မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ မော်လမြိုင် သြဂုတ်လ(၃)ရက်။ ၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို သြဂုတ်(၃)ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန် မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မွန်ပြည်နယ်တစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက် ကဏ္ဍပေါင်းစုံ တွန်းအားပေးပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိရာ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှု၊ ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ၏ အနီးကပ်ကြီးကြပ်မှု အားကစားနည်းအလိုက် ဆပ်ကော်မတီဝင်များ၏ တက်ကြွစွာပူးပေါင်းလုပ်ဆောင်မှု၊ စေတနာရှင်၊ အလှူရှင်များ၏ ထောက်ပံ့ကူညီမှုများနှင့် […]
ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သော ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သော ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ တောင်ကြီး၊ ဩဂုတ်လ(၂)ရက်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သည့် ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ဩဂုတ် ၂ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဂုဏ်ပြုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ် ဖူဆယ်ဘောလုံးအသင်း အောင်မြင်မှု အသီးအပွင့်ခံစားလာရသည်မှာ ရှမ်းပြည်နယ်အတွင်း ဖူဆယ်အားကစားကွင်းများ များပြားလာခြင်း၊ ပြိုင်ပွဲများစွာ ကျင်းပပေးနိုင်ခြင်း၊ အားကစားသမားများနှင့် နည်းပြများမှ အားသွင်ခွန်စိုက် အရည်အချင်းများကို ကြိုးစားဖော်ထုတ်ပြသ ကစားနိုင်ခဲ့သောကြောင့် ရှမ်းပြည်နယ်ဖူဆယ်သမိုင်းတွင် ပထမဆုံး တံခွန်စိုက်ဒိုင်း ရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ ဖူဆယ်အားကစားနည်းသည် အခြားအားကစားနည်းများလို ကိုယ်ခန္ဓာကြီးထွားမှုနှင့် အရပ်အမောင်းမြင့်မားမှုတို့ အဓိကမကျဘဲ သွက်လက်ဖျတ်လက်မှု၊ […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲတွင်အောင်ပွဲရ ရှမ်းပြည်နယ် ဖူဆယ်(အမျိုးသား/အမျိုးသမီး) အသင်းအားကြိုဆို

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဖူဆယ်ပြိုင်ပွဲတွင် အောင်ပွဲရ ရှမ်းပြည်နယ် ဖူဆယ်(အမျိုးသား/အမျိုးသမီး) အသင်းအားကြိုဆို တောင်ကြီး၊ ဇူလိုင်လ(၁)ရက်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲဝင် အသင်း(၁၅)သင်း၊ အမျိုးသမီးပြိုင်ပွဲဝင်အသင်း(၁၁)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ရှမ်းပြည်နယ်မှ အမျိုးသမီး ပထမ၊ အမျိုးသား ဒုတိယဆုဆုရရှိသဖြင့် သြဂုတ်လ(၁)ရက်နေ့၊ နေ့လည် (၁၄:၀၀) အချိန်တွင် ပြည်နယ်ရုံးရှေ့၌ ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲကို ဇူလိုင်(၂၄)ရက်နေ့မှ စတင်၍ ဇူလိုင်(၃၁)ရက်နေ့ထိ အမျိုးသား ပြိုင်ပွဲဝင် အသင်း(၁၅)သင်း၊ အမျိုးသမီး ပြိုင်ပွဲဝင်အသင်း (၁၁)သင်းဖြင့် ကျင်းပခဲ့ရာ ရှမ်းပြည်နယ် အမျိုးသမီးဖူဆယ်အသင်းက ဗိုလ်လုပွဲတွင် ပဲခူးတိုင်းဒေသကြီးဖူဆယ်အမျိုးသမီးအသင်းကို (၆) ဂိုး၊ (၂) ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိ ဗိုလ်စွဲခဲ့ပြီး၊ ရှမ်းပြည်နယ် […]
၂၀၂၃ ခုနှစ်၊ မိုးရာသီ အပျော်တမ်း မျိုးဆက်သစ် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ မိုးရာသီ အပျော်တမ်း မျိုးဆက်သစ် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ တောင်ကြီး၊ ဇူလိုင် (၂၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ရှမ်းပြည်နယ် ဘတ်စကက်ဘောဆပ်ကော်မတီနှင့် မိဘဆရာအသင်းတို့ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီ အပျော်တမ်း မျိုးဆက်သစ်လူငယ်များ အသက်(၁၂)နှစ်အောက်နှင့် အသက်(၁၈)နှစ်အောက် 3 x 3 ဘတ်စကက်ဘောပြိုင်ပွဲအား (၂၂.၇.၂၀၂၃)ရက်နေ့မှ (၂၃.၇.