အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ်တက်ရောက်မည့် မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီအတွင်းရေးမှူး ဒုတိယဝန်ကြီးဦးထိန်လင်း ခေါင်းဆောင်သော အုပ်ချုပ်မှုအဖွဲ့နှင့် နပန်းအားကစားအဖွဲ့ထွက်ခွာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ရက်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးထိန်လင်း နှင့် ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း တို့ ခေါင်းဆောင်သော အုပ်ချုပ်မှုအဖွဲ့နှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နပန်းအားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သို့ လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရသည်။