![]()
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ တတိယကြေးတံဆိပ်ဆုရရှိခဲ့သည့် ကနူး/ကယက်အားကစားအဖွဲ့နှင့် အုပ်ချုပ်မှုအဖွဲ့ ပြန်လည်ရောက်ရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ရက်
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကနူး/ကယက်အားကစားအဖွဲ့နှင့် အုပ်ချုပ်မှုအဖွဲ့တို့သည် ယနေ့ည (၆ : ၃၅)နာရီအချိန်တွင် လေယာဉ်အမှတ်8M 363 အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများက လာရောက် ဂုဏ်ပြု ကြိုဆိုကြသည်။
အဆိုပါ ပြန်လည်ရောက်ရှိလာသော မြန်မာကနူး/ကယက် အားကစားအဖွဲ့တွင် အမျိုးသမီး ကယက်တစ်ယောက်လှော် ကြေးတံဆိပ်ဆုရှင် ပိုပိုအောင်နှင့်အတူ နည်းပြ၊ အားကစားသမား (၃)ဦး၊ အုပ်ချုပ်မှုအဖွဲ့ဝင် (၃)ဦး စုစုပေါင်း(၈)ဦး ပြန်လည်လိုက်ပါလာကြောင်းသိရှိရသည်။

