အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ (ပဉ္စမနေ့) Linking Event-3 (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇူလိုင် ၅

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် “၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ” (ပဉ္စမနေ့) Linking Event-3 (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ယှဉ်ပြိုင်ခတ်ကစားနေမှုများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းနိုင်ဦး၊ ပညာရေးဝန်ကြီးဌာန စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယက ဦးစိုးတင့်နှင့် ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်၊ တပ်မတော် ရိုးရာ ခြင်းလုံးကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ရဲလွင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့်ဝန်ထမ်းများ၊ အားကစားဝါသနာရှင် ပရိတ်သတ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ (ပဉ္စမနေ့) Linking Event – 3 (အမျိုးသမီး)ပြိုင်ပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းက ရမှတ် ၃၁၇ မှတ်၊ ပို့ဆောင်ရေး ဝန်ကြီးဌာနအသင်းက ရမှတ် ၂၃၀ မှတ်၊ ပညာရေးဝန်ကြီးဌာနအသင်းက ရမှတ် ၄၁၆ မှတ်၊ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ရမှတ် ၃၂၆ မှတ်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းက ရမှတ် ၄၁၉ မှတ်၊ အားကစားရေးရာဝန်ကြီးဌာနအသင်းက ရမှတ် ၃၇၀ မှတ်၊ Linking Event-3 (အမျိုးသား)ပြိုင်ပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းက ရမှတ် ၃၀၁ မှတ်၊ ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းက ရမှတ် ၂၂၈ မှတ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ရမှတ် ၄၇၉ မှတ်၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ရမှတ် ၃၁၄ မှတ်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အသင်းက ရမှတ် ၄၄၄ မှတ်၊ ပညာရေးဝန်ကြီးဌာနအသင်းက ရမှတ် ၄၃၅ မှတ်၊ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက ရမှတ် ၄၀၄ မှတ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အသင်းက ရမှတ် ၄၁၃ မှတ်၊ အားကစားရေးရာဝန်ကြီးဌာနအသင်းက ရမှတ် ၃၈၁ မှတ်နှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းက ရမှတ် ၅၀၈ မှတ်တို့ကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြ သည်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ (ဆဋ္ဌမနေ့) ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် Linking Event – 3 (အမျိုးသမီး)ပြိုင်ပွဲတွင် ပညာရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ Linking Event-3 (အမျိုးသား)ပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီး ဌာနအသင်းနှင့်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်း၊ ၄ ပေါက်တန်း(အမျိုးသမီး)ပြိုင်ပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနအသင်း၊ ၆ ပေါက်တန်း(အမျိုးသား)ပြိုင်ပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ခတ်ကစားသွားမည်ဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံး (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ပြိုင်ပွဲကာလ ၆ ရက် ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်းနှင့် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ

(အမျိုးသား/ အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်များကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီမှစတင်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရုပ်သံလိုင်းများဖြစ်သည့် MRTV-4 HD Channel နှင့် MRTV Sports Channel တို့တွင် တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။