အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအတွက် တက်ဂ်ဘောအားကစားနည်းမှ ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၂ ခု၊ ဂျူဒိုအားကစားနည်းမှ ငွေတံဆိပ် ၁ ခု၊ တိုက်ကွမ်ဒိုအားကစားနည်းမှ ကြေးတံဆိပ် ၄ ခု၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ ကရာတေးအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ အလေးမအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ထပ်မံဆွတ်ခူးရရှိ

ထိုင်း၊ ဒီဇင်ဘာ ၁၃

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်နှင့် ချွန်ဘူရီမြို့ များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် ရေကူး၊ ကရာတေး၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ပန်ကြပ်ဆီလပ်၊ ဝူရှူး၊ ဘိလိယက်နှင့်စနူကာ၊ ဘော်လီဘော၊ ကဘာဒီ၊ ဂျူဒို၊ ဖူဆယ်၊ ဘတ်စကက်ဘော၊ မွေ၊ လက်ဝှေ့၊ ကစ်ဘောင်ဆင်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ E-sports၊ ဂေါက်သီးရိုက်၊ အလေးမ၊ ရွက်လှေ၊ တက်ဂ်ဘော၊ မြင်းစီးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့်အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Rajamangla Auditorium Rajamangla University of Technology Thanyaburi ၌ ကျင်းပလျက်ရှိသည့် ဂျူဒိုအားကစားနည်း အမျိုးသား/အမျိုးသမီး -၈၁၊ -၉၀၊ -၁၀၀၊ -၇၈ နှင့် +၇၈ ကီလိုတန်းပြိုင်ပွဲများတွင် မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုအားလည်းကောင်း၊ Shooting Range, Sports Authority of Thailand, Bangkok ၌ ကျင်းပလျက်ရှိသည့် သေနတ်ပစ်အားကစားနည်း အမျိုးသမီး ၁၀ မီတာရိုင်ဖယ်တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများတွင် မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင် ကစားနေမှုများအားလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့သည်။

မြန်မာအသင်းအနေဖြင့် ရေကူးအားကစားနည်း အမျိုးသား/အမျိုးသမီး မီတာ ၁၀၀ လိပ်ပြာကူး ပြိုင်ပွဲများ၊ ကရာတေးအားကစားနည်း အမျိုးသား/အမျိုးသမီး ၆၁၊ ၇၅၊ ၆၈ ကီလိုအောက်ပြိုင်ပွဲများ၊ သေနတ်ပစ်အားကစားနည်း အမျိုးသမီး ၁၀ မီတာရိုင်ဖယ်တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများ၊ စားပွဲတင်တင်းနစ်အားကစားနည်း အမျိုးသားအသင်းလိုက်ပြိုင်ပွဲများ၊ တိုက်ကွမ်ဒိုအားကစားနည်း အမျိုးသား/အမျိုးသမီး အတိုက် -၅၇၊ -၆၂၊ -၆၃၊ -၇၄ ကီလိုတန်းပြိုင်ပွဲများ၊ ပန်ကြပ်ဆီလပ် အားကစားနည်း အမျိုးသား/အမျိုးသမီး တစ်ဦးချင်း (Tunggal) အပြပြိုင်ပွဲနှင့် အမျိုးသား သုံးယောက်တွဲ အသင်းလိုက် (Regu) အပြပြိုင်ပွဲများ၊ ဝူးရှူးအားကစားနည်း အမျိုးသား/အမျိုးသမီး ချန်းချွမ်၊ ထိုက်ချိချွမ်၊ အတွဲတိုက်(လက်နက်)၊ နန်းချွမ်၊ သောင်းစု၊ အတွဲတိုက်(လက်နက်မဲ့)၊ ဆန်းဆို ၆၅ နှင့် ၇၀ ကီလိုအတိုက်ပြိုင်ပွဲများ၊ ဘိလိယက်နှင့်စနူကာအားကစားနည်း အမျိုးသား စနူကာ အသင်းလိုက်ပြိုင်ပွဲနှင့် ဘိလိယက် အသင်းလိုက်ပြိုင်ပွဲများ၊ ဘော်လီဘောအားကစားနည်း အမျိုးသား/ အမျိုးသမီးပြိုင်ပွဲများ၊ ကဘာဒီအားကစားနည်း အမျိုးသား Standard Style Kabaddi ပြိုင်ပွဲများ၊ ဂျူဒိုအားကစားနည်း အမျိုးသား/အမျိုးသမီး -၈၁၊ -၉၀၊ -၁၀၀၊ -၇၈ နှင့် +၇၈ ကီလိုတန်းပြိုင်ပွဲများ၊ ဖူဆယ် အားကစားနည်း အမျိုးသမီးပြိုင်ပွဲ၊ ဘတ်စကက်ဘော အမျိုးသား ၅ ယောက်တွဲပြိုင်ပွဲ၊ မွေအားကစားနည်း အမျိုးသား/ အမျိုးသမီး ၄၈၊ ၅၄၊ ၆၀ နှင့် ၇၅ ကီလိုတန်းပြိုင်ပွဲများ၊ လက်ဝှေ့အားကစားနည်း အမျိုးသား ၆၉ ကီလိုတန်းပြိုင်ပွဲ၊ ကစ်ဘောင်ဆင်အားကစားနည်း အမျိုးသား/ အမျိုးသမီး -၆၃၊ -၅၀ ကီလိုတန်း Point Fighting ပြိုင်ပွဲ နှင့် -၅၁၊ -၄၈ ကီလိုတန်း Low Kick ပြိုင်ပွဲများ၊ ပိုက်ကျော်ခြင်းအားကစားနည်း အမျိုးသား/အမျိုးသမီး သုံးယောက်တွဲအသင်းလိုက်ပြိုင်ပွဲများ၊ ပြေးခုန်ပစ်အားကစားနည်း အမျိုးသား သံလုံးပစ်ပြိုင်ပွဲနှင့် မီတာ ၈၀၀ ပြိုင်ပွဲများ၊ E-sports အားကစားနည်း အမျိုးသားအသင်းလိုက် (MLBB)ပြိုင်ပွဲနှင့် FC Online Team ပြိုင်ပွဲများ၊ ဂေါက်သီးရိုက်အားကစားနည်း အမျိုးသားတစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများ၊ အလေးမအားကစားနည်း အမျိုးသမီး ၄၈ နှင့် ၅၃ ကီလိုတန်း ပြိုင်ပွဲများ၊ ရွက်လှေအားကစားနည်း အမျိုးသား/အမျိုးသမီး Girl’s Optimist ၊ Men’s IlCA7၊ Boy’s ILCA4၊ Boy’s Optimist ပြိုင်ပွဲများ၊ တက်ဂ်ဘောအားကစားနည်း အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများ၊ မြင်းစီးအားကစားနည်း အမျိုးသား (Dressage Test ၊ Jumping Test ၊ Country Test) တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများတွင် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။