၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ဆက်လက်ကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ဆက်လက်ကျင်းပ နေပြည်တော်၊ စက်တင်ဘာလ(၁၃)ရက်။ အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ဒုတိယနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက်ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသမီး (၄၉)ကီလိုပြိုင်ပွဲတွင် မနော်အယ်ကညောဂျော့(ဧရာဝတီ)က ပထမ၊ မထက်ထက်ထွေး (စစ်ကိုင်း)က ဒုတိယ၊ မမာမာထွေး (မန္တလေး)က တတိယနှင့် အမျိုးသား(၆၁)ကီလိုပြိုင်ပွဲတွင် မောင်မြတ်ကျော်သူ (ဧရာဝတီ)က ပထမ၊ မောင်ဝေလွင်ဖြိုး (မန္တလေး)က ဒုတိယနှင့် မောင်အောင်နိုင်လင်း(ရန်ကုန်)က တတိယ၊ အမျိုးသမီး(၅၅ )ကီလိုပြိုင်ပွဲတွင် မသက်မွန်မြင့် (မကွေး)က ပထမ၊ မအေးစန္ဒာ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာ (၁၃)။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့၊ မွန်းလွဲ(၁:၀၀)အချိန်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးနေဝင်း ဦးဆောင်၍ ဌာနခွဲ(၄)ခုတို့မှ အရာထမ်း/အမှုထမ်းများနှင့် ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး (AMMY)နှင့် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (SOMY)တို့အတွက် လိုအပ်သည့် ကုန်ကျစရိတ်များအား သတင်းပြန်ကြားရေးနှင့်နိုင်ငံတကာဆက်ဆံရေးဌာနခွဲနှင့် စီမံဘဏ္ဍာဌာနခွဲတို့မှ အသေးစိတ်ကြိုတင်တွက်ချက်ပြင်ဆင်ထားရှိရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာနသို့ အကြောင်းကြားပေးပို့လာခဲ့သည့် ပညာတော်သင်လျှောက်ထားမှုများကိုသာမက မိမိအစီအစဉ်ဖြင့် ပညာတော်သင်များလျှောက်ထားမည်ဆိုပါက မိမိတို့သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံများမှတဆင့် ကြိုတင်အသိပေးအကြောင်းကြားထားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဌာနအနေဖြင့် လုပ်ငန်းများကိုဆောင်ရွက်ရာတွင် […]
လက်ရွေးစင် မြားပစ်အားကစား သမားများနှင့် လူငယ်မျိုးဆက်သစ် မြားပစ် အားကစားသမားများအား ပြိုင်ပွဲပုံစံဆန်းစစ်မှုပြုလုပ်
![]()
လက်ရွေးစင် မြားပစ်အားကစား သမားများနှင့် လူငယ်မျိုးဆက်သစ် မြားပစ် အားကစားသမားများအား ပြိုင်ပွဲပုံစံဆန်းစစ်မှုပြုလုပ် နေပြည်တော်၊ စက်တင်ဘာလ(၁၃)။ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)မှ လက်ရွေးစင် မြားပစ်အားကစား သမားများနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ လူငယ်မျိုးဆက်သစ် မြားပစ် အားကစားသမားများအား ပြိုင်ပွဲပုံစံဆန်းစစ်မှုပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်ပိုင်းတွင် မြား(၃၆)ချောင်း (၂)ကြိမ်၊ မြား(၇၂)ချောင်း (Ranking Round) ပစ်ခတ်ခဲ့ကြပြီးနောက် ညနေပိုင်းတွင် ရှုံးထွက်ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး (Recurve & Compound) မီတာ(၇၀/၅၀)ကွာတားဖိုင်နယ်ပွဲစဉ်များနှင့် အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ပစ်ခတ်ခဲ့ကြသည်။ (၁၄.၉.၂၀၂၃)ရက်နေ့၊ နံနက်(၈)နာရီတွင် အမျိုးသား/အမျိုးသမီး (Recurve & Compound) မီတာ (၇၀/၅၀) တတိယလုပွဲနှင့် […]
၂၀၂၃ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ရရှိခဲ့သည့် ရှမ်းပြည်နယ်အမျိုးသမီးအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
![]()
၂၀၂၃ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ရရှိခဲ့သည့် ရှမ်းပြည်နယ်အမျိုးသမီးအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ စက်တင်ဘာလ(၁၃)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်မှ ၂၀၂၃ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သော ရှမ်းပြည်နယ်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို (၁၁.၉.၂၀၂၃)ရက်နေ့ ညနေ (၁၈:၃၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရကာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ပြည်နယ် /ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ […]
၂၀၂၃ ခုနှစ် ၊ မြို့နယ်အလိုက် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ လူရွေးချယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
![]()
၂၀၂၃ ခုနှစ် ၊ မြို့နယ်အလိုက် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ လူရွေးချယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ တောင်ကြီး၊ စက်တင်ဘာ ၁၂။ မြန်မာ့လက်ဝှေ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲကို (၂၆.၉.၂၀၂၃)ရက်နေ့မှ (၃.၁၀.၂၀၂၃)ရက်နေ့ထိ နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းမှ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုရရှိနိုင်ရေးတို့အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မြို့နယ်အလိုက် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ လူရွေးချယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၁၂.၉.