၂၀၂၃) ရက်နေ့ထိ ပြည်နယ်မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဘတ်စကက်ဘောအားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြပါသည်။ ဆက်လက်ပြီးပြိုင်ပွဲကျင်းပပေးရခြင်းရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်ဘတ်စကက်ဘောအားကစားနည်းဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးဆက်သစ်အားကစားသမားများထွက်ပေါ်လာစေရန်၊ လူငယ်လူရွယ်များ လမ်းမှားသို့မရောက်ရှိစေရေးနှင့် အားကစားပြုလုပ်ခြင်းဖြင့်နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးတို့ကိုရှေးရှု၍ ရည်ရွယ်ကျင်းပပေးရခြင်းဖြစ်ပါကြောင်းတို့ကို ပြိုင်ပွဲကျင်းပရေး တာဝန်ခံမှပြောကြားသွားပါသည်။ ဆက်လက်ပြီးဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ညနေ […]
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုနှင့် ကာယအလှမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလားကာယဗလမောင်၊ ကာယကြံ့ခိုင်မှုနှင့် ကာယအလှမယ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ တောင်ကြီး၊ ဇူလိုင်လ(၁၈)ရက်။ ၂၀၂၃ခုနှစ်ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ်ဖလား ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုနှင့်ကာယအလှမယ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကိုဇူလိုင်(၁၈)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက “ ကာယပြည့်ဖြိုးပြည့်အကျိုး” ဟူသောဆောင်ပုဒ်အတိုင်း ကိုယ်ကာယဖွံ့ဖြိုးသန်မာမှ တိုင်းပြည်အကျိုးအတွက် ထမ်းဆောင်ကူညီနိုင်မည်ဖြစ်သောကြောင့် ရှမ်းပြည်နယ်အတွင်းမှ လူငယ်များ ကျန်းမာကြံ့ခိုင်လာစေရန် ကိုယ်ကာယအချိုးအစား ညီညွှတ်ပြေပြစ်လာစေရန်၊ အမျိုးသားများသာမက အမျိုးသမီးများကာယ၊ ညာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ အထွေထွေကျန်းမာရေးကောင်းမွန်လာစေရန်နှင့် ကာယဗလမောင်နှင့်ကာယအလှမယ်များပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပြီးပြည်နယ်အဆင့်ပြိုင်ပွဲမှထူးချွန်သည့်အားကစားသမားများရွေးချယ်ပြီးရန်ကုန်မြို့တွင်ကျင်းပပြုလုပ်မည့်ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲသို့ သွားရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ကာယအလှမယ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော အားကစားသမားများအား ငွေသားဆု ချီးမြှင့်ခြင်း၊ ကာယအလှမယ်ပြိုင်ပွဲတွင် ဆဋ္ဌမမှ ဒသမဆုရရှိသူများ၊ စတုတ္ထနှင့် ပဉ္စမဆုရရှိသူများ၊ တတိယနှင့် ဒုတိယဆု ရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ပေးကြပြီး ပထမဆုရရှိသူများကို […]
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ ဇူလိုင် (၁၈)။ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ နေပြည်တော်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ နေပြည်တော်လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီရိနွယ်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့လူငယ်တွေဟာ နောင်တစ်ချိန်တွင် တိုင်းပြည်တာဝန်ကို ပုခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမဲ့ သူတွေပဲဖြစ်ပါကြောင်း၊ လက်ရှိနိုင်ငံတော်တိုးတက်ဖွံ့ဖြိုးဖို့ ယခုထက် အဆင့်မြင့်ပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ဆိုရင် ယနေ့အခမ်းအနားကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ […]
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းပွဲ” အခမ်းအနားကျင်းပ

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းပွဲ” အခမ်းအနားကျင်းပ ရန်ကုန်၊ ဇူလိုင်(၁၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းပွဲ” အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်း၌ ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက လူငယ်ရေးရာအသိပညာပေဟောပြော၍လည်းကောင်း ၊ မြန်မာ့အားကစား လက်ရွေးစင်ဟောင်း ဒေါ်မာမာမင်းမှ လူငယ်များ အားကစားကိုငယ်စဉ်ကတည်းက နေ့စဉ်ဆောင်ရွက်တက်လာစေရန် ဟောပြောပို့ချ၍ လည်းကောင်း ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးမှ “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားမှူး ဒေါ်အောင်မာဝင်းက “လူငယ်နှင့် ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောပို့ချခဲ့ပါသည်။ ဆက်လက်၍ ဝူရှူး ၊ ရိုးရာခြင်းလုံးနှင့် Fitness Dance သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ရန်ကုန်တိုင်းဒေသကြီး […]
အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကျင်းပ တောင်ကြီး၊ ဇူလှိုင်(၁၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ၁၃.၇.၂၀၂၃ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် အေးသာယာမြို့၊အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ခန်းမ၌လည်းကောင်း ၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ရွှေညောင်မြို့၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ခန်းမ၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး တို့တက်ရောက်ခဲ့ကြပြီး လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲခြင်းမှရှောင်ကြဥ်နိုင်ကြစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) အေးသာယာမှကျောင်းသား /ကျောင်းသူ (၂၀၀)ဦး၊ အမှတ်(၂)အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ) ရွှေညောင်မှ ကျောင်းသား/ ကျောင်းသူ(၁၅၀)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူအင်အား (၃၅၀)ဦးတို့မှတက်ရောက်ခဲ့ကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက အားကစားနှင့်မူးယစ်ဆေး၊ တောင်ကြီးမြို့နယ် […]
ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်အလိုက်အသက်(၁၉)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်အလိုက်အသက်(၁၉)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ တောင်ကြီး ဇူလိုင်လ(၁၂)ရက်။ ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကို ဇူလိုင်(၁၂)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ကျင်းပသည်။ ဦးစွာမြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှ ကျွမ်းဘားအားကစားနည်းများ သရုပ်ပြသနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီးရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းတို့က မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်နာယကဦးမြင့်အောင်နှင့် သရုပ်ပြသပေးသော ကျွမ်းဘားအဖွဲ့၊ ပွဲစပွဲဆုံးကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ဆုချီးမြှင့်ပွဲတွင် နောက်ဆုံးဗိုလ်ပွဲအဖြစ် တာချီလိတ်မြို့နယ်အသင်းနှင့် ညောင်ရွှေမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ် ပြည်နယ်ဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီး တာချီလိတ်မြို့နယ်အသင်းမှ အနိုင်ရရှိသွားကြောင်း သိရသည်။ ဆက်လက်၍ […]
၂၀၂၃ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၃ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ ဘားအံ၊ ဇူလှိုင်(၁၃)ရက်။ ၂၀၂၃ခုနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ၊မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို (12.7.2023)ရက်နေ့ ညနေ(၃:၀၀) အချိန် ဘားအံမြို့ဇွဲကပင်အားကစားကွင်း(လှာကမြင်)၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးနှင့်ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ဘောလုံး ဆပ်ကော်မတီဝင်များနှင့်ဘောလုံးဝါသနာရှင်များ၊တက်ရောက်အားပေးခဲ့ကြပါသည်။ ရှေ့ဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ်ဘားအံမြို့နယ် အသင်းနှင့် ကော့ကရိတ်မြို့နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဘားအံမြို့နယ်အသင်းမှ ကော့ကရိတ်မြို့နယ်အသင်းအား ၃ဂိုး၂ဂိုး ဖြင့် ဘားအံမြို့နယ်အသင်းမှ အနိုင်ရဗိုလ်စွဲခဲ့ပါသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းနားကိုဆက်လက်ကျင်းပရာ ကြက်ခြေနီတပ်ဖွဲ့ဂုဏ်ပြုငွေအား ကရင်ပြည်နယ်အစိုးရအဖွဲ့ […]