တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ ဇွန်လ(၂၅)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက သုဝဏ္ဏ(၄)ထပ်ဆောင်ရှိစားရိပ်သာ၌ ကျင်းပရာ အားကစား နှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက်ကြသည်။ ဦးစွာအားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာ စကားပြောကြားရာတွင် မြန်မာ့အားကစားအောင်နိုင်ရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ်တိုက်ကွမ်ဒို အားကစားသမားများ ပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြတဲ့ တိုက်ကွမ်ဒို အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေးနှင့် တိုက်ကွမ်ဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် […]
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဂျူဒိုပြိုင်ပွဲ ကျင်းပ

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဂျူဒိုပြိုင်ပွဲ ကျင်းပ နေပြည်တော်၊ ဇွန် ၂၅ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေးအတွက် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အမှာစကားပြောကြားရာတွင် လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံရှိ Bangkok , Chonburi နှင့် Songkhla မြို့များတွင် အားကစားနည်း(၅၃)နည်းအားခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် အားကစားနည်း (၄၀)နည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် လေ့ကျင့်ပြင်ဆင် […]
၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် ကလပ်ပေါင်းစုံ မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် ကလပ်ပေါင်းစုံ မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲကျင်းပ ရန်ကုန်၊ ဇွန်လ (၂၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့၏ ဦးဆောင်မှုဖြင့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မျိုးဆက်သစ် မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲကို (၂၁-၆-၂၀၂၅) ရက်နေ့၊ (၂၂-၆-၂၀၂၅) ရက်နေ့များတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ မြန်မာ့သိုင်းလေ့ကျင့်ရေး သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်အသင်း (၁၅)သင်းမှ အုပ်ချုပ်၊ နည်းပြ၊ ကစားသမား၊ စုစုပေါင်း(၁၇၅)ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲကို အသက်(၁၀)နှစ်မှ (၁၆)နှစ် အတွင်း မျိုးဆက်သစ်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် ဗန်တိုအတိုက် ကျား(၅)တန်း၊ မ(၄)တန်း၊ တစ်ကိုယ်တော်စွမ်းရည်ပြ (လက်/ဓါး ၁)နှင့် အခြေခံဗန်တို (၆၃) ကျား/မ ပြိုင်ပွဲများကို ထည့်သွင်းကျင်းပခဲ့ပြီး ရွှေ(၁၅)၊ ငွေ(၁၅)၊ […]
အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဟော်ကီ၊ နပန်း၊ E.Sports အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဟော်ကီ၊ နပန်း၊ E.Sports အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ရန်ကုန်၊ ဇွန်လ(၂၃)ရက်။ ၁၈၉၄ခုနှစ် ၊ ဇွန်လ (၁၆)ရက်နေ့မှ (၂၃)ရက်နေ့အထိ ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့ SORBONNE တက္ကသိုလ်၌ ကျင်းပခဲ့သော အပျော်တမ်းဆိုင်ရာ အားကစားလေ့လာချက် ကွန်ဂရက်၏ ဆုံးဖြတ်ချက်အရ ၁၈၉၄ ခုနှစ် ၊ ဇွန်လ (၂၃)ရက် နေ့တွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) ကို ဖွဲ့စည်းနိုင်ခဲ့ပြီး အဆိုပါအပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ စတင် ဖွဲ့စည်းသည့်ဇွန်လ (၂၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ဟုသတ်မှတ်၍ နှစ်စဉ် ကမ္ဘာတစ်ဝန်းတွင်းရှိသည့် အမျိုးသားအိုလံပစ်ကော်မတီ (National Olympic Committee )များက ဦးစီးပြီး အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုများကို ကျင်းပကြသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် […]
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် မြားပစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားနှင့် စခန်းဝင်အားကစားသမားများအတွက် Sports Nutrition အာဟာရပိုင်းဆိုင်ရာနှင့် စပ်လျဉ်းသည့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် မြားပစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားနှင့် စခန်းဝင်အားကစားသမားများအတွက် Sports Nutrition အာဟာရပိုင်းဆိုင်ရာနှင့် စပ်လျဉ်းသည့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇွန် ၂၃ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် မြားပစ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ်(အမျိုးသား/အမျိုးသမီး) Recurve နှင့် Compound တစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲ ပွဲစဉ်များကို […]
၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် စုပေါင်းစက်ဘီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် စုပေါင်းစက်ဘီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ တောင်ကြီး၊ ဇွန် ၂၃ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်ခွင့်ပြုလမ်းညွှန်မှုများနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်စက်ဘီးဆပ်ကော်မတီနှင့် AIA Myanmar အာမခံလုပ်ငန်းကုမ္ပဏီမှ အဓိကကူညီပံ့ပိုးပြီး ရှမ်းပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ( SSYEA )တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲ အခမ်းအနားအား (၂၃.၆.၂၀၂၅)ရက်နေ့ နံနက် (၀၆း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ကျောက်တိုင်အားကစားကွင်းမှ နေ၍စုရုံးတာလွှတ်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိခဲ့ရပါသည်။ အခမှးအနားတှငှ ရှမှးပှညနှယအှစိုးရအဖှဲ့ ပှညနှယစှီးပှားရေးရာဝနကှှီး ဦးခှနသှိနှးမောငနှှင့ှ ပှညနှယလှူမှုရေးရာဝနကှှီး ဦးမငှးမငှးလှငှ တို့ကသနတပှဈေဖောကတှာလှှတပှေးခဲ့ကာ ပှညနှယတှိုငှးရငှးသားရေးရာဝနကှှီး ဦးအောငကှှညဝှငှး၊ ပှညနှယှဥပဒခှေုပှ ဦးစိုငှးကှောဇှံ၊ ပှညနှယအှတှငှးရေးမှူး ဦးသနှးဆှဝငှေး၊ အားကစားနှင့လှူငယရှေးရာဝနကှှီးဌာန၊ ပှညနှယအှားကစားနှင့ကှာယပညာဦးစီးဌာန ညှှနကှှားရေးမှူး ဦးကှောကှှောသှိနှး၊ တောငကှှီးခရိုငစှီမံအုပခှှုပရှေးအဖှဲ့ ဥကကွဌ ဦးတင့လှှိုငှ၊ ပှညနှယအှားကစားနှင့ကှာယပညာဦးစီးဌာန ဒုတိယညှှနကှှားရေးမှူး […]
အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ကျင်းပ

