တောင်ကြီးမြို့၊ အ.ထ.က(၉)၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို (၁၇.၁.၂၀၂၄)ရက်နေ့ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးစိုးထက်လင်းနှင့် ဝူရှူးအားကစားနည်းသရုပ်ပြအဖွဲ့တို့တက်ရောက်ခဲ့ကြပြီး လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန် ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းခန်းမအတွင်း၌ ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးတို့မှတက်ရောက်ခဲ့ကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက ” လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး “ ခေါင်းစဥ်ဖြင့်လည်းကောင်း ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးစိုးထက်လင်းက ” ဝူရှူးအားကစားအကြောင်းသိကောင်းစရာ “ ခေါင်းစဥ်ဖြင့် လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး ဝူရှူးအားကစားနည်းသရုပ်ပြအဖွဲ့မှ သရုပ်ပြသခဲ့ကာ အဆိုပါသရုပ်ပြပွဲအား ကျောင်းသား/ ကျောင်းသူ (၃၀၀)ဦးမှ တက်ရောက်ကြည့်ရှုကြပြီးဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက အားကစားပစ္စည်းများထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်းသိရှိရပါသည်။


