၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ဆက်လက်ကျင်းပ
![]()
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ဆက်လက်ကျင်းပ ရန်ကုန်၊ ဧပြီ ၃၀ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ဆက်လက်ကျင်းပခဲ့သည်။ ယမန်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး (အပြည်ပြည်ဆိုင်ရာလူငယ်စစ်တုရင် ပြိုင်ပွဲ၊ ရိုးရာစစ်တုရင်ပြိုင်ပွဲနှင့် အလွတ်တန်းပြိုင်ပွဲ) Swiss System (Round-4)ပြိုင်ပွဲ ပွဲစဉ်များကို တိုင်း ဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲဝင်အသင်း (၁၃)သင်းမှ စစ်တုရင်အားကစားသမားများ အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး (အပြည်ပြည်ဆိုင်ရာလူငယ်စစ်တုရင်ပြိုင်ပွဲ၊ ရိုးရာစစ်တုရင်ပြိုင်ပွဲနှင့် အလွတ်တန်းပြိုင်ပွဲ) Swiss System (Round-5)ပြိုင်ပွဲ ပွဲစဉ်များကို တိုင်း ဒေသကြီးနှင့်ပြည်နယ် […]
(၆)ကြိမ်မြောက်အာရှသဲသောင်ပြင်ပြိုင်ပွဲတွင်ကြေးတံဆိပ်ဆု သုံးခု ရရှိခဲ့သည့် မြန်မာတက်ဂ်ဘောအသင်းပြန်လည်ရောက်ရှိ ကြိုဆို
![]()
(၆)ကြိမ်မြောက်အာရှသဲသောင်ပြင်ပြိုင်ပွဲတွင်ကြေးတံဆိပ်ဆု သုံးခု ရရှိခဲ့သည့် မြန်မာတက်ဂ်ဘောအသင်းပြန်လည်ရောက်ရှိ ကြိုဆို ရန်ကုန် ၊ ဧပြီ ၃၀ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ Sanyaမြို့တွင် ဧပြီလ၂၃ရက်မှ ၂၇ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် 6th ASIAN BEACH GAMES SANYA 2026 (၆) ကြိမ်မြောက်အာရှသဲသောင်ပြင်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု (၃)ခု ဆွတ်ခူးရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် မြန်မာတက်ဂ်ဘောအသင်းအား အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဦးစိုးမိုးကျော်၊ဦးချစ်ကိုကို တို့ ဦးဆောင်ပြီး အုပ်ချုပ်သူ/နည်းပြ ၊ ကစားသမား စုစုပေါင်း(၁၂)ဦးတို့သည် ယနေ့ နံနက် ၁၀:၁၅ နာရီ အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်မင်းသန်း […]
ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၂) ခု၊ ကြေးတံဆိပ် (၁) ခု ရရှိခဲ့သော မြန်မာနိုင်ငံကိုယ်စားပြု ပြေးခုန်ပစ်အသင်း ပြန်လည်ရောက်ရှိ ကြိုဆို
![]()
ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၂) ခု၊ ကြေးတံဆိပ် (၁) ခု ရရှိခဲ့သော မြန်မာနိုင်ငံကိုယ်စားပြု ပြေးခုန်ပစ်အသင်း ပြန်လည်ရောက်ရှိ ကြိုဆို ရန်ကုန်၊ ဧပြီ ၁၉ စင်ကာပူနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဧပြီလ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကျင်းပခဲ့သော 86th Singapore Open Track & Field Championships 2026 ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု ပြေးခုန်ပစ်အသင်းသည် Event (၄)ခု တွင် အားကစားသမား(၄)ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၂) ခုနှင့် ကြေးတံဆိပ် (၁) ခု စုစုပေါင်း ဆုတံဆိပ် (၄) ခု […]
၂၀၂၆ ခုနှစ် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ ၊ ဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား
![]()
၂၀၂၆ ခုနှစ် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ ၊ ဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား မော်လမြိုင် ၊ မတ် ၁၇ မွန်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မွန်ပြည်နယ်အားကစားဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ ၊ ဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၆ ခုနှစ် မတ်လ ၁၇ ရက်နေ့ ၁၅:၀၀နာရီအချိန် မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ ပြည်နယ်အားကစားဆပ်ကော်မတီ ဥက္ကဋ္ဌများ ၊ ဆုရရှိသော အားကစားသမားများနှင့် အားကစားဝါသနာရှင်များ […]
နပန်း နည်းပြ/ဒိုင်လူကြီး (Coaching Course Level -1) သင်တန်းဆင်းပွဲကျင်းပ
![]()
နပန်း နည်းပြ/ဒိုင်လူကြီး (Coaching Course Level -1) သင်တန်းဆင်းပွဲကျင်းပ ရန်ကုန် ၊ မတ် ၁၃ မြန်မာနိုင်ငံနပန်းအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးကို အထောက်အကူပြု ဆောင်ရွက်နိုင်မည့် နည်းပြ/ဒိုင်လူကြီးကောင်းများ တိုးပွားလာစေရန် အချိန်နှင့်တစ်ပြေးညီ တိုးတက်ပြောင်းလဲလျက်ရှိသည့် နပန်းနည်းစနစ်များကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့တွင် အလျင်အမြန် သိရှိနားလည်စေပြီး နိုင်ငံတကာအဆင့် နည်းပြ/ဒိုင်လူကြီးများ ပေါ်ပေါက်လာပြီး နပန်းအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် နပန်း နည်းပြ/ဒိုင်လူကြီး (Coaching Course Level -1) သင်တန်းဆင်းပွဲနှင့် အောင်လက်မှတ်ချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ (၁၃)ရက်နေ့ ၊ ညနေ(၁၆:၀၀)နာရီအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ရုံးဟောင်းခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ် ဥက္ကဋ္ဌဦးရဲထွန်း ၊ ဒုတိယဥက္ကဋ္ဌများ ၊ […]
နပန်း နည်းပြ/ဒိုင်လူကြီး (Coaching Course Level -1) သင်တန်းဖွင့်ပွဲကျင်းပ
![]()
