![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရန်ကုန် ၊ ဇူလိုင် ၂၇
တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ” ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးဗိုလ်ဌေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဉာဏ်ဇော်ဦး၊ ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှဆုရအားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးဗိုလ်ဌေး၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများသည် ဗိုလ်လုပြိုင်ပွဲ ပွဲစဉ်များ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက်ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီး ၄၃-၄၆ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုကို (ကယားပြည်နယ်အသင်း) မှ ဒီမြာ၊ ဒုတိယဆုကို (မန္တလေးတိုင်းဒေသကြီးအသင်း)မှ ယမင်းသော်တာ ၊ တတိယဆုကို (မွန်ပြည်နယ် အသင်း)မှ ယွန်းပိုးအိမ်၊ ပူးတွဲတတိယဆုကို (ဧရာဝတီတိုင်းဒေသကြီးအသင်း)မှဆုရည်ထက် တို့ကို မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဒေါက်တာသန်းဝင်းကလည်းကောင်း၊ အမျိုးသမီး ၄၉-၅၃ ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုကို (ရှမ်းပြည်နယ်အသင်း)မှ ဆုလေပြေထွန်း၊ ဒုတိယဆုကို (ကရင်ပြည်နယ်အသင်း)မှ အေးမြတ်သူ ၊ တတိယဆုကို (စစ်ကိုင်းတိုင်းဒေသကြီးအသင်း)မှ ကျိန်ရှန်စံ၊ ပူးတွဲတတိယဆုကို (နေပြည်တော်ကောင်စီအသင်း)မှ ဂျူးဂျူးစံသာတို့နှင့် အမျိုးသမီး ၄၀-၄၃ကီလိုတန်း ပြိုင်ပွဲတွင်ပထမဆုကို(ရန်ကုန်တိုင်းဒေသကြီးအသင်း)မှသူသူဟန်၊ ဒုတိယဆုကို (ရှမ်းပြည်နယ်အသင်း) မှ ဖိုးမြာ ၊ တတိယဆု ကို (ကရင်ပြည်နယ်အသင်း)မှ မင်းမင်းဟေမာန်၊ ပူးတွဲတတိယဆုကို (ချင်းပြည်နယ်အသင်း)မှချမ်းမြေ့စံတို့ကိုမြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြဟန်ကလည်းကောင်း ၊ အမျိုးသား၅၁-၅၄ကီလိုတန်း ပြိုင်ပွဲတွင် ပထမဆုကို (ရန်ကုန်တိုင်းဒေသကြီးအသင်း)မှ ခန့်ထူးလျှံမိုးနေ၊ ဒုတိယဆုကို (ပဲခူးတိုင်း ဒေသကြီးအသင်း)မှ ထက်ဝေယံကျော်၊ တတိယဆုကို (ချင်းပြည်နယ်အသင်း)မှ အောင်ကျော်ဇင်၊ ပူးတွဲတတိယဆုကို (မွန်ပြည်နယ်အသင်း)မှစွမ်းထက်ဦးတို့နှင့် အမျိုးသား၄၈-၅၁ ကီလိုတန်း ပြိုင်ပွဲတွင် ပထမဆုကို (ရန်ကုန်တိုင်းဒေသကြီးအသင်း)မှ ထွန်းလင်းအောင် ၊ ဒုတိယဆုကို (မွန်ပြည်နယ်အသင်း)မှ ထက်မြတ်ထွန်း ၊ တတိယဆုကို (ချင်းပြည်နယ်အသင်း)မှ ရဲသီဟလင်း၊ ပူးတွဲတတိယဆုကို (နေပြည်တော်ကောင်စီအသင်း)မှဖြိုးပြည့်စုံတို့ကိုအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး က လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုကြေးငွေ များကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီးအမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရရှိသည့် (ကယားပြည်နယ်အသင်း) မှ ဒီမြာနှင့် အမျိုးသားအကောင်းဆုံးအားကစားသမားဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီးအသင်း)မှ ထွန်းလင်းအောင်၊ ရွှေတံဆိပ် (၅)ခု၊ ကြေးတံဆိပ်(၄)ခုဖြင့် အမျိုးသမီးတံခွန်စိုက် ဆုဖလား ရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး က Trophy နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။
ထို့နောက် ရွှေတံဆိပ်(၇) ခု၊ ငွေတံဆိပ်(၁) ခု ဖြင့် အမျိုးသားတံခွန်စိုက် ဆုဖလားရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ရွှေတံဆိပ်(၁၂)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၄)ခုဖြင့် စုပေါင်း တံခွန်စိုက်ဆုဖလားရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲမြင့်ထွန်း က စုပေါင်းတံခွန်စိုက်ဆုဖလား ကိုပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ” ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၅ သင်း၊ စုစုပေါင်းပြိုင်ပွဲဝင်အားကစားသမားအင်အား ၂၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။




