အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၌လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

သာကေတ ဇန်နဝါရီလ(၁၂)ရက်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊သာကေတမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ ဖြိုးစေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံဆရာမဒေါ်ချိုချိုအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူးဒေါ်ခင်ကောင်းစံက လူငယ်နှင့်အားကစားဆိုင်ရာများ လည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာန၊ တိုင်းရင်းဆေးမှူး ဒေါ်ထက်ထက်ဝေကလူငယ်နှင့်ကျန်းမာရေးဆိုင်ရာများအားလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ဒုတိယညွှန်ကြားရေးမှူး(တာဝန်ခံအရာရှိ)ဦးစန်းလှိုင်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးမျိုးနွယ်စုအမျိုးအစားဆိုင်ရာများနှင့် ဓလေ့ထုံးတမ်းဝတ်စားဆင်ယင်မှုဆိုင်ရာများအားလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူမှ လူငယ် များ ဗလငါးတန် ဖွံ့ဖြိုးရေးဆိုင်ရာများအား အသိပညာပေး ဟောပြောခဲ့ပါသည်။