အားကစားရေးရာဝန်ကြီးဌာန

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အားကစားအဆင့်အတန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်၊ အားကစားကွင်းပတ်လည် ပွဲကြည့်စင်နှင့် ဘောလုံးကွင်းအဆင့်မြှင့်တင် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

Loading

ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်၊ အားကစားကွင်းပတ်လည် ပွဲကြည့်စင်နှင့် ဘောလုံးကွင်းအဆင့်မြှင့်တင် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ် ၈ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အားကစားအဆင့်အတန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမင်းမင်းလတ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ဌာနဆိုင်ရာများမှတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မြိတ်ခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး ခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၁၂၀ ပေ x ၁၁၀ ပေရှိ မြိတ်ခရိုင် မိုးလုံလေလုံ အားကစားခန်းမသို့ သွားရောက်၍ မြိတ်မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် မြိတ်မြို့ မြန်မာရိုးရာခြင်းလုံးအဖွဲ့ စတုတ္ထအကြိမ် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ရိုးရာခြင်းအလှခတ်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ခြင်းလုံးအားကစားအဖွဲ့အား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ခြင်းလုံးအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မှာကြားခဲ့ပြီး […]

ရန်ကုန်တိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်ဥက္ကလာပမြို့နယ် မြသီတာအားကစားခန်းမဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

ရန်ကုန်တိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်ဥက္ကလာပမြို့နယ် မြသီတာအားကစားခန်းမဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဩဂုတ် ၇ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်ဥက္ကလာပမြို့နယ် မြသီတာအားကစားခန်းမဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၀၉း၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းတို့က မြသီတာအားကစားခန်းမအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်ပြီး အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အတူ […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ အားကစားရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးညီညီ ကလောမြို့နယ် (အောင်ပန်းအားကစားကွင်း)နှင့် ကလောမြို့နယ် အားကစားကွင်း / အားကစားရုံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ အားကစားရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးညီညီ ကလောမြို့နယ် (အောင်ပန်းအားကစားကွင်း)နှင့် ကလောမြို့နယ် အားကစားကွင်း / အားကစားရုံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး သြဂုတ်လ ၅ ရက်၊ အောင်ပန်း / ကလောမြို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ အားကစားရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးညီညီသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးတို့နှင့်အတူ ယနေ့ နံနက်ပိုင်းက ကလောမြို့နယ် (အောင်ပန်းအားကစားကွင်း)နှင့် အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးရာ လိုအပ်သည်များကို တာဝန်ခံအားကစားမှူးကတင်ပြဆောင်ရွက်ရာ အောင်ပန်းအားကစားရုံအတွင်း ဘော်လီဘောအားကစားနည်းအခင်း ၊ ဖူဆယ်အားကစားနည်းအခင်း ၊ ဘတ်စကက်ဘောအားကစားနည်းအခင်းတို့အားတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့ကာ ဒုတိယဝန်ကြီးမှ […]

အားကစားရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဝါဆို သင်္ဃန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

Loading

အားကစားရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဝါဆို သင်္ဃန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဩဂုတ် ၄ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့်ဇနီး ဒေါ်ဝါဝါမြင့်အား အမှူးထား၍ အားကစားရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဝါဆိုသင်္ဃန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်ဇနီး၊ အားကစားရေးရာဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်း ဝန်ထမ်းမိသားစုဝင်များက နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဥယျာဉ်စု သိမ်ကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ မဟာထေရ်မြတ်ကြီးထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ် တရားတော်များကို နာယူခဲ့ကြသည်။ ဆက်လက်ပြီး ပဓါနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ မဟာထေရ်မြတ်ကြီးနှင့် […]

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဩဂုတ် ၃ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့်ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဦးသန်းမောင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာသက်သက်ဇင်၊ ဒေါက်တာမောင်သင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖူဆယ်နှင့်သဲသောင်ပြင် ဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ အထူး ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ […]

၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စဿ်ဘောအဖွဲ့ချုပ်တို့ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်သူ့လွှတ်တော်ကျန်းမာရေးနှင့်အားကစားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း ၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ […]

