အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ နိုဝင်ဘာ ၆။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုများနှင့်အညီ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား / အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယနေ့ ၆.၁၁.၂၀၂၃ရက်နေ့ မွန်းလွဲ (၁၅:၀၀)နာရီအချိန်တွင် အမျိုးသမီးဗိုလ်လုပွဲ ပွဲစဥ်အဖြစ်လည်းကောင်း ၊ ညနေ ( ၁၆:၀၀ )နာရီအချိန်တွင် အမျိုးသားဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ အားကစားနှင့်ကာယပညာသိပ္ပံ( တောင်ကြီး)မှ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲတွင် ဆုရရှိသည့် အားကစားသမားများ၊ နည်းပြအုပ်ချုပ်သူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက အမျိုးသားပထမဆုရရှိသည့် တောင်ကြီးမြို့နယ်အသင်း၊ ဒုတိယဆုရရှိသည့် နောင်ချိုမြို့နယ်အသင်း၊ ပူးတွဲတတိယဆုရရှိကြသည့် လင်းခေးမြို့နယ်အသင်းနှင့် မိုင်းပျဥ်းမြို့နယ်အသင်းတို့အားလည်းကောင်း ၊ ဆက်လက်ပြီး အမျိုးသမီးပထမဆုရရှိသည့် ပင်လောင်းမြို့နယ်အသင်း၊ ဒုတိယဆုရရှိသည့် ရပ်စောက်မြို့နယ်အသင်း၊ ပူးတွဲတတိယဆုရရှိကြသည့် ကလောမြို့နယ်အသင်းနှင့် နောင်ချိုမြို့နယ်အသင်းတို့အားလည်းကောင်း၊ ပြိုင်ပွဲတွင် ပင့်ထောင်/ရိုက်ခုတ်/နောက်ထိန်းအကောင်းဆုံးဆုရရှိခဲ့ကြသော အားကစားသမားများအား ဂုဏ်ပြုဆုဖလားနှင့် ဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရကာ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရပါသည်။