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ကျင်းပ ရန်ကုန်၊ ဇွန်လ(၂၁)ရက်။ ၁၈၉၄ခုနှစ် ၊ ဇွန်လ (၁၆)ရက်နေ့ မှ (၂၃)ရက်နေ့အထိ ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့ ၊ SORBONNEတက္ကသိုလ်၌ ကျင်းပခဲ့သော အပျော်တမ်းဆိုင်ရာ အားကစားလေ့လာချက် ကွန်ဂရက်၏ ဆုံးဖြတ်ချက်အရ ၁၈၉၄ ခုနှစ် ၊ ဇွန်လ (၂၃)ရက် နေ့တွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) ကို ဖွဲ့စည်းနိုင်ခဲ့ပြီး အဆိုပါ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ စတင် ဖွဲ့စည်းသည့် ဇွန်လ (၂၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ဟု သတ်မှတ်၍ နှစ်စဉ် ကမ္ဘာတစ်ဝန်းတွင်းရှိသည့် အမျိုးသားအိုလံပစ်ကော်မတီ (National Olympic Committee )များက ဦးစီးပြီး အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုများကို ကျင်းပကြသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ […]
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ၂၀၂၅ ခုနှစ် Olympic Day Movement – Nay Pyi Taw Street Day ပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက်

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ၂၀၂၅ ခုနှစ် Olympic Day Movement – Nay Pyi Taw Street Day ပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက် နေပြည်တော်၊ ဇွန် ၂၁ ၂၀၂၅ ခုနှစ် Olympic Day Movement – Nay Pyi Taw Street Day ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ရေပန်းဥယျာဉ်၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ ပြိုင်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံစကိတ်အားကစားအဖွဲ့ချုပ် လက်ရွေးစင် စကိတ်အားကစားသမားများနှင့် BMX အားကစားသမားများမှ သရုပ်ပြစီးနှင်ခဲ့ပြီးနောက် Fixed Gear Bike စက်ဘီး […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ ဇွန် ၂၁ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပီတန်းအားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများနှင့် လူငယ်အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ပဏာမလက်ရွေးစင် အားကစားသမား များနှင့် လူငယ်အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ လက်ဝှေ့လေ့ကျင့်ရေး ရုံတွင် ပဏာမလက်ရွေးစင်လက်ဝှေ့အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း လိုက်လံကြည့်ရှုအားပေးကာ အုပ်ချုပ်သူများနှင့်နည်းပြများအား […]
ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၂ဝ၂၅ခုနှစ်၊ (၁၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အခမ်းအနားသို့ တက်ရောက်ပြီး အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး

ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၂ဝ၂၅ခုနှစ်၊ (၁၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အခမ်းအနားသို့ တက်ရောက်ပြီး အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး ရန်ကုန်၊ ဇွန်လ(၂၁)ရက်။ ၂ဝ၂၅ခုနှစ်၊ (၁၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို ရန်ကုန်မြို့ ၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက် ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. AbhayThakur ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ Emcee, Director, Dr. Ashish Kumarက နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Abhay Thakur က မိန့်ခွန်းပြောကြားပြီးနောက် ယောဂကျင့်စဉ်သမိုင်းကြောင်းအား Video Clip […]