“မြန်မာလူငယ်များရဲ့ အခန်းကဏ္ဍကို အားပေးမြှင့်တင်လို့ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးဖော်ဆောင်ကြပါစို့” အလုပ်ရုံဆွေးနွေးပွဲ၏ Sideline အခမ်းအနားပွဲကို Virtual စနစ်ဖြင့် ကျင်းပ
![]()
“မြန်မာလူငယ်များရဲ့ အခန်းကဏ္ဍကို အားပေးမြှင့်တင်လို့ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးဖော်ဆောင်ကြပါစို့” အလုပ်ရုံဆွေးနွေးပွဲ၏ Sideline အခမ်းအနားပွဲကို Virtual စနစ်ဖြင့် ကျင်းပ နေပြည်တော်၊ ဇန်နဝါရီ (၁၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကကြီးမှူး၍ လူငယ်ရေးရာဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သည့် “မြန်မာလူငယ်များရဲ့ အခန်းကဏ္ဍကို အားပေးမြှင့်တင်လို့ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးဖော်ဆောင်ကြပါစို့ ” အလုပ်ရုံဆွေးနွေးပွဲ၏ Sideline အစီအစဉ်ဖြစ်သည့် (ASEAN Talk Watchparty and Feedback Session)ကို ယနေ့နံနက်(၀၉:၃၀) အချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ပညာရေး၊ လူငယ်နှင့်အားကစားဌာနခွဲမှ တာဝန်ရှိသူများ၊ အာဆီယံလူငယ်ဆိုင်ရာအဖွဲ့(AYO)၊ အာဆီယံလူငယ်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ (AYF)နှင့် အာဆီယံလူငယ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(CAYC)တို့မှ ကိုယ်စားလှယ်များနှင့် မြန်မာလူငယ်ကိုယ်စားလှယ် စုစုပေါင်း (၅၀)ဦးတို့ […]
တောင်ကြီးမြို့၊ အ.ထ.က(၉)၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
![]()
တောင်ကြီးမြို့၊ အ.ထ.က(၉)၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို (၁၇.၁.၂၀၂၄)ရက်နေ့ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးစိုးထက်လင်းနှင့် ဝူရှူးအားကစားနည်းသရုပ်ပြအဖွဲ့တို့တက်ရောက်ခဲ့ကြပြီး လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန် ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းခန်းမအတွင်း၌ ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးတို့မှတက်ရောက်ခဲ့ကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက ” လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး “ ခေါင်းစဥ်ဖြင့်လည်းကောင်း ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးစိုးထက်လင်းက ” ဝူရှူးအားကစားအကြောင်းသိကောင်းစရာ “ ခေါင်းစဥ်ဖြင့် လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး ဝူရှူးအားကစားနည်းသရုပ်ပြအဖွဲ့မှ သရုပ်ပြသခဲ့ကာ အဆိုပါသရုပ်ပြပွဲအား ကျောင်းသား/ ကျောင်းသူ (၃၀၀)ဦးမှ တက်ရောက်ကြည့်ရှုကြပြီးဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက […]
၂၀၂၄ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား
![]()
၂၀၂၄ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တောင်ကြီး၊ ဇန်နဝါရီလ(၁၇)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား (၁၇.၁.၂၀၂၄)ရက်နေ့ ညနေ (၁၅:၃၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး နှင့် […]
တောင်ကြီးမြို့တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
![]()
တောင်ကြီးမြို့တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ တောင်ကြီး၊ ဇန်နဝါရီလ(၁၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို (၁၇.၁.၂၀၂၄)ရက်နေ့ မွန်းလွဲ(၀၉:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းတန်းစီကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှအားကစားမှူး ဦးစိုးထက်လင်းနှင့် ဝူရှူးအားကစားနည်းသရုပ်ပြအဖွဲ့တို့တက်ရောက်ခဲ့ကြပြီး လူငယ်များဘက်စုံဖွံ့ဖြိုးစေရန်နှင့် အားကစားအသိပညာများကြွယ်ဝစေရန်တို့ကိုရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း တန်းစီကွင်း၌ ကျောင်းသား/ကျောင်းသူ (၄၀၀)ဦးတို့မှတက်ရောက်ခဲ့ကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးစိုးထက်လင်းက ” ဝူရှူးအားကစားအကြောင်းသိကောင်းစရာ “ ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ပြီး ဝူရှူးအားကစားနည်းသရုပ်ပြအဖွဲ့မှ သရုပ်ပြသခဲ့ကာ အဆိုပါသရုပ်ပြပွဲအား ကျောင်းသား/ ကျောင်းသူက တက်ရောက်ကြည့်ရှုကြပြီး အားကစားမှူး ဦးစိုးထက်လင်းက အားကစားပစ္စည်းများထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်းသိရှိရပါသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ
![]()
မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ (၁၆.၁.၂၀၂၄)ရက်နေ့ မော်လမြိုင်မြို့ ကျောင်းသားအားကစားကွင်း၌ ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ ပြည်နယ်ဘောလုံးဆပ်ကော်ဝင်များ ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအား မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ အဖွင့်မိန့်ခွန်းပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။ ယနေ့ ပွဲစဥ်အဖြစ် မော်လမြိုင်မြို့နယ် ဘောလုံးအသင်းနှင့် ပေါင်မြို့နယ်တို့ ယှဥ်ပြိုင်ကစားရာ ၁ဂိုး ၁ဂိုးဖြင့် သရေဖြစ်ခဲ့ပါသည်။
ဝိုင်းမော်မြို့နယ် အ.ထ.က(၂)ကျောင်း၌ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်ကျင်းပ
![]()