၂၀၂၃ ရက်နေ့ ညနေ(၁၄း၃၀) နာရီအချိန်တွင် ပြည်နယ်လက်ဝှေ့အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ကျင်းပ နေပြည်တော်၊ စက်တင်ဘာလ(၁၂)ရက်။ အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ စတင်ကျင်းပခဲ့သည်။ ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ပထမနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက်ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသမီး(၄၅)ကီလိုတန်းပြိုင်ပွဲတွင် မယဉ်ယဉ်ထွေး(ပဲခူး)က ပထမ၊ မချိုဇင်မြင့်(မကွေး)က ဒုတိယ၊ မခိုင်သဇင်အောင်(ဧရာဝတီ)က တတိယနှင့် အမျိုးသား(၅၅)ကီလိုပြိုင်ပွဲတွင် မောင်ထက်အာကာဖြိုး (မကွေး)က ပထမ၊ မောင်ပြည့်စုံဦး(ဧရာဝတီ)က ဒုတိယနှင့် မောင်မျိုးမင်းထက်(ဧရာဝတီ)က တတိယ အသီးသီးရရှိခဲ့ကြပြီး မောင်ထက်အာကာဖြိုး(မကွေး)သည် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲသတ်မှတ်စံချိန် (၉၅)ကီလိုကို (၉၆)ကီလိုဖြင့် အမြန်မစံချိန်သစ် တင်နိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး […]
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်
![]()
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ် ပဲခူး၊ စက်တင်ဘာလ(၁၁)ရက်။ ပဲခူးတက္ကသိုလ်၊ စုဝေးခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်း ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံ၏ အနာဂတ်ကို ဆက်လက်တာဝန်ယူသွားမည့် လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး လူငယ်များကလည်း အသိပညာဗဟုသုတပြည့်စုံစေရန်၊ အမှား/အမှန် ကောင်းကျိုးဆိုးပြစ်များကို ဝေဖန်ပိုင်းခြားနိုင်ရန်နှင့် နောင်တစ်ချိန် နိုင်ငံ့တာဝန်များကို ထမ်းဆောင်သည့်အခါ ရဲရင့်ယုံကြည်စွာဖြင့် အများအကျိုးသယ်ပိုးထမ်းဆောင်နိုင်သော တိုင်းပြည်ကအားထားရသော သားကောင်းသမီးမွန်များဖြစ်စေရန် ကြိုးစားကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က “တိုင်းပြည်အနာဂတ်အတွက် လူငယ်များ၏ အရေးပါမှုအခန်းကဏ္ဍ”နှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ စက်တင်ဘာ(၁၁)။ အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ (Gold Medal Hall)၌ ကျင်းပသည်။ အစည်းအဝေး၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ အလေးမအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ထူးချွန်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ပြည်နယ်နှင့်တိုင်း ဒေသကြီးအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်ပြိုင်ပွဲတွင် ကယားပြည်နယ်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိပါကြောင်း၊ အလေးမအားကစားနည်းသည် ရွှေတံဆိပ်ဆုရရှိသည့် အားကစားနည်းတစ်ခုဖြစ်ပြီး အိုလံပစ်အားကစားနည်းတွင်ပါဝင်သည့် အားကစားနည်းတစ်ခုလည်းဖြစ်ပါကြောင်း၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင် အားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြား
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင် အားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ စက်တင်ဘာ(၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားအား ယနေ့ နံနက် (၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြားရာတွင် 32nd SEA Games ပြိုင်ပွဲအပြီး 33rd SEA Games ပြိုင်ပွဲကျင်းပရန် လိုနေသေးသည့် အချိန်ကာလတွင် အားကစားနည်းအလိုက် အသင်းအုပ်ချုပ်သူများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ် လျော့နည်းလာသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အားကစားနည်း အောင်မြင်မှုရရှိစေရေးအတွက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ အချင်းချင်းပူးပေါင်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားဖြင့် […]
(၅၅)ကြိမ်မြောက်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်အောင်ပွဲရ မြန်မာ့ကာယဗလအားကစားအဖွဲ့အား ရန်ကုန်လေဆိပ်၌ ပြည်သူများသောင်းသောင်းဖျဖျကြိုဆို
![]()
(၅၅)ကြိမ်မြောက်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်အောင်ပွဲရ မြန်မာ့ကာယဗလအားကစားအဖွဲ့အား ရန်ကုန်လေဆိပ်၌ ပြည်သူများသောင်းသောင်းဖျဖျကြိုဆို ရန်ကုန်၊ စက်တင်ဘာလ (၈) ရက်။ နီပေါနိုင်ငံ ခတ္တမန္ဒူ မြို့၌ စက်တင်ဘာ(၁)ရက်နေ့မှ (၇) ရက်နေ့အထိကျင်းပပြီးစီးခဲ့သည့် (၅၅)ကြိမ်မြောက် အာရှကာယဗလ နှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ (ဒုတိယမြို့တော်ဝန်)ဦးညီညီ ဦးဆောင်၍ အုပ်ချုပ်သူတစ်ဦး ဒိုင်နှစ်ဦး နည်းပြနှစ်ဦးနှင့်အားကစားသမား(၁၀)ဦး ပါဝင်သော အောင်ပွဲရ မြန်မာ့ကာယဗလအားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှုး ဦးညွန့်ဖေနှင့်ကော်မတီဝင် များ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှု ဦးအောင်နိုင်ဆွေနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံခိုင်မှု အားကစားအဖွဲ့ချုပ်မှတာဝန်ရှိသူများ အား/ကာသိပ္ပံ(ရန်ကုန်) ကျောင်းမှကျောင်းသား/ကျောင်းသူများ မိဘဆွေမျိုးမိတ်သဂ်ဟများပြည်သူများက အိုးစည်ဒိုးပတ်အကများဖြင့် သောင်းသောင်းဖျဖျကြိုဆိုကြသည်။ အဆိုပါ အောင်ပွဲရမြန်မာ့ကာယဗလအားကစားအဖွဲ့တွင် Men’s […]