၊အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် ၊ ဖေဖေါ်ဝါရီ ၁၄

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် 5×5 အလွတ်တန်း အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲနှင့် 3×3 (U-16 / U-20) အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ညနေပိုင်းက ဗဟန်းမြို့နယ် ၊ ကျိုက္ကဆံဘတ်စကက်ဘောအားကစားရုံ၌ကျင်းပသည်။

ဗိုလ်လုပွဲ ပြိုင်ပွဲများအပြီးတွင် 3×3 (U-16) အမျိုးသမီးပြိုင်ပွဲ၌ ပထမဆုရ ဆင်ဖြူကျွန်းအသင်း ၊ ဒုတိယဆုရ ABYSS(B)အသင်း နှင့် တတိယဆုရ BLage အသင်းတို့အားလည်ကောင်း ၊ 3×3 (U-16)အမျိုးသားပြိုင်ပွဲ၌ ပထမဆုရ Chasing D(1)အသင်း ၊ ဒုတိယဆုရ Change D(2)အသင်း နှင့် တတိယဆုရ M5 ACADEMY အသင်းတို့အား လည်ကောင်း ၊ 3,×3 (U-20) အမျိုးသမီးပြိုင်ပွဲ၌ ပထမဆုရ M5 ACADEMY အသင်း ၊ ဒုတိယဆုရ ABYSS အသင်း နှင့် တတိယဆုရ TGZအသင်းတို့အား လည်ကောင်း ၊ 3×3 (U-20) အမျိုးသားပြိုင်ပွဲ၌ ပထမဆုရ M5 ACADEMY အသင်း ၊ ဒုတိယဆုရ GIWU အသင်းနှင့် တတိယဆုရ Chasing Dream အသင်းတို့အား မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ အမှုဆောင်များ နှင့်တာဝန်ရှိပုဂ္ဂိုလ်များ က ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ပြီး ၊ 3×3 (U-16) အကောင်းဆုံးအမျိုးသမီးကစားသမားဆုကို ကျောနံပါတ် ၈ ဒါလီဝင့် ၊ အကောင်းဆုံးအမျိုးသား ကစားသမားဆုကို ကျောနံပါတ် ၇ ဘုန်းထက်ပိုင် ၊ 3×3 (U-20) အကောင်းဆုံးအမျိုးသမီး ကစားသမားဆုကို ကျောနံပါတ် ၁၇ သွန်းမြင့်မြင့်ပို ၊ အကောင်းဆုံးအမျိုးသား ကစားသမားဆုကို ကျောနံပါတ် ၂၂ နေလင်းထွန်း ၊ 5×5 အကောင်းဆုံး အမျိုးသမီးကစားသမားဆုကို ကျောနံပါတ် ၂၄ ရတနာဦး ၊ အကောင်းဆုံး အမျိုးသား ကစားသမားဆုကို ကျောနံပါတ် ၂၁ သန့်ဇော်တို့အားလည်ကောင်း ၊ 5×5 အမျိုးသမီးအလွတ်တန်းပြိုင်ပွဲတွင် ပထမဆုရ MOHA အသင်း ၊ ဒုတိယဆုရ တောင်ကြီးအသင်း နှင့် တတိယဆုရ Power အသင်းတို့အားလည်ကောင်း ၊ အမျိုးသား အလွတ်တန်းပြိုင်ပွဲတွင် ပထမဆုရ MOHA အသင်း ၊ ဒုတိယဆုရ Sampar Oo အသင်းနှင့် တတိယဆုရ Z&D အသင်းတို့အား မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ ၊ တွဲဖက်အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

အဆိုပါပြိုင်ပွဲ 5×5 အမျိုးသားအလွတ်တန်းပြိုင်ပွဲတွင် ပထမ သိန်း ၅၀ ၊ ဒုတိယ သိန်း ၃၀ ၊ တတိယ သိန်း ၂၀ နှင့် အမျိုးသမီးအလွတ်တန်းပြိုင်ပွဲတွင် ပထမ ၁၅ သိန်း ၊ ဒုတိယ ၁၀ သိန်း နှင့် တတိယ ၅ သိန်း တို့ကိုလည်ကောင်း ၊ 3×3 U-20 အမျိုးသားပြိုင်ပွဲတွင် ပထမ သိန်း ၂၀ ၊ ဒုတိယ ၁၅ သိန်း ၊ တတိယ ၁၀ သိန်း နှင့် အမျိုးသမီးပြိုင်ပွဲတွင် ပထမ ၁၀ သိန်း ၊ ဒုတိယ ၇ သိန်း နှင့် တတိယ ၅ သိန်းတို့ကို လည်ကောင်း ၊ 3×3 U-16 အမျိုးသားပြိုင်ပွဲတွင် ပထမ ၁၀ သိန်း ၊ ဒုတိယ ၇ သိန်း ၊ တတိယ ၅ သိန်းနှင့် အမျိုးသမီး ပြိုင်ပွဲတွင် ပထမ ၈သိန်း ၊ ဒုတိယ ၅သိန်း နှင့် တတိယ ၃သိန်း တို့ကို လည်ကောင်း ၊ 5×5 အမျိုးသားအလွတ်တန်း အကောင်းဆုံးကစားသမားဆုကို ငွေကျပ် ၃သိန်း ၊ အမျိုးသမီး အလွတ်တန်း အကောင်းဆုံး ကစားသမားဆုကို ငွေကျပ် ၂ သိန်း ၊ 3×3 U-20 အမျိုးသား အကောင်းဆုံး ကစားသမားဆုကို ငွေကျပ် ၂ သိန်း ၊ အမျိုးသမီး အကောင်းဆုံး ကစားသမားဆုကို ငွေကျပ် ၁သိန်း နှင့် U-16 အမျိုးသား အကောင်းဆုံး ကစားသမားဆုကို ငွေကျပ် ၁သိန်း၅သောင်း နှင့် အမျိုးသမီး အကောင်းဆုံး ကစားသမားဆုကို ငွေကျပ် ၁သိန်းစီ ဆုတံဆိပ်နှင့်အတူ ဆုဖလားများ ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရှိရပါသည်။