အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အရှေ့တောင်အာရှ သက်ငယ်တန်း ကြက်တောင်ချန်ပီယံရှစ် ပြိုင်ပွဲတွင် ရွှေ(၁၁)ခု၊‌ငွေ(၄)ခု၊‌ကြေး(၂)ခုဆွတ်ခူးရရှိ

ရန်ကုန်၊ နိုဝင်ဘာ (၄ )။

ကမ္ဘောဒီးယားနိုင်ငံကအောက်တိုဘာ၃၀ ရက်မှ နိုဝင်ဘာ ၃ ရက်နေ့အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် Badminton Asia Junior Under 15 -17 (Southeast Asia) Regional Championships 2023 (Team Event) ပြိုင်ပွဲတွင်မြန်မာနိုင်ငံကြက်တောင်အသင်းသည် ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်းနှင့် အရှေ့တီမောနိုင်ငံတို့ကို ဖြတ်ကျော်၍အနိုင်ယူကာ ရွှေ(၁၁)ခု၊‌ငွေ(၄)ခု၊‌ကြေး(၂)ခုဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲ၌အမျိုးသားအသက်၁၅နှစ်တစ်ဦးချင်းပြိုင်ပွဲတွင်ပထမ(ရွှေ)ညီ‌ဇေယျ၊တတိယ(ကြေး)ရဲလင်းထက်၊အမျိုးသားနှစ်‌ယောက်တွဲတွင်ပထမ(ရွှေ)ညီ‌ဇေယျ+ရဲလင်းထက်၊အမျိုးသမီးတစ်ဦးချင်းတွင်ပထမ(ရွှေ)လင်းလင်းထက်၊ဒုတိယ(ငွေ)သဒ္ဒါထက်‌ကျော်၊အမျိုးသမီးနှစ်‌ယောက်တွဲတွင်ပထမ(ရွှေ)လင်းလင်းထက်+သဒ္ဒါထက်‌ကျော်၊အမျိုးသား+အမျိုးသမီးတွင်ပထမ(ရွှေ)ညီဇေယျ+လင်းလင်းထက်၊ဒုတိယ(ငွေ)ရဲလင်းထက်+သဒ္ဒါထက်ကျော်၊တို့ရရှိခဲ့ကြသည်။ထို့ပြင်အသက်၁၇နှစ် အမျိုးသားတစ်ဦးချင်းတွင်ပထမ(ရွှေ)ဉာဏ်ရှိန်လင်း၊ဒုတိယ(ငွေ)ဘုန်းထက်‌ကျော်၊အမျိူသားနှစ်‌ယောက်တွဲတွင်ပထမ(ရွှေ)ဉာဏ်ရှိန်လင်း+ဘုန်းထက်‌ေကျာ်၊အမျိုးသမီးတစ်ဦးချင်းတွင်ပထမ(ရွှေ)အိမ့်ချစ်ဖူး၊ဒုတိယ(ငွေ)ယွန်းလဲ့အိမ်၊နှစ်ယောက်တွဲတွင်တတိယ(ကြေး)အိမ့်ချစ်ဖူး+ယွန်းလဲ့အိမ်၊အမျိုးသား+အမျိုးသမီးပြိုင်ပွဲတွင်ပထမ(ရွှေ)ဘုန်းထက်ဇော်+အိမ့်ချစ်ဖူး၊အသင်းလိုက်ပြိုင်ပွဲအသက်၁၅နှစ်တွင်ပထမ(ရွှေ)၊အသင်းလိုက်အသက်၁၇နှစ်တွင်ပထမ(‌ရွှေ)အသီးသီးဆွတ်ခူးရရှိခဲ့ကြ‌ကြောင်းသိရသည်။ အဆိုပါမြန်မာကြက်တောင်အားကစားအဖွဲ့တွင်အဖွဲ့‌ခေါင်းဆောင်မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်အမှု‌ဆောင်ဦးရဲမြင့်၊အုပ်ချုပ်၊နည်းပြ၊အားကစားသများသည်ယ‌နေ့ညပိုင်းကရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာရာမြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌဦးအောင်ပိုင်နှင့်အမှုဆောင်များ၊အားကစားသမားများ၏မိဘ၊ဆွေမျိုးများကြိုဆိုခဲ့ကြကြောင်းသိရသည်။