အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

“မြန်မာလူငယ်များရဲ့ အခန်းကဏ္ဍကို အားပေးမြှင့်တင်လို့ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးဖော်ဆောင်ကြပါစို့” အလုပ်ရုံဆွေးနွေးပွဲ၏ Sideline အခမ်းအနားပွဲကို Virtual စနစ်ဖြင့် ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ (၁၈)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကကြီးမှူး၍ လူငယ်ရေးရာဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သည့် “မြန်မာလူငယ်များရဲ့ အခန်းကဏ္ဍကို အားပေးမြှင့်တင်လို့ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးဖော်ဆောင်ကြပါစို့ ” အလုပ်ရုံဆွေးနွေးပွဲ၏ Sideline အစီအစဉ်ဖြစ်သည့် (ASEAN Talk Watchparty and Feedback Session)ကို ယနေ့နံနက်(၀၉:၃၀) အချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ပညာရေး၊ လူငယ်နှင့်အားကစားဌာနခွဲမှ တာဝန်ရှိသူများ၊ အာဆီယံလူငယ်ဆိုင်ရာအဖွဲ့(AYO)၊ အာဆီယံလူငယ်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ (AYF)နှင့် အာဆီယံလူငယ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(CAYC)တို့မှ ကိုယ်စားလှယ်များနှင့် မြန်မာလူငယ်ကိုယ်စားလှယ် စုစုပေါင်း (၅၀)ဦးတို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ Sideline အစီအစဉ်တွင် အာဆီယံစကားဝိုင်း ASEAN Talk (12 Virtual TED Talk-Line Session)တွင် ပါဝင်ဆွေးနွေးထားသည့် အာဆီယံလူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)၏ ဦးစားပေးဆောင်ရွက်သွားမည့် နယ်ပယ်/ကဏ္ဍ(၅)ခု (ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် အာဆီယံနှင့်ပတ်သက်၍ သိရှိနားလည်မှု၊ တန်ဖိုးထားမှုနှင့် ဝိသေသလက္ခဏာများ) တို့အား နယ်ပယ်/ကဏ္ဍတစ်ခုချင်းစီအလိုက် ရှင်းလင်း ဆွေးနွေးခဲ့ပြီး လူငယ်ကိုယ်စားလှယ်များမှ နယ်ပယ်/ကဏ္ဍ တစ်ခုချင်းစီအလိုက် သိရှိလိုသည်များနှင့် အကြံပြုလိုသည်များကို Mentimeter မှတဆင့် ပြန်လည်ဆွေးနွေးပြောကြားခဲ့ပြီးနောက် အခမ်းအနားအား ညနေ(၁၆:၃၀)အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါကြောင်း သိရှိရပါသည်။