အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက်အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများ ဇုန်အလိုက် ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက်အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများ ဇုန်အလိုက် ဆက်လက်ကျင်းပ ရှမ်းပြည်နယ်အမျိုးသမီးဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး ၊ ပြည်နယ်အတွင်းရှိဒေသခံတိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး ၊ မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ကာ ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ၂၃.၆.၂၀၂၃ ရက်နေ့ မှစတင်၍ ပြည်နယ်အားကစားကွင်း ၊ အား/ကာ(သိပ္ပံ)အားကစားကွင်းတို့၌ ဇုန်(၂)ဇုန်ခွဲ၍ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ပွဲစဥ်များအဖြစ် မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် ပင်လောင်းမြို့နယ်သင်း နှင့် ဖယ်ခုံမြို့နယ်အသင်း ၊ ညနေ(၁၆:၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်အသင်း နှင့် လွိုင်လင်မြို့နယ်အသင်းတို့သည် ပြည်နယ်အားကစားကွင်း၌လည်းကောင်း ၊ မွန်းလွဲ(၁၄း၃၀)နာရီအချိန်တွင် ရွာငံမြို့နယ်သင်း နှင့် သီပေါမြို့နယ်အသင်း ၊ ညနေ(၁၆း၀၀)နာရီအချိန်တွင် နမ္မတူမြို့နယ်အသင်း နှင့် ညောင်ရွှေမြို့နယ်အသင်းတို့သည် အား/ကာသိပ္ပံအားကစားကွင်း၌လည်းကောင်း အသီးသီးယှဥ်ပြိုင်ကစားခဲ့ကြပြီး […]

ပျဉ်းမနားမြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

Loading

ပျဉ်းမနားမြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ နေပြည်တော်၊ ဇွန် (၂၆)။ ပြည်ထောင်စုနယ်မြေ(နေပြည်တော်ကောင်စီ)အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် ပျဉ်းမနားမြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးဦးတင်မောင်စိုးက လူငယ်နှင့်အားကစားကဏ္ဍ၊ အား/ကာ (သိပ္ပံ)နှင့် B.Sc (Sports) အားကစားသိပ္ပံဘာသာရပ်အကြောင်း သိကောင်းစရာများဟောပြော၍ လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) လူငယ်ရေးရာဦးစီးဌာနတာဝန်ခံဒုတိယညွန်ကြားရေးမှူးဦးကြည်စိုးလင်းမှ လူငယ်နဲ့တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းစဉ်နှင့် လူငယ်များအားကစားပြုလုပ်ရခြင်းကြောင့်ရရှိသော အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြပါသည်။ ထို့နောက် ပျဉ်မနားမြို့နယ်လက်ထောက်ပညာရေးမှူးမှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စာသင်ကျောင်းအတွက် အားကစားအထောက်ကူပြုပစ္စည်းများလှူဒါန်းကာ Fitness Dance အကဖြင့် သရုပ်ပြသဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲအခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးဦးတင်မောင်စိုး၊ လူငယ်ရေးရာဦးစီးဌာနတာဝန်ခံ ဒုတိယညွန်ကြားရေးမှူးဦးကြည်စိုးလင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ […]

အိုလံပစ်နေ့အထိမ်းအမှတ် ဝူရှူး(ထောက်လု)ပြိုင်ပွဲဖွင့်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်း အနားကျင်းပ

Loading

အိုလံပစ်နေ့အထိမ်းအမှတ် ဝူရှူး(ထောက်လု)ပြိုင်ပွဲဖွင့်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်း အနားကျင်းပ တောင်ကြီးမြို့၊ ဇွန်လ(၂၅)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ရှမ်းပြည်နယ်ဝူရှူး (မိဘ/ဆရာ)အသင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ဒုတိယအကြိမ်မြောက် ဝူရှူး(ထောက်လု)ပြိုင်ပွဲကို ယနေ့ နံနက် (၀၉:၀၀)နာရီအချိန်မှစတင်၍ တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင် ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်ညွန့် ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များက တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဝူရှူး(ထောက်လု)ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းရဲ့ ရည်ရွယ်ချက်များနှင့်စပ်လျဥ်းပြီး ပြောကြားရာတွင် အမှတ်တရထူးခြားလှတဲ့နေ့တစ်နေဖြစ်တဲ့ အိုလံပစ်နေ့ကို မမေ့မလျော့ပဲ အထိမ်းအမှတ်ဖြစ်စေရန်နှင့် နွေရာသီအခြေခံအားကစားသင်တန်းများမှတဆင့် […]

၂‌၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

Loading

၂‌၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ တောင်ကြီး၊ ဇွန် လ(၂၄)ရက်။ ၂၀၂၃ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇွန်(၂၄)ရက် ညနေ(၃)နာရီခွဲက တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။ ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အသက်(၁၉)နှစ်အောက် မြို့နယ်အလိုက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ကျန်းမာကြံ့ခိုင်သော အမျိုးသမီးများ ပေါ်ထွက်လာစေရေး၊ အမျိုးသမီးတို့၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ အမျိုးသမီးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ မြန်မာအမျိုးသမီးဘောလုံးအသင်းအား တစ်ထောင့်တစ်နေရာမှ အထောက်အကူဖြစ်စေရေး၊ မြန်မာအမျိုးသမီးများ၏ ကျား/မ တန်းတူအခွင့်အရေး ရရှိပြီး ပြိုင်တူဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေးတို့ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမှ […]

