အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဝိုင်းမော်မြို့နယ် အ.ထ.က(၂)ကျောင်း၌ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်ကျင်းပ

ဝိုင်းမော်၊ ဇန်နဝါရီလ(၁၆)ရက်။

ကချင်ပြည်နယ်အတွင်းရှိ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ယနေ့(၁၆.၁.၂၀၂၄)ရက်နေ့၌ ဝိုင်းမော်မြို့နယ် အ.ထ.က(၂) ကျောင်း၌ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ အဖွင့်အမှာစကားပြောကြားခြင်း၊ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ခြင်း၊ ဆုရရှိသူများအားဆုများချီးမြှင့်ခြင်း၊ ပြခန်းများနှင့် အားကစားပြိုင်ပွဲများအား ကြည့်ရူအားပေးခြင်းများပြုလုပ်ခဲ့ပါသည်။ တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ ပြည်နယ်ပညာရေးမှူး၊ ပြန်ဆက်ပြည်နယ်မှူးတို့အပြင် ခရိုင်ပြန်ဆက်မှူး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတာဝန်ခံ ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ..မြို့ပေါ်ကျောင်းများမှ ကျောင်းသားကျောင်းသူအင်အား(၂၀၀၀)နီးပါးတက်ရောက်ခဲ့ကြပါသည်။ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်တွင် ပြခန်းများ၊ အားကစားပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများ ထည့်သွင်းကျင်းပပြုလုပ်ခဲ့ပါသည်။