အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဌဖလား တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ နို၀င်ဘာ(၆)။

မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဌဖလား တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် ရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူတင်းနစ်ကွင်း၌ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး၀န်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးများ၊ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဌနှင့် အမှုဆောင်များနှင့်တာ၀န်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး၀န်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးမျိုးသူရက ပြိုင်ပွဲနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်း‌ဒေသကြီး၀န်ကြီးချုပ်နှင့်တာ၀န်ရှိသူများက အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြပြီး ပထမနေ့ပြိုင်ပွဲများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးသား U-12၊ အမျိုးသမီး U-14၊ အမျိုးသား လူသစ်တန်းနှစ်ယောက်တွဲ၊ အမျိုးသမီးအလွတ်တန်းနှစ်ယောက်တွဲ၊ အမျိုးသားပထမတန်း၊ ဒုတိယတန်း၊ အသက်၅၀၊ ၆၀နှစ်အထက်နှစ်ယောက်တွဲ၊ အသင်းလိုက်ပြိုင်ပွဲများယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

ယင်းပြိုင်ပွဲကို နို၀င်ဘာ၆ရက်မှ၁၂ရက်အထိ ကျင်းပမည်ဖြစ်ပြီးပြိုင်ပွဲ၀င် အသင်း၂၀၊ အားကစားသမား၂၈၀ကျော်၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။