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကျင်းပ

Loading

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကျင်းပ နေပြည်တော်၊ ဇွန်(၂၃)။ ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့အုပ်စုပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကျန်းမာရေးဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို (၇)ဂိုး (၅)ဂိုးဖြင့်လည်းကောင်း၊ မွန်းလွဲ (၃)နာရီခွဲအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်(၃)ဂိုးစီသရေရလဒ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် 3×3 ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

Loading

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် 3×3 ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ ရန်ကုန်၊ ဇွန်လ(၂၂)ရက်။ နှစ်စဉ် ဇွန်လ(၂၃)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် 3×3 ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များနှင့်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နေ့လယ်(၂:၀၀)နာရီ၌ တာမွေမြို့နယ် အနောက်မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကဆံ ဘတ်စကက်ဘောအားကစားရုံ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ် ဒုတိယဥက္ကဌများ၊ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ကြပါသည်။ ပထမဦးစွာ အသက်(၁၆)နှစ်နှင့်အောက် အမျိုးသားပြိုင်ပွဲ၊ အသက်(၁၈)နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး ပြိုင်ပွဲ၊ အသက်(၂၀)နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များ ကျင်းပပြီးနောက် အသက်(၁၆)နှစ်အောက် အမျိုးသမီးပြိုင်ပွဲတွင် ပထမရရှိသော Blank အသင်း၊ ဒုတိယရရှိသော Hoops အသင်း၊ တတိယရရှိသော Giants (A)အသင်း၊ အသက်(၁၆)နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် ပထမရရှိသော ISM […]

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ

Loading

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ တောင်ကြီးမြို့၊ ဇွန်လ(၂၂)ရက်။ ရှမ်းပြည်နယ်အစိုးအဖွဲ့၏ လမ်းညွှန်မှုများကိုခံယူကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများ လူစစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများအစည်းအဝေးကို ဇွန် (၂၂)ရက် မနက်(၀၉:၀၀)အချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ ၊ မြို့နယ်တာဝန်ခံများ ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီမှတာဝန်ရှိသူများ ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ / နည်းပြများ ၊ […]

အားကစားနှင့်ကာယပညာဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး ပူတာအိုခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်ကာယပညာဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး ပူတာအိုခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇွန်လ(၁၇)ရက်။ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးမှ ပူတာအိုခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ခရိုင်/မြို့နယ် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး ပူတာအိုခရိုင် အားကစား ဆောင်ရွက်မှုအခြေအနေများအား လက်ထောက်ညွှန်ကြားရေးမှူးနှင့် ပူတာအိုမြို့နယ် အားကစားမှူးတို့မှ power point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ ပြည်နယ်ညွှန်ကြားရေးမှူးမှ လိုအပ်သည်များ ဖြည့်စွက် တင်ပြခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းသားသမီးများထဲမှ တက္ကသိုလ်ဝင်စားမေးပွဲ အောင်မြင်သူများအား ဂုဏ်ပြုထောက်ပံ့ခြင်းနှင့် တက္ကသိုလ်/ကောလိပ် တက်ရောက်နေသော ဝန်ထမ်းများအား ပညာသင်ထောက်ပံ့ကြေးများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အ.ထ.က(၁၂)ရှိ ကျောင်းခန်းမဆောင်၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

Loading

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အ.ထ.က(၁၂)ရှိ ကျောင်းခန်းမဆောင်၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ နေပြည်တော်၊ ဇွန်လ(၂၁)ရက်။ ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ လူငယ်များဘက်စုံဖွံဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့် ပြည့်စုံကာ နိုင်ငံတော်အတွက် အားထားရမည့် နိုင်ငံသားကောင်းရတနာများ ဖြစ်လာစေရန်ရည်ရွယ်၍ ယနေ့ နံနက်(၉)နာရီအချိန်တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အ.ထ.က(၁၂)ရှိ ကျောင်းခန်းမဆောင်၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူအင်အား (၁၅၀)ခန့် တက်ရောက်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်) လူငယ်ရေးရာတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းမှ လူငယ်အသိပညာပေး အကြောင်းများဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အာကစားနှင့်ကာယပညာ ဦးစီးဌာနမှ စာသင်ကျောင်းအတွက် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ မုံရွာ၊ ဇွန်လ(၁၉)ရက်။ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက် (၀၈:၃၀) အချိန်တွင် ကျောင်းလေ့ကျင့်ရေးခန်းမဆောင်(၁)၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းအဆင့်ဌာနဆိုင်ရာ ဧည့်သည်တော်များ ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ ၊ အလှူရှင်များ ၊ ဝန်ထမ်းများ ၊ ဆရာ/ဆရာမများနှင့် သင်တန်းသား/သူ များ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြား၍ ကျောင်းအကျိုးတော်ဆောင်ရန်ပုံငွေသို့ အလှူငွေ (၁၀)သိန်းကျပ် ထောက်ပံ့လှူဒါန်းခြင်းနှင့် သီးခြားဖိတ်ကြားထားသော အလှူရှင်များမှ အလှူငွေများပေးအပ်လှူဒါန်းရာ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ လူမှုရေးရာဝန်ကြီး […]