အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်(၅)ဆု ရရှိခဲ့သည့် ဘိလိယက်၊ တိုက်ကွမ်ဒိုနှင့် အလေးမအားကစားအဖွဲ့များပြန်လည်ရောက်ရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ရက်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဘိလိယက် အားကစားနည်းမှအမျိုးသား Snooker 6 Red Singles(စနူကာအနီ ၆ လုံးတစ်ဦးချင်း) ပြိုင်ပွဲတွင်တတိယ ကြေးတံဆိပ်ဆုရ နေမင်းထွန်း ၊ အမျိုးသားSnooker Team (စနူကာအနီ ၁၅ လုံးအသင်းလိုက်) ပြိုင်ပွဲတွင်တတိယ ကြေးတံဆိပ်ဆုရ ကျော်ဝေယံစိုး ၊ တိုက်ကွမ်ဒိုအားကစားနည်းမှ အမျိုးသမီး -57kg ပြိုင်ပွဲတွင် တတိယ ကြေးတံဆိပ်ဆုရရှိသော မိုးမြင့်မြတ် ၊ အမျိုးသမီး -62kg ပြိုင်ပွဲတွင် တတိယကြေး တံဆိပ်ဆု ရရှိသော နန်းသုန္နရီကောင်း၊ အလေးမအားကစားနည်းမှအမျိုးသမီး(၅၃)ကီလိုတန်း တွင် တတိယ ကြေးတံဆိပ်ဆု ရရှိသော နော်တဘိုးရာ နှင့် အားကစားအဖွဲ့ဝင်များသည် ယနေ့ညနေပိုင်း တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများက ဂုဏ်ပြုကြိုဆိုကြကြောင်းသိရသည်။