အားကစားရေးရာဝန်ကြီးဌာန၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း (၃၀၀) အထက် တည်ဆောက်ရေးလုပ်ငန်းများအတွက် QA/QC ငှားရမ်းခြင်းလုပ်ငန်းများအား အိတ်ဖွင့်တင်ဒါစာအိတ်(A) ဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကျင်းပ
![]()
အားကစားရေးရာဝန်ကြီးဌာန၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း (၃၀၀) အထက် တည်ဆောက်ရေးလုပ်ငန်းများအတွက် QA/QC ငှားရမ်းခြင်းလုပ်ငန်းများအား အိတ်ဖွင့်တင်ဒါစာအိတ်(A) ဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန် ၁၂ အားကစားရေးရာဝန်ကြီးဌာန၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း (၃၀၀)အထက် တည်ဆောက်ရေးလုပ်ငန်းများအတွက် QA/QC ငှားရမ်းခြင်းလုပ်ငန်းများအား အိတ်ဖွင့်တင်ဒါစာအိတ် (A)ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ဦးစွာ တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် ကျပ်သန်း (၃၀၀)အထက် တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် ရေကူးကန်၊ Synthetic ပြေးလမ်း၊ မိုးလုံလေလုံအားကစားရုံ၊ ပွဲကြည့်စင်များနှင့် သင်တန်းသား/သင်တန်းသူအိပ်ဆောင်များသည် ရေရှည်အသုံးပြုရမည်ဖြစ်၍ ကြမ်းခင်းဈေး အောင်မြင်သူများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ […]
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
![]()
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ တောင်ကြီး၊ ဇွန် ၁၁ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(တောင်ကြီး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ဖွင့်ပွဲကို ဇွန်(၁၁)ရက် နံနက်(၈)နာရီက အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ဘက်စုံသုံး အားကစားခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များအား ၂၀၂၆-၂၀၇ ပညာသင်နှစ်တွင် တက်ရောက်ကြမည့် အားကစားနှင့်ပညာရေးပေါင်းစပ် သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများမှ အားကစားနည်းအလိုက် ဂါရဝပြု မိတ်ဆက် […]
ဒုတိယဝန်ကြီး ဦးညီညီ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲတက်ရောက်၊ ရွှေညောင်မြို့နယ်အားကစားကွင်းနှင့် ကလောမြို့နယ် အားကစားကွင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
![]()
ဒုတိယဝန်ကြီး ဦးညီညီ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲတက်ရောက်၊ ရွှေညောင်မြို့နယ်အားကစားကွင်းနှင့် ကလောမြို့နယ် အားကစားကွင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး တောင်ကြီး၊ ဇွန် ၁၁ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) မှ ကျောင်းအုပ်ကြီးတို့နှင့်အတူ ဇွန်လ(၁၁)ရက် နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)ရှိ ဘက်စုံသုံးခန်းမ၌ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ရရှိစေရန် ရေတို၊ ရေရှည် စီမံချက်များရေးဆွဲ၍ စနစ်တကျ အကောင်ထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများ ယခင်ထက်ပိုမိုရရှိစေရန် နည်းပြနှင့်အားကစားသမားများက ခံယူချက်ထားပြီး […]
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီး၊ ဇွန် ၁၀ ၂၀၂၆ ခုနှစ် တိုင်းဒေကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ဇွန်(၁၀) နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်အားကစား လေ့ကျင့်ရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။ ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘောပြိုင်ပွဲကို ရှမ်းပြည်နယ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အားကစားသမားများအတွက် တည်းခိုနေထိုင်၊ စားသောက်ရေးကိစ္စရပ်များကိုလည်း အဆင်ပြေချောမွေ့အောင် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်းနှင့် လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် […]
ဒုတိယဝန်ကြီး ဦးညီညီ အားကစားနှင့်ကာယပညာဦးစီးဌာန ရှမ်းပြည်နယ်/ခရိုင်/မြို့နယ်မှ အရာထမ်း/အမှုအထမ်းများနှင့်တွေ့ဆုံပွဲတက်ရောက်၊ အားကစားသမားများ လေ့ကျင့်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
![]()
ဒုတိယဝန်ကြီး ဦးညီညီ အားကစားနှင့်ကာယပညာဦးစီးဌာန ရှမ်းပြည်နယ်/ခရိုင်/မြို့နယ်မှ အရာထမ်း/အမှုအထမ်းများနှင့်တွေ့ဆုံပွဲတက်ရောက်၊ အားကစားသမားများ လေ့ကျင့်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး တောင်ကြီး၊ ဇွန် ၁၀ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်အတူ ဇွန်လ(၁၀)ရက်နေ့ မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအစည်းဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မှ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် အရည်အသွေးပြည့်ဝသည့် အားကစားသမားများကို စဉ်ဆက်မပျက်ရှာဖွေပြုစုပျိုးထောင်ပေးကြရန်လိုအပ်ပါကြောင်း၊ ထူးချွန်ထက်မြတ်သည့် အားကစားသမားများပေါ်ပေါက်လာစေရန် ငယ်စဉ်ကတည်းက မျိုးစေ့ချ ပြုစု ပျိုးထောင်ပေးကြရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်များအလိုက် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ထို့နောက် […]
၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
![]()
၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ တောင်ကြီးမြို့ ၊ ဇွန် ၁၀ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ(၁၆:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ရှိ၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦသန်းဦးလွင်၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ရှမ်းပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် ဘော်လီဘောဆပ်ကော်မတီဝင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူ/နည်းပြများနှင့်အားကစားသမားများ တက်ရောက်ခဲ့သည်။ ဦးစွာ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး […]
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် ဂျူဒိုနည်းပြသင်တန်း (အဆင့်-၁) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် ဂျူဒိုနည်းပြသင်တန်း (အဆင့်-၁) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန် ၈ အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ အိုလံပစ်သွေးစည်းညီညွတ်ရေးအစီအစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ(IOC)၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ(MOC)၊ အပြည်ပြည်ဆိုင်ရာ ဂျူဒိုအဖွဲ့ချုပ်(IJF)နှင့် မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်(MJF)တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ဂျူဒိုနည်းပြ သင်တန်း(အဆင့်-၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်တာဝန်ရှိသူများ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်း နည်းပြ အယ်လ်ဂျီးရီးယားနိုင်ငံသား Mr. Amar Meridja နှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့သည်။ ဦးစွာ […]
အားကစားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
![]()
အားကစားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ရန်ကုန်၊ ဇွန် ၅ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၀၈: ၀၀ နာရီအချိန်တွင် ရန်ကုန် တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ ပြည်ထောင်စု ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသား/ကျောင်းသူများက “ရန်ကုန် အားကစားသိပ္ပံ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီးနောက် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးသည် အမျိုးသားရေးတာဝန်ကြီးတစ်ရပ်ဖြစ်ပြီး အားကစားအောင်မြင်မှုသည်လည်း နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်၊ လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာပင်ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ […]
ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း (၂၁)ကြိမ်မြောက် အာရှနှင့်သမုဒ္ဒရာပိုင်းဆိုင်ရာ ဒေသတွင်း အားကစားကဏ္ဍတားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးအတွက် အစိုးရပိုင်းဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဒေသတွင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိ
![]()
ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း (၂၁)ကြိမ်မြောက် အာရှနှင့်သမုဒ္ဒရာပိုင်းဆိုင်ရာ ဒေသတွင်း အားကစားကဏ္ဍတားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးအတွက် အစိုးရပိုင်းဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဒေသတွင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိ ရန်ကုန်၊ ဇွန် ၄ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ မြန်မာနိုင်ငံတားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်းရေးအဖွဲ့အစည်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်သန်းသန်းဌေးတို့နှင့်အတူ ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပပြုလုပ် ခဲ့သည့် (၂၁)ကြိမ်မြောက် အာရှနှင့်သမုဒ္ဒရာပိုင်းဆိုင်ရာဒေသတွင်း အားကစားကဏ္ဍတားမြစ် ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးအတွက် အစိုးရပိုင်းဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဒေသတွင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ယနေ့နေ့လည် (၁၃: ၅၅)နာရီအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့မှ လေယာဉ်အမှတ် (MU – […]
အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
![]()
အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် မန္တလေး၊ ဇွန် ၄ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံရှိ ဘော်လီဘောအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ အလှူရှင်များ၊ ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)မှ အရာထမ်း၊အမှုထမ်းများ၊ ဆရာ၊ဆရာမများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။ ဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်က အဖွင့်အမှာ စကားပြောကြား၍ […]