အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော အမျိုးသား/အမျိုးသမီး သက်တမ်းအလိုက် ရေကူးပြိုင်ပွဲကျင်းပ

ရန်ကုန်၊ နိုဝင်ဘာလ(၂၅)ရက်။

နိုင်ငံတော်အတွက် လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာအောင်ရည်ရွယ်၍ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော အမျိုးသား/အမျိုးသမီး သက်တမ်းအလိုက် ရေကူးပြိုင်ပွဲကို ယနေ့နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း အမျိုးသားရေးကူးကန်၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးကျော်ဦး၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌများ၊ ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်အားကစားသမားများ နှင့် အားကစားဝါသနာရှင်များတက်ရောက်ကြသည်။

ယနေ့ပြိုင်ပွဲတွင် အမျိုးသမီး (၉)နှစ်နှင့်(၁၀)နှစ် မီတာ(၂၀၀)တစ်ဦးချင်းလေးမျိုးကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး(၈)နှစ်အောက် မီတာ(၁၀၀)အလွတ်ကူးပြိုင်ပွဲများ၊ အမျိုးသား/ အမျိုးသမီး (၉)နှစ်နှင့်(၁၀)နှစ်မီတာ(၁၀၀)အလွတ်ကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး(၁၁)နှစ်နှင့်(၁၂)နှစ် မီတာ (၁၀၀) အလွတ်ကူး ပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး(၁၃)နှစ်နှင့်(၁၄)နှစ် မီတာ(၁၀၀) အလွတ်ကူး ပြိုင်ပွဲများ၊ အမျိုးသား(၁၅)နှစ်၊(၁၆)နှစ် ၊(၁၇)နှစ် မီတာ(၁၀၀)အလွတ်ကူးပြိုင်ပွဲများ၊ အမျိုးသား/ အမျိုးသမီး(၁၇)နှစ်အထက် မီတာ(၁၀၀)အလွတ်ကူးပြိုင်ပွဲများ၊ အမျိုးသား/ အမျိုးသမီး(၈)နှစ်အောက် မီတာ(၅၀)ရင်ဘောင်တန်းကူးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး (၉)နှစ်၊ (၁၀)နှစ် မီတာ(၁၀၀) ရင်ဘောင်တန်းကူးပြိုင်ပွဲများ၊အမျိုးသား/အမျိုးသမီး (၁၁)နှစ်၊ (၁၂)နှစ် မီတာ(၁၀၀) ရင်ဘောင်တန်းကူး ပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး(၈)နှစ်အောက် မီတာ(၅၀)လိပ်ပြာကူးပြိုင်ပွဲများ၊ အမျိုးသမီး(၉)နှစ်၊ (၁၀)နှစ် မီတာ(၁၀၀)လိပ်ပြာကူးပြိုင်ပွဲများ၊ အမျိုးသမီး(၁၁)နှစ်၊ (၁၂)နှစ် မီတာ(၁၀၀) လိပ်ပြာ ကူး ပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး(၈)နှစ်အောက်မီတာ(၅၀)ပက်လက်ကူးပြိုင်ပွဲများ၊ အမျိုးသမီး(၉)နှစ်၊ (၁၀)နှစ် မီတာ (၁၀၀)ပက်လက်ကူးပြိုင်ပွဲများ၊ အမျိုးသား(၁၁)နှစ်၊ (၁၂)နှစ် မီတာ(၁၀၀) လိပ်ပြာကူး ပြိုင်ပွဲများ၊ အမျိုးသား(၁၇)နှစ်အထက် မီတာ(၂၀၀)ပက်လက်ကူးပြိုင်ပွဲများ၊ အမျိုးသမီး(၁၃)နှစ်၊ (၁၄)နှစ် မီတာ(၂၀၀)အလွတ်ကူးပြိုင်ပွဲများ စုစုပေါင်းပွဲစဉ် (၂၈)ပွဲအား ယှဉ်ပြိုင်ကစားရာ သက်တမ်း အလိုက် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိကြသူများကို ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးကျော်ဦး၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌများက ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

အမျိုးသား/အမျိုးသမီး သက်တမ်းအလိုက် ရေကူးပြိုင်ပွဲကို (၂၆.၁၁.၂၀၂၃)ရက်နေ့တွင် ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း အမျိုးသားရေးကူးကန်၌ နေ့လယ် (၂)နာရီအချိန်၌ ပွဲစဉ်ပေါင်း (၅၁)ပွဲကိုဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အားကစားသမားဦးရေ အမျိုးသား(၆၂)ဦး၊ အမျိုးသမီး (၄၈)ဦး စုစုပေါင်း (၁၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲအား မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရှိရသည်။