အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Asian Equestrian Federation (A.E.F) U-21 Regional Group III Show Jumping ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ဒုတိယအကြိမ် အပြီးသတ် ပဏာမလက်ရွေးစင်ရွေးချယ်သည့် အရည်အချင်းစစ် ပြိုင်ပွဲဆက်လက်ကျင်းပ

Loading

Asian Equestrian Federation (A.E.F) U-21 Regional Group III Show Jumping ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ဒုတိယအကြိမ် အပြီးသတ် ပဏာမလက်ရွေးစင်ရွေးချယ်သည့် အရည်အချင်းစစ် ပြိုင်ပွဲဆက်လက်ကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၈။ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သည် အိန္ဒိယနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်၏ ဖိတ်ကြားချက်အရ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံ၌ ကျင်းပမည့် အာရှမြင်းစီးအားကစားအဖွဲ့ချုပ် ဒေသန္တရအုပ်စု(၃)ဆိုင်ရာ အသက် ၂၁ နှစ်အောက် မြင်းစီးတန်းခုန် Asian Equestrian Federation(A.E.F) U-21 Regional Group III Show Jumping ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ဒုတိယအကြိမ် အပြီးသတ် ပဏာမလက်ရွေးစင်ရွေးချယ်သည့် အရည်အချင်းစစ် ဒုတိယနေ့ ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် […]

(၃၇)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၂ ခု ဆွတ်ခူးရရှိ

Loading

(၃၇)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၂ ခု ဆွတ်ခူးရရှိ နေပြည်တော်၊ စက်တင်ဘာ ၇။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ ထိုင်းနိုင်ငံ၌ ကျင်းပလျက် ရှိသော ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသား(Mixregu)ပြိုင်ပွဲတွင် မြန်မာ ပိုက်ကျော်ခြင်းအသင်းမှ ရွှေတံဆိပ် ၁ ခု ကို ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူးရရှိခဲ့ပြီး လာအိုအသင်းက ဒုတိယ၊ ကိုရီးယားအသင်းနှင့်တရုတ်အသင်းတို့က တတိယတို့အသီးသီးရရှိခဲ့သည်။ ယခင်နေ့ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် အမျိုးသမီး Hoop (ကွင်းသွင်းခြင်းခတ်) ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊ အမျိုးသား+ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ […]

ကမ္ဘာ့လှေ‌လှော်လေ့ကျင့်ရေးစခန်းသို့ သွားရောက်လေ့ကျင့်ခြင်းနှင့် အသက်(၁၉)နှစ်နှင့် (၂၃)နှစ်အောက် အာရှလှေလှော် ချန်ပီယံရှစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်ထွက်ခွာ

Loading

ကမ္ဘာ့လှေ‌လှော်လေ့ကျင့်ရေးစခန်းသို့ သွားရောက်လေ့ကျင့်ခြင်းနှင့် အသက်(၁၉)နှစ်နှင့် (၂၃)နှစ်အောက် အာရှလှေလှော် ချန်ပီယံရှစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်ထွက်ခွာ ရန်ကုန် ၊ စက်တင်ဘာ ၄ ရက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Shenyang မြို့တွင် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၅ရက်နေ့မှ ၁၄ရက်နေ့အထိ ကျင်းပမည့် ကမ္ဘာ့လှေလှော်လေ့ကျင့်ရေးစခန်း (World Rowing Training Camp )သို့ သွားရောက်လေ့ကျင့်ခြင်းနှင့် ၂၀၂၄ခုနှစ် အသက် (၁၉)နှစ်နှင့်(၂၃)နှစ်အောက် အာရှလှေလှော်ချန်ပီယံရှစ်ပြိုင်ပွဲ (2024 Asian Rowing U-19 & U-23 Championships) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံလှေ‌လှော်အဖွဲ့ချုပ် အပြည်ပြည်ဆိုင်ရာလှေအသင်းမှ အုပ်ချုပ်သူ/နည်းပြ ဒေါ်နီလာဝင်း၊ အားကစားမှူး၊ အမျိုးသားအားကစားသမားတစ်ဦးနှင့် အမျိုးသမီးအားကစားသမားတစ်ဦးတို့သည် ယနေ့နံနက် ၁၁နာရီ ၂၅မိနစ် အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေယာဉ်ခရီးစဥ်အမှတ် CZ 3056 […]

ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၂)မှ အုပ်ချုပ်/နည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

Loading

ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၂)မှ အုပ်ချုပ်/နည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ စက်တင်ဘာ ၄။ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ်၊ ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၂)မှ ဦးကိုကိုဌေး(ညွှန်ကြားရေးမှူး) ဦးဆောင်သော အုပ်ချုပ်/နည်းပြများနှင့် သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၄၈၀ ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်တုများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိခဲ့သူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ အားကစားရွာနှင့် Social Zone ဖွင့်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်းနှင့် အားကစားပြတိုက်(စိတ်ဓာတ်မြှင့်တင်ရေးခန်းမ)တို့ကို လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက […]

