အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ် ၊ မြို့နယ်အလိုက် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ လူရွေးချယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

တောင်ကြီး၊ စက်တင်ဘာ ၁၂။

မြန်မာ့လက်ဝှေ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲကို (၂၆.၉.၂၀၂၃)ရက်နေ့မှ (၃.၁၀.၂၀၂၃)ရက်နေ့ထိ နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းမှ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုရရှိနိုင်ရေးတို့အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မြို့နယ်အလိုက် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ လူရွေးချယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၁၂.၉.၂၀၂၃ ရက်နေ့ ညနေ(၁၄း၃၀) နာရီအချိန်တွင် ပြည်နယ်လက်ဝှေ့အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ၊ အုပ်ချုပ်သူ/နည်းပြများ၊ ပြိုင်ပွဲဝင်ဆုရအားကစားသမားများနှင့် တောင်ကြီးမြို့ပေါ်ရှိ လက်ဝှေ့အားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြပါသည်။

ဆက်လက်ပြီး ဆုချီးမြှင့်အခမ်းအနားကိုဆက်လက်ကျင်းပရာ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်အတွင်းရှိ ပြိုင်ပွဲဝင် မြို့နယ်များမှ အားကစားသမားအင်အား စုစုပေါင်း (၅၆)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကို (၉.၈.၂၀၂၃)ရက်နေ့မှ(၁၂.၉.၂၀၂၃)ရက်နေ့အထိ ပြည်နယ်လက်ဝှေ့အားကစားရုံ၌ ကျင်းပပြုလုပ်သွားကြောင်း သိရှိခဲ့ရပါသည်။