နပန်း နည်းပြ/ဒိုင်လူကြီး (Coaching Course Level -1) သင်တန်းဖွင့်ပွဲကျင်းပ ရန်ကုန် ၊ မတ် ၉ မြန်မာနိုင်ငံနပန်းအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးကို အထောက်အကူပြုဆောင်ရွက်နိုင်မည့် နည်းပြ/ဒိုင်လူကြီးကောင်းများ တိုးပွားလာစေရန် အချိန်နှင့်တစ်ပြေးညီ တိုးတက်ပြောင်းလဲလျက်ရှိသည့် နပန်းနည်းစနစ်များကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့တွင် အလျင်အမြန် သိရှိနားလည်စေပြီး နိုင်ငံတကာအဆင့် နည်းပြ/ဒိုင်လူကြီးများ ပေါ်ပေါက်လာပြီး နပန်းအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် နပန်း နည်းပြ/ဒိုင်လူကြီး (Coaching Course Level -1) သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ(၉)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ် ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ရုံးဟောင်းခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီး နပန်းဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးနိုင်မြင့်ဦး ၊ […]
၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲနှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲနှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲနှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ် (၁၄ : ၀၀) နာရီအချိန်တွင်ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် နှင့် တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသော မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်(၂၇)ဖွဲ့မှ ဥက္ကဋ္ဌများ ၊ ဒုတိယဥက္ကဋ္ဌများ ၊ အတွင်းရေးမှူးများ နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် […]
ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာတွင် “လူငယ်တို့ထိန်းသိမ်းသွားရမည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ယဉ်ကျေးမှုအမွေအနှစ်များ” စာပေစကားဝိုင်း ကျင်းပ
![]()
ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာတွင် “လူငယ်တို့ထိန်းသိမ်းသွားရမည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ယဉ်ကျေးမှုအမွေအနှစ်များ” စာပေစကားဝိုင်း ကျင်းပ ၂၀၂၆ ဖေဖေါ်ဝါရီ ၁၉ ရက် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာဦးစီးဌာနနှင့် ပဲခူးမြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် “လူငယ်တို့ထိန်းသိမ်းသွားရမည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ယဉ်ကျေးမှုအမွေအနှစ်များ” စာပေစကားဝိုင်း ကို ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာတွေ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။ ပထမဦးစွာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ကာ လူမှုရေးရာဝန်ကြီးမှ လူငယ် များသည် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ပြီး နိုင်ငံတော်၏ တာဝန်များကို လက်ဆင့်ကမ်း ပုခုံးပြောင်းတာဝန်ယူကြမည့်သူများ ဖြစ်သည့်အတွက် လူငယ်အားလုံးသည် နိုင်ငံတော်အတွက် အဓိကအင်အားဖြစ်ကြောင်း၊ လူငယ်များ၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် စိတ်ဓါတ်များ မြင့်မားလာပြီး ဆင်ခြင်တုံတရားနှင့် မှန်ကန်စွာ တွေးခေါ်မြော်မြင်လာနိုင်သည်နှင့်အမျှ နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းကို ကောင်းသထက်ကောင်းအောင် […]
တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အမျိုးသား၊အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပ
![]()
တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အမျိုးသား၊အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပ ရန်ကုန် ၊ ဖေဖေါ်ဝါရီ ၁၄ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် 5×5 အလွတ်တန်း အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲနှင့် 3×3 (U-16 / U-20) အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ညနေပိုင်းက ဗဟန်းမြို့နယ် ၊ ကျိုက္ကဆံဘတ်စကက်ဘောအားကစားရုံ၌ကျင်းပသည်။ ဗိုလ်လုပွဲ ပြိုင်ပွဲများအပြီးတွင် 3×3 (U-16) အမျိုးသမီးပြိုင်ပွဲ၌ ပထမဆုရ ဆင်ဖြူကျွန်းအသင်း ၊ ဒုတိယဆုရ ABYSS(B)အသင်း နှင့် တတိယဆုရ BLage အသင်းတို့အားလည်ကောင်း ၊ 3×3 (U-16)အမျိုးသားပြိုင်ပွဲ၌ ပထမဆုရ Chasing D(1)အသင်း ၊ ဒုတိယဆုရ Change […]
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
![]()
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ ၂၀၂၆ ခုနှစ် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၀၉:၀၀ နာရီအချိန်တွင် ပြည်နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ ပြည်နယ်ပိုက်ကျော်ခြင်းဆပ်ကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်စားပွဲတင်တင်းနစ်ဆပ်ကော်မတီ ဥက္ကဋ္ဌ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးခဲ့ပါသည်။ အမျိုးသားပိုက်ကျော်ခြင်း(၂)ဦးတွဲ ဗိုလ်လုပွဲစဉ်အဖြစ် Zay Zay အသင်းနှင့် T-Khine […]