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်ဖြင့် ဖွင့်လှစ်မည့် တိုက်ကွမ်ဒိုနည်းပြသင်တန်း(အဆင့်-၁) ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်ဖြင့် ဖွင့်လှစ်မည့် တိုက်ကွမ်ဒိုနည်းပြသင်တန်း(အဆင့်-၁) ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဩဂုတ် ၃ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် တိုက်ကွမ်ဒိုနည်းပြသင်တန်း(အဆင့်-၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးမြဟန်နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ပေးအပ်ထားသည့် ကမ္ဘာ့တိုက်ကွမ်ဒို ကကွက်ဒိုင်ဥက္ကဋ္ဌ အမေရိကန်နိုင်ငံသား ကိုရီးယားလူမျိုး ပရော်ဖက်ဆာ Jun Cheol Yoon နှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့သည်။ ဦးစွာ […]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားရာတွင် အားကစားကဏ္ဍနှင့်ပတ်သတ်သည့် အချက်အလက်များ ကောက်နှုတ်ချက်

Loading

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားရာတွင် အားကစားကဏ္ဍနှင့်ပတ်သတ်သည့် အချက်အလက်များ ကောက်နှုတ်ချက် ပြည်ထောင်စုလွှတ်တော် နာယကနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျ ၂၁ ရာစုရဲ့ နိုင်ငံတကာယှဉ်ပြိုင်မှုတွေဟာ စစ်အင်အား၊ စီးပွားရေးအင်အားနှင့် နည်းပညာအင်အားတို့ကို အခြေခံတဲ့ ယှဉ်ပြိုင်မှုတွေမဟုတ်တော့ဘဲ လူ့စွမ်းအားအရင်းမြစ်နဲ့ အရည်အသွေး ပြည်သူလူထုရဲ့ ကျန်းမာရေး ကိုယ်လက်ကြံ့ခိုင်မှု ဆန်းသစ်တီထွင်နိုင်စွမ်း အမျိုးသားစည်းလုံးညီညွတ်နဲ့ နိုင်ငံတကာမှာ ဩဇာလွှမ်းမိုးနိုင်တာတွေကို အခြေခံမှုအသွင်ပြောင်းလဲလာနေတာကို တွေ့ရှိရမှာဖြစ်ပါကြောင်း။ ဒီလိုပြောင်းလဲလာတာနဲ့အတူ နိုင်ငံအသီးသီးမှ အားကစားကဏ္ဍဟာ အရင်ကလို ပြိုင်ပွဲဝင်ဖို့ ဆုတံဆိပ်ရရှိဖို့တို့အတွက် မဟုတ်တော့ဘဲ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်တွေရဲ့စည်းကမ်း ခေါင်းဆောင်မှုနှင့် အသင်းအဖွဲ့စိတ်ဓာတ်မွေးမြူပေးနိုင်ဖို့ အမျိုးသားစည်းလုံးညီညွတ်မှု တည်ဆောက်ပေးနိုင်မှုနဲ့ အထောက်အကူပြုစေတဲ့အပြင် နိုင်ငံတကာအလယ်မှာလည်း နိုင်ငံ့ဂုဏ်သိက္ခာကို မြင့်တင်ပေးနိုင်တဲ့အတွက် အားကစားပြိုင်ပွဲတွေကို လက်နက်မပါတဲ့ တိုက်ပွဲတွေလို့တောင် […]

(၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အလေးမ၊ ဝူရှူးနှင့် Teqball အားကစားအဖွဲ့များ အားကစားနည်းအလိုက် လေ့ကျင့်မှုများပြုလုပ်

Loading

(၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အလေးမ၊ ဝူရှူးနှင့် Teqball အားကစားအဖွဲ့များ အားကစားနည်းအလိုက် လေ့ကျင့်မှုများပြုလုပ် ရန်ကုန် ၊ ဇူလိုင် ၂၈ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံများတွင် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အလေးမ၊ ဝူရှူးနှင့် Teqball အားကစားအဖွဲ့များ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မြန်မာ့အားကစားကဏ္ဍ တိုးတက်မြင့်မားစေရေးနှင့် အောင်မြင်မှု ရရှိရေးအတွက် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလေးမအားကစားရုံ၌ ပဏာမလက်ရွေးစင် အလေးမ အားကစားသမားများ၏ […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက် ရန်ကုန် ၊ ဇူလိုင် ၂၇ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာ‌စေရန် ရည်ရွယ်၍ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ” ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးဗိုလ်ဌေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဉာဏ်ဇော်ဦး၊ ရန်ကုန်တိုင်း‌ဒေသကြီးသင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှဆုရအားကစားသမားများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန […]