တောင်ကြီးမြို့တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
တောင်ကြီး၊ ဇန်နဝါရီလ(၁၇)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို (၁၇.၁.၂၀၂၄)ရက်နေ့ မွန်းလွဲ(၀၉:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းတန်းစီကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှအားကစားမှူး ဦးစိုးထက်လင်းနှင့် ဝူရှူးအားကစားနည်းသရုပ်ပြအဖွဲ့တို့တက်ရောက်ခဲ့ကြပြီး လူငယ်များဘက်စုံဖွံ့ဖြိုးစေရန်နှင့် အားကစားအသိပညာများကြွယ်ဝစေရန်တို့ကိုရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း တန်းစီကွင်း၌ ကျောင်းသား/ကျောင်းသူ (၄၀၀)ဦးတို့မှတက်ရောက်ခဲ့ကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးစိုးထက်လင်းက ” ဝူရှူးအားကစားအကြောင်းသိကောင်းစရာ “ ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ပြီး ဝူရှူးအားကစားနည်းသရုပ်ပြအဖွဲ့မှ သရုပ်ပြသခဲ့ကာ အဆိုပါသရုပ်ပြပွဲအား ကျောင်းသား/ ကျောင်းသူက တက်ရောက်ကြည့်ရှုကြပြီး အားကစားမှူး ဦးစိုးထက်လင်းက အားကစားပစ္စည်းများထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်းသိရှိရပါသည်။


