မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပူးပေါင်း၍ အားကစားအသိပညာပေး ဟောပြောပွဲနှင့် ကျွမ်းဘားအားကစားနည်းသရုပ်ပြပွဲအခမ်းအနားဆက်လက်ကျင်းပ

မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပူးပေါင်း၍ အားကစားအသိပညာပေး ဟောပြောပွဲနှင့် ကျွမ်းဘားအားကစားနည်းသရုပ်ပြပွဲအခမ်းအနားဆက်လက်ကျင်းပ တောင်ကြီး၊ ဇူလိုင်(၁၁)ရက်။ မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်နှင့် ရှမ်းပြည်နယ်၏ အားကစားဖွံ့ဖြိုးတိုးတက်ပြီး ကျောင်းသား/ကျောင်းသူ လူငယ်များ ကျွမ်းဘားအားကစားနည်းကို စိတ်ပါဝင်စားလာစေရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျွမ်းဘားအားကစားနည်းအခြေခံ နည်းစနစ်များ ဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားအား တောင်ကြီးမြို့၌ ဆက်လက်ကျင်းပခဲ့သည်။ ရှေးဦးစွာ နံနက်(၉)နာရီအချိန်တွင် ရှမ်းပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဟောပြောပွဲကျင်းပရာ မြန်မာနိုင်ငံကျွမ်းဘားအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးပြီး မြန်မာနိုင်ငံကျွမ်းဘားအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါ်နီနီအောင်က ကျွမ်းဘားအားကစားနည်း၏ အခြေခံနည်းစနစ်များနှင့် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားလုပ်ဆောင်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအား အသိပညာပေးဟောပြောခဲ့ပြီးနောက် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှ အားကစားသမားများက ကျွမ်းဘားအားကစားနည်း အခြေခံနည်းစနစ်များဖြင့် သရုပ်ပြကစားခဲ့ပြီး ဟောပြောပွဲ/သရုပ်ပြပွဲ တက်ရောက်လာသည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ […]
မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ပူးပေါင်း၍ အားကစားအသိပညာပေး ဟောပြောပွဲနှင့် ကျွမ်းဘားအားကစားနည်းသရုပ်ပြပွဲအခမ်းအနားကျင်းပ

မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ပူးပေါင်း၍ အားကစားအသိပညာပေး ဟောပြောပွဲနှင့် ကျွမ်းဘားအားကစားနည်းသရုပ်ပြပွဲအခမ်းအနားကျင်းပ တောင်ကြီး၊ ဇူလိုင်(၁၀)ရက်။ မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်နှင့် ရှမ်းပြည်နယ်၏ အားကစားဖွံ့ဖြိုးတိုးတက်ပြီး ကျောင်းသား/ကျောင်းသူ လူငယ်များ ကျွမ်းဘားအားကစားနည်းကို စိတ်ပါဝင်စားလာစေရန်အတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျွမ်းဘားအားကစားနည်းအခြေခံ နည်းစနစ်များ ဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားအား ယနေ့နံနက်(၉)နာရီက တောင်ကြီးမြို့၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ နံနက်(၉)နာရီအချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)၌ လည်းကောင်း၊ နေ့လည် (၁၄:၀၀)အချိန်တွင် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း ဟောပြောပွဲကျင်းပရာတွင် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်၊ ဒုဥက္ကဌ ဒေါ်နီနီအောင်က ကျွမ်းဘားအားကစားနည်း၏ အခြေခံနည်းစနစ်များနှင့် မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစား လုပ်ဆောင်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအား အသိပညာပေး ဟောပြောခဲ့ပြီးနောက် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှ […]
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈) ခရိုင် အသက်(၁၉)နှစ်နှင့်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈) ခရိုင် အသက်(၁၉)နှစ်နှင့်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ပုသိမ်၊ ဇူလိုင်(၆)ရက်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈) ခရိုင် အသက်(၁၉)နှစ်နှင့်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၅.၇.၂၀၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ ပုသိမ်တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု့အားပေးခဲ့ကြပြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားကာ အဖွင့်ပွဲစဉ်အဖြစ် ကျုံပျော်ခရိုင်အသင်းနှင့်ပုသိမ်ခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားကြပုံများကိုကြည့်ရှု့အားပေးခဲ့ပါသည်။ အဖွင့်ပွဲစဉ်တွင် ကျုံပျော်ခရိုင်အသင်းမှ ပုသိမ်ခရိုင်အသင်းကို (၄-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။
၂၀၂၃ခုနှစ်၊ မိုင်းဆတ်ခရိုင် အားကစားနှင့်ကာယပညာကော်မတီ မိုးရာသီမုတ်သုံဖလား အမျိုးသား(အလွတ်တန်း)ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်အနားကျင်းပ