ဝိုင်းမော်မြို့နယ် အ.ထ.က(၂)ကျောင်း၌ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်ကျင်းပ ဝိုင်းမော်၊ ဇန်နဝါရီလ(၁၆)ရက်။ ကချင်ပြည်နယ်အတွင်းရှိ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ယနေ့(၁၆.၁.၂၀၂၄)ရက်နေ့၌ ဝိုင်းမော်မြို့နယ် အ.ထ.က(၂) ကျောင်း၌ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ အဖွင့်အမှာစကားပြောကြားခြင်း၊ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ခြင်း၊ ဆုရရှိသူများအားဆုများချီးမြှင့်ခြင်း၊ ပြခန်းများနှင့် အားကစားပြိုင်ပွဲများအား ကြည့်ရူအားပေးခြင်းများပြုလုပ်ခဲ့ပါသည်။ တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ ပြည်နယ်ပညာရေးမှူး၊ ပြန်ဆက်ပြည်နယ်မှူးတို့အပြင် ခရိုင်ပြန်ဆက်မှူး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတာဝန်ခံ ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ..မြို့ပေါ်ကျောင်းများမှ ကျောင်းသားကျောင်းသူအင်အား(၂၀၀၀)နီးပါးတက်ရောက်ခဲ့ကြပါသည်။ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်တွင် ပြခန်းများ၊ အားကစားပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများ ထည့်သွင်းကျင်းပပြုလုပ်ခဲ့ပါသည်။
တောင်ကြီးမြို့တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
![]()
တောင်ကြီးမြို့တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ တောင်ကြီးမြို့၊ ဇန်နဝါရီလ(၁၆)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ၁၆.၁.၂၀၂၄ ရက်နေ့ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာအဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးစိုးထက်လင်းနှင့် ဝူရှူးအားကစားနည်းသရုပ်ပြအဖွဲ့တို့တက်ရောက်ခဲ့ကြပြီး လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းခန်းမအတွင်း၌ ကျောင်းသား/ကျောင်းသူ (၁၂၀)ဦးတို့မှတက်ရောက်ခဲ့ကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက ” လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး “ ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ပြီး ဝူရှူးအားကစားနည်းသရုပ်ပြအဖွဲ့မှ သရုပ်ပြသခဲ့ကာ အဆိုပါသရုပ်ပြပွဲအား ကျောင်းသား/ ကျောင်းသူ(၆၁၂)ဦးမှ တက်ရောက်ကြည့်ရှုကြပြီးဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက အားကစားပစ္စည်းများထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်းသိရှိရပါသည်။
၂၀၂၄ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၄ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ညှိနှိုင်းအစည်းအဝေးကျင်းပ တောင်ကြီးမြို့၊ ဇန်နဝါရီလ(၁၆)ရက်။ ရှမ်းပြည်နယ်အစိုးအဖွဲ့၏လမ်းညွှန်မှုများကိုခံယူကာ လူငယ်မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာစေရေး၊ ပြည်နယ်လက်ရွေးစင်အသင်းအားထောက်ပံ့မှု ဖြစ်စေရေးနှင့် ဘောလုံးအားကစားနည်းဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်မည့် ၂၀၂၄ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူများ အစည်းအဝေးနှင့် ပွဲစဥ်များရေးဆွဲမဲနှိုက်ခြင်းကို ယနေ့နံနက်(၀၉း၀၀) နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ လက်ထောက်ညွှန်ကြားရေးမှူးများ ၊ မြို့နယ်အားကစားမှူးများ ၊ တာဝန်ခံအုပ်ချုပ်သူများ ၊ပြည်နယ်ဘောလုံးဆပ်ကော်မတီမှတာဝန်ရှိသူများ ၊ […]
ပြည်မြို့ အ.ထ.က(၁)(၂)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
![]()
ပြည်မြို့ အ.ထ.က(၁)(၂)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ပြည်၊ ဇန်နဝါရီ(၁၅)ရက်။ ပြည်မြို့ အ.ထ.က(၁)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ”ကို ယနေ့နံနက်ပိုင်းက ပြည်မြို့အ.ထ.က(၁)ကျောင်း၌ ကျင်းပပြုလုပ်သည်။ အဆိုပါဟောပြောပွဲတွင် ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက “သတိပြုဆင်ခြင်ရမည့် သတင်းတု၊ သတင်းမှားများ အန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်ခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြခိုင်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်မြို့၊ ရတနာပါဒကျောင်းတိုက်မှ ဆရာတော် ဦးဝိလာသ (ကဗျာဆရာ ကနောင်နိုင်နွယ်ဦး)က “ဘဝလမ်းမှ ပန်းအိပ်မက်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး […]
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၌လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
![]()
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၌လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ သာကေတ ဇန်နဝါရီလ(၁၂)ရက်။ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊သာကေတမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ ဖြိုးစေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ကျင်းပခဲ့သည်။ ရှေးဦးစွာအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံဆရာမဒေါ်ချိုချိုအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူးဒေါ်ခင်ကောင်းစံက လူငယ်နှင့်အားကစားဆိုင်ရာများ လည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာန၊ တိုင်းရင်းဆေးမှူး ဒေါ်ထက်ထက်ဝေကလူငယ်နှင့်ကျန်းမာရေးဆိုင်ရာများအားလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ဒုတိယညွှန်ကြားရေးမှူး(တာဝန်ခံအရာရှိ)ဦးစန်းလှိုင်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးမျိုးနွယ်စုအမျိုးအစားဆိုင်ရာများနှင့် ဓလေ့ထုံးတမ်းဝတ်စားဆင်ယင်မှုဆိုင်ရာများအားလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူမှ လူငယ် များ ဗလငါးတန် ဖွံ့ဖြိုးရေးဆိုင်ရာများအား အသိပညာပေး ဟောပြောခဲ့ပါသည်။