ပြည်မြို့ အ.ထ.က(၁)(၂)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
ပြည်၊ ဇန်နဝါရီ(၁၅)ရက်။
ပြည်မြို့ အ.ထ.က(၁)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ”ကို ယနေ့နံနက်ပိုင်းက ပြည်မြို့အ.ထ.က(၁)ကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါဟောပြောပွဲတွင် ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက “သတိပြုဆင်ခြင်ရမည့် သတင်းတု၊ သတင်းမှားများ အန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်ခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြခိုင်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်မြို့၊ ရတနာပါဒကျောင်းတိုက်မှ ဆရာတော် ဦးဝိလာသ (ကဗျာဆရာ ကနောင်နိုင်နွယ်ဦး)က “ဘဝလမ်းမှ ပန်းအိပ်မက်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့်နယ်လှည့်ရွေ့လျား စာကြည့်တိုက်ယာဉ်မှ သုတ/ရသစာအုပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် အထက (၁) မှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၀၀)ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ပြည်မြို့ အ.ထ.က(၂)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော လူငယ်များဘက်စုံဖွံ့ဖြိုးရေး “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကို ယနေ့နံနက်ပိုင်းက ပြည်မြို့အ.ထ.က(၂)ကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဇော်ဝင်းက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင် စာရေးဆရာ မောင်ထွဋ်ကောင်းက “ တတ်ချင်စိတ်နဲ့ ဖတ်ချင်စိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဆရာနွေဝင်းလူ(ပြည်)က “ စာပေဆိုတာ ဘဝရဲ့တန်ဖိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင် စာရေးဆရာ ကျော်ဇူး(ပြည်)က “ အတိဇာတတို့ရဲ့ ရေဆန်လမ်း” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် နယ်လှည့်ရွေ့လျား စာကြည့်တိုက်ယာဉ်မှ သုတ/ရသစာအုပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် အထက (၂) မှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၀) ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


