အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာမသန်စွမ်းအားကစားသမားများ၏ မသန်စွမ်းမှုအဆင့်သတ်မှတ်စစ်ဆေးနေမှုများအား သွားရောက်ကြည့်ရှုလေ့လာ

ထိုင်း၊ ဇန်နဝါရီ ၁၈။

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့်အတူ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့၏ မသန်စွမ်းမှုအဆင့် သတ်မှတ်စစ်ဆေးနေမှုများအား သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ Nakhon Ratchasima Rajabhat University ဘောလုံးကွင်းအတွင်းရှိ Classification Room တွင် မသန်စွမ်းမှု အဆင့် သတ်မှတ်စစ်ဆေးနေသော မြန်မာမသန်စွမ်း (၇)ယောက်တစ်ဖက်ဘောလုံးအသင်းမှ ကစားသမား များနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး မြန်မာမသန်စွမ်း (၇)ယောက်တစ်ဖက်ဘောလုံးအသင်း တစ်ဦးချင်း မသန်စွမ်းမှုအဆင့် သတ်မှတ်စစ်ဆေးနေခြင်းများကို ကြည့်ရှုလေ့လာကာ တာဝန်ရှိသူများ နှင့် အုပ်ချုပ်/နည်းပြများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဘိုစီယာ၊ ဂိုးလ်ဘော၊ ပြေးခုန်ပစ်၊ ထိုင်လျက်ဘော်လီဘော၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်နှင့် Power-Lifting ကစားနည်းတို့မှ ကစားနည်းအလိုက် မြန်မာမသန်စွမ်းအားကစားသမားများ၏ မသန်စွမ်းမှုအဆင့် သတ်မှတ်စစ်ဆေးခြင်းများ၊ မြန်မာမသန်စွမ်း ဘိုစီယာအသင်းနှင့် ဂိုးလ်ဘောအသင်းတို့၏ လေ့ကျင့် နေမှုများအား သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။