အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာမသန်စွမ်းအားကစားသမားများ၏ မသန်စွမ်းမှုအဆင့်သတ်မှတ်စစ်ဆေးနေမှုများအား သွားရောက်ကြည့်ရှုလေ့လာ

Loading

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာမသန်စွမ်းအားကစားသမားများ၏ မသန်စွမ်းမှုအဆင့်သတ်မှတ်စစ်ဆေးနေမှုများအား သွားရောက်ကြည့်ရှုလေ့လာ ထိုင်း၊ ဇန်နဝါရီ ၁၈။ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့်အတူ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့၏ မသန်စွမ်းမှုအဆင့် သတ်မှတ်စစ်ဆေးနေမှုများအား သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ Nakhon Ratchasima Rajabhat University ဘောလုံးကွင်းအတွင်းရှိ Classification Room တွင် မသန်စွမ်းမှု အဆင့် သတ်မှတ်စစ်ဆေးနေသော မြန်မာမသန်စွမ်း (၇)ယောက်တစ်ဖက်ဘောလုံးအသင်းမှ ကစားသမား များနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး မြန်မာမသန်စွမ်း (၇)ယောက်တစ်ဖက်ဘောလုံးအသင်း တစ်ဦးချင်း မသန်စွမ်းမှုအဆင့် သတ်မှတ်စစ်ဆေးနေခြင်းများကို ကြည့်ရှုလေ့လာကာ တာဝန်ရှိသူများ […]

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခြင်းနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ အလံတင် အခမ်းအနားတက်ရောက်

Loading

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခြင်းနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ အလံတင် အခမ်းအနားတက်ရောက် ထိုင်း၊ ဇန်နဝါရီ ၁၇။ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ထိုင်းနိုင်ငံ၊ နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့သို့ရောက်ရှိနေသော မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့များ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးကာ ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် နာခွန်ရာချာဆီးမား(ခိုရတ်)မြို့၊ Kantary Hotel Korat တွင် တည်းခိုနေထိုင်လျက်ရှိသော မြန်မာမသန်စွမ်း ဘိုစီယာအသင်းမှ အုပ်ချုပ်/နည်းပြ အားကစားသမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ လိုအပ်သည်များ […]

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး 13th Asean Para Games ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့များ၏ တည်းခိုနေထိုင် စားသောက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် တွေ့ဆုံအားပေးစကားပြောကြား

Loading

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး 13th Asean Para Games ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့များ၏ တည်းခိုနေထိုင် စားသောက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် တွေ့ဆုံအားပေးစကားပြောကြား ထိုင်း၊ ဇန်နဝါရီ ၁၆ ။ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် အဖွဲ့ဝင်များသည် 13th Asean Para Games ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့များ၏ တည်းခိုနေထိုင် စားသောက်မှုများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်း တွင် နာခွန်ရာချာဆီးမား(ခိုရတ်)မြို့၊ Suranaree University of Technology တွင် ဖွင့်လှစ်ထားသည့် Sports Village အတွင်းရှိ ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘောနှင့် သေနတ်ပစ်အားကစားအဖွဲ့များ၏ တည်းခိုနေထိုင်စားသောက်မှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများနှင့် […]

(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ ထိုင်းနိုင်ငံသို့ရောက်ရှိ

Loading

(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ ထိုင်းနိုင်ငံသို့ရောက်ရှိ နာခွန်ရစ်ချာဆီမား၊ ဇန်နဝါရီ ၁၅။ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အားကစားနည်း(၁၁)နည်း၌ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ဦးဆောင်သည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ဝင် (၁၄၅)ဦး တို့သည် မြန်မာ့လေကြောင်းလိုင်း(MAI) စင်းလုံးငှား လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့နံနက် မြန်မာစံတော်ချိန် (၆)နာရီအချိန်တွင် ထွက်ခွာခဲ့ရာ ထိုင်းနိုင်ငံ၊ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက်(၆)နာရီ (၄၅)မိနစ်အချိန်တွင် ရောက်ရှိခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် စစ်သံမှူးကြီး ဗိုလ်မှူးချုပ် ဝင်းသူလင်းတို့က လာရောက်ကြိုဆိုခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးမှ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် စစ်သံမှူးကြီးတို့အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့များ တည်းခိုနေထိုင်ရေးအတွက် အဖွဲ့ချုပ်ဥက္ကဋ္ဌအပါအဝင် ဖိတ်ကြားခံပုဂ္ဂိုလ်များ၊ အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် (NPC […]

(၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာ

Loading

(၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာ ရန်ကုန်၊ ဇန်နဝါရီ ၁၅ ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့နှင့် နတ်ခွန်းရတ်ချဆီးမားမြို့များတွင် ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ သည် ယနေ့နံနက် (၀၆း၀၀) နာရီအချိန်တွင် လေယာဉ်အမှတ် 8M-364 အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း MAI ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့သည်။ […]

ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာ၌ အခြေခံကွန်ပျူတာသင်တန်း၊ ပန်းချီသင်တန်း၊ ဂစ်တာတီး သင်တန်းနှင့် (GYM) သင်တန်းများဖွင့်လှစ်

Loading

ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာ၌ အခြေခံကွန်ပျူတာသင်တန်း၊ ပန်းချီသင်တန်း၊ ဂစ်တာတီး သင်တန်းနှင့် (GYM) သင်တန်းများဖွင့်လှစ် ပဲခူး ဇန်နဝါရီ ၅ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် လူငယ်များအား အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံကွန်ပျူတာသင်တန်း၊ ပန်းချီသင်တန်း၊ ဂစ်တာတီးသင်တန်းနှင့် (GYM)သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ ‌ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး အတွေးအခေါ်မှန်ကန်ရေးနဲ့ ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေး တို့အတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များကို မှန်ကန်သည့် လမ်းကြောင်း ပေါ်သို့ ရောက်ရှိစေပြီး နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေး အတွက် […]

၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီလ ၄ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ၊ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီမှစတင်၍ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)နှင့် (၄)တို့၌ ကျင်းပခဲ့သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက် ၈ နာရီမှစတင်၍ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ဝန်ကြီးဌာန ပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲများကို ဆက်လက်ကျင်းပခဲ့ရာ လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲတတိယလုပွဲစဉ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက နိုင်ငံခြားရေးဝန်ကြီးဌာန အသင်းက (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲစဉ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲ တတိယလု ပွဲစဉ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအသင်းက (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ […]

၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများဆက်လက်ကျင်းပ

Loading

၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများဆက်လက်ကျင်းပ နေပြည်တော်၊ ဇန်နဝါရီလ ၃ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ၊ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲများ၊ ပြေးခုန်ပစ် (အမျိုးသား/အမျိုးသမီး) မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀ အပြေးပြိုင်ပွဲနှင့် ခေါင်းအုံးရိုက်(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို ယနေ့နံနက်(၇)နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၊ (၃)နှင့် (၄)တို့၌ ကျင်းပခဲ့သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက် ၈ နာရီမှစတင်၍ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ လွန်ဆွဲ (အမျိုးသမီး) ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းက နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲ […]

၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲနှင့် လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲနှင့် လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၁ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များနှင့် လွန်ဆွဲ (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ နံနက်(၇)နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)နှင့် (၄)တို့၌ကျင်းပခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာန အသီးသီးမှ အရာထမ်း/အမှုထမ်းများနှင့် အားကစားဝါသနာရှင်များ လာရောက် ကြည့်ရှုအားပေးခဲ့သည်။ ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီမှစတင်၍ လေ့ကျင့်ရေးကွင်းအမှတ်(၄)၌ ဝန်ကြီးဌာန ပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအသင်းကို (၃၉)မှတ် (၁)မှတ်ဖြင့်လည်းကောင်း၊ သမဝါယမနှင့် […]

၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲများ စတင်ကျင်းပ

Loading

၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲများ စတင်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၃၀ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ နံနက်(၇)နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း(၄)၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/အမှုထမ်းများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းက နိုင်ငံခြားရေး ဝန်ကြီးဌာနအသင်းကို (၂၁)မှတ်၊(၁၄)မှတ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအသင်းက လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအသင်းကို (၄၃)မှတ်၊ (၁၆)မှတ်ဖြင့်လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို (၃၁)မှတ်၊ (၁၇)မှတ်ဖြင့်လည်းကောင်း၊ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းက အလုပ်သမားဝန်ကြီးဌာနအသင်းကို (၂၈)မှတ်၊ (၂၂)မှတ်ဖြင့် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၁၀)မှတ်၊ […]