၂၀၂၃ခုနှစ်၊ မိုင်းဆတ်ခရိုင် အားကစားနှင့်ကာယပညာကော်မတီ မိုးရာသီမုတ်သုံဖလား အမျိုးသား(အလွတ်တန်း)ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်အနားကျင်းပ ဇူလိုင်လ (၅)ရက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်/မြို့နယ် ရှမ်းပြည်နယ်အတွင်းရှိ ဒေသများတွင် ဘောလုံးအဆင့်အတန်းတိုးတက်မြင့်မားရေး၊ လူငယ်မျိုးဆက်သစ် အားကစားသမားများမွေး ထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်များ ချစ်ခင်စည်းလုံးမှုရရှိကာ ကျန်းမာကြံ့ခိုင်သော လူငယ်အဖြစ် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍကို တိုးတက်စေရန်နှင့် နိုင်ငံဂုဏ်ဆောင်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုင်းဆတ်ခရိုင် အားကစားနှင့်ကာယပညာကော်မတီ မိုးရာသီမုတ်သုံဖလား အမျိုးသား(အလွတ်တန်း)ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၅.၇.၂၀၂၃) ညနေ(၃:၃၀)အချိန်တွင် ပြိုင်ပွဲဝင်အသင်း (၁၁)သင်းဖြင့် မိုင်းဆတ်မြို့ အောင်ဇေယျ ဘက်စုံအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲသို့ ဗိုလ်မှူးချုပ် အေးမင်းဦး ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ တပ်ရင်းတပ်ဖွဲမှူးများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ နှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် […]
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်နှင့် ဝန်ထမ်းများတွေ့ဆုံပွဲအခမ်းအနားကျင်းပ

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်နှင့် ဝန်ထမ်းများတွေ့ဆုံပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဇူလိုင်လ(၃)ရက်။ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင် ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဝန်ထမ်းများ တွေ့ဆုံပွဲနှင့်ဝန်ထမ်းသက်သာစားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နေ့လယ်(၁၄:၀၀)နာရီတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင် ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ ၊ ဒုတိယကျောင်းအုပ်ကြီးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဌာနစိတ်အလိုက် အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၂၄၀)ဦး တက်ရောက်ခဲ့ပါသည်။ ပထမဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ […]
7th National Sports Recreation Festival 2023နှင့် ASEAN Sports Day 2023 အထိမ်းအမှတ် ပွဲတော်များသို့တက်ရောက်ရန် ပြည်ပထွက်ခွာ