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ကလပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ကလပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီး၊ စက်တင်ဘာလ ၂ ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ကလပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲအား (၂.၉.၂၀၂၄)ရက်နေ့ မွန်းလွဲ (၁၅း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ပြည်နယ်လက်ဝှေ့ဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောအားကစားဆပ်ကော်မတီအလိုက်မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။ ပထမဦးစွာ ပြိုင်ပွဲဝင်အသင်းများမှအားကစားသမားများက အားကစားကွင်းအတွင်း၌နေရာယူခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီးအား စစ်ကြောင်းမှူးက ဦးဆောင်ကာ အလေးပြုတန်းအပ်ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် […]

ပဲခူးတိုင်းဒေသကြီးပြေးခုန်ပစ်အသင်းမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းများသို့ လာရောက်လေ့လာ

Loading

ပဲခူးတိုင်းဒေသကြီးပြေးခုန်ပစ်အသင်းမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းများသို့ လာရောက်လေ့လာ နေပြည်တော်၊ ဩဂုတ် ၂၆။ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ပဲခူးတိုင်းဒေသကြီးအသင်းမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ဖွင့်လှစ်ပြသထားသည့် မြန်မာ့အားကစားလှုပ်ရှားမှုပြခန်းများဖြစ်သည့် စိတ်ဓာတ်မြှင့်တင်ရေးခန်းမ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်တုများ၊ မြန်မာ့အားကစားမော်ကွန်းခန်းမ၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်ဆုရရှိခဲ့သူများ၏ ပြိုင်ပွဲယှဉ်ပြိုင်ခဲ့မှုများနှင့် ဆုတံဆိပ်ရရှိခဲ့မှုမှတ်တမ်းဓာတ်ပုံများပြခန်းတို့ကို လာရောက်ကြည့်ရှု လေ့လာခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြခန်းတာဝန်ရှိသူများက လိုက်လံရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

၂၀၂၄ခုနှစ်၊ အာရှသက်ငယ်တန်း အားကစားပြိုင်ပွဲ(Asia Junior Exchange Games 2024) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ပြည်ပထွက်ခွာ

Loading

၂၀၂၄ခုနှစ်၊ အာရှသက်ငယ်တန်း အားကစားပြိုင်ပွဲ(Asia Junior Exchange Games 2024) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ပြည်ပထွက်ခွာ ရန်ကုန် ၊ ဩဂုတ် ၂၆ ရက်။ ၂၀၂၄ခုနှစ်၊ ဩဂုတ် လ(၂၇)ရက်နေ့မှ စက်တင်ဘာလ(၂)ရက်နေ့အထိ ဂျပန်နိုင်ငံ၊တိုကျိုမြို့ တွင် ကျင်းပပြုလုပ်မည့် ၂၀၂၄ခုနှစ်၊ အာရှသက်ငယ်တန်း အားကစားပြိုင်ပွဲ(Asia Junior Exchange Games 2024) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ဒုတိယအဖွဲ့ခေါင်းဆောင်နှင့် မြန်မာအားကစားအဖွဲ့တို့သည် ယနေ့ည (၇)နာရီ အချိန်၌ လေယာဉ်အမှတ် TG – 304 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ […]

မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းကြီးများက ပဏာမမြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အားကစားအဖွဲ့များအား စိတ်ဓာတ်မြှင့်တင်ရေးဟောပြောပို့ချ

Loading

မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းကြီးများက ပဏာမမြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အားကစားအဖွဲ့များအား စိတ်ဓာတ်မြှင့်တင်ရေးဟောပြောပို့ချ နေပြည်တော်၊ ဩဂုတ် ၂၄။ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှ မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းကြီးများက နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမမြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အားကစားအဖွဲ့များအား စိတ်ဓာတ်မြှင့်တင်ရေး ဟောပြောပို့ချခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေး စခန်းရှိ Gold Medal Hall ၌ ကျင်းပခဲ့သည်။ အစီအစဉ်အရ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း၊ ဘောလုံးအားကစားနည်းမှ မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း ဦးတင်အောင်က အားကစားသည် စိတ်ဓာတ်ကိုအခြေခံ၍ ယှဉ်ပြိုင်ရသည့်အတွက် အားကစားသမားများ စိတ်ဓာတ်ကြံ့ခိုင်မှုရှိရန်လိုအပ်ကြောင်း၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်ရရှိသူများကို နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိကြောင်း၊ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် ဆုတံဆိပ်များဆွတ်ခူးနိုင်ရန်နှင့် အားကစားဖြင့် မိမိနိုင်ငံ၏ဂုဏ်ကို မြှင့်တင်နိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားလေ့ကျင့်ယှဉ်ပြိုင်သွားရန်လိုကြောင်း၊ နည်းပြဆရာများအနေဖြင့် မိမိအားကစား သမားများမှ […]

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ သြဂုတ် ၂၅ ။ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင်ရှိသည့် မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ပြေးခုန်ပစ်အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်း အမှတ်(၁)တို့ တွင်ကျင်းပခဲ့သည်။ ယနေ့ ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (မီတာ ၅၀၀၀၊ သံလုံးပစ်၊ တုတ်ထောက်ခုန်၊ မီတာ ၁၁၀ တန်းကျော်၊ မီတာ ၂၀၀၊ မီတာ ၄၀၀ x ၄ လက်ဆင့် ကမ်း၊ မီတာ ၈၀၀) ပြိုင်ပွဲများနှင့် […]

ပါရီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြေးခုန်ပစ်