7th National Sports Recreation Festival 2023နှင့် ASEAN Sports Day 2023 အထိမ်းအမှတ် ပွဲတော်များသို့တက်ရောက်ရန် ပြည်ပထွက်ခွာ ရန်ကုန်၊ဇူလိုင်လ(၁)ရက် ၂၀၂၃ခုနစ်၊ဇူလိုင်လ(၂)ရက်နေ့မှ(၄)ရက်နေ့အထိ့ ၊အင်ဒိုနီးရှာ နိင်ငံ Bandungမြို့တွင်ကျင်းပပြုလုပ်မည့် 7th National Sports Recreation Festival နှင့် ASEAN Sports Day 2023အထိမ်းအမှတ် ပွဲတော်သို့တက်ရောက်ရန် အားကစားနင့်လူငယ်ရေးရာဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန၊ဒေါ်အိသန္တာဝင်း၊ (လက်ထောက်ညွှန်ကြားရေးမှူး၊)ဒေါ်သက်ထားနွယ်၊(အားကစားမှူး)၊ဒေါ်မို့မို့ဟိန်းကိုကို၊(အားကစားမှူး) ၊ ဒေါ်ချယ်ရီဖော၊(အားကစားမှူး)နှင့်ဒေါ်ပိုးပိုးဆက်(ဌာနခွဲစာရေး)တို့သည် ယနေ့ည(၁၉း၀၀)အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာသွားကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

၂၀၂၃ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ နေပြည်တော်၊ ဇွန်(၃၀)။ ၂၀၂၃ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၇)နာရီတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ပြေးခုန်ပစ်အားကစားနည်းမှ မီတာ ၈၀၀ (အမျိုးသား/အမျိူးသမီး) အပြေးပြိုင်ပွဲ၊ အလျားခုန် (အမျိုးသား/အမျိုးသမီး)၊ သံလုံးပစ်(အမျိုးသား/အမျိုးသမီး)၊ မီတာ ၁၀၀ (အမျိုးသား/ အမျိုးသမီး)၊ မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်း (အမျိုးသား/အမျိုးသမီး)၊ မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်း (အမျိုးသား+အမျိုးသမီး) ပြိုင်ပွဲများကို ကျင်းပခဲ့သည်။ မီတာ ၈၀၀ (အမျိုးသား) အပြေးပြိုင်ပွဲတွင် မောင်စီရမ်းပေါ့က ပထမ၊ မောင်ဖိုးချိုက ဒုတိယ၊ မောင်ထက်မြက်အောင်က တတိယဆုများကိုလည်းကောင်း၊ မီတာ ၈၀၀ (အမျိုးသမီး) အပြေးပြိုင်ပွဲတွင် မကိမ်ရှန်းဒိတ်ဆာန်က ပထမ၊ […]
သာကေတမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားကျင်းပ

သာကေတမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားကျင်းပ ရန်ကုန်၊ ဇွန်လ(၂၈)ရက်။ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ အရှေ့ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူမှ အဖွင့်အမှာစကားပြောကြားခဲ့ကာ အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်အေးအေးအောင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်ပြီးလူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက ”အနာဂတ်နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းပြီး နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်ကြမဲ့ မျိုးဆက်သစ် လူငယ်လူရွယ်များသည် ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနဲ့လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတက်အောင် အသိပညာ၊ အတတ်ပညာတွေကို ကြိုးစားလေ့လာဆည်းပူးဖို့လိုသကဲ့သို့ ကျန်းမာကြံ့ခိုင်ခြင်းသည်လည်း အရေးကြီးသည့်ကဏ္ဍဖြစ်သည့်အတွက် ကျန်းမာ ကြံ့ခိုင်ပြီး ဉာဏ်ပညာပြည့်ဝစေရန် အားကစားနည်း […]
၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဇွန်(၂၇)ရက်။ ၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်ပရိတ်သတ်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ ယနေ့အုပ်စုပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (ခ)အသင်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(ခ) အသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို (၅)ဂိုး (၀)ဂိုးဖြင့်လည်းကောင်း၊ မွန်းလွဲ (၃)နာရီခွဲအချိန်တွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(က)အသင်းနှင့် ပညာရေးဝန်ကြီးဌာန(ခ)အသင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်းသိရသည်။
၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကျင်းပ

၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကျင်းပ နေပြည်တော်၊ ဇွန်(၂၆)။ ၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်ပရိတ်သတ်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့အုပ်စုပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို (၂)ဂိုး (၀)ဂိုးဖြင့်လည်းကောင်း၊ မွန်းလွဲ (၃)နာရီခွဲအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို (၁)ဂိုး (၀)ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း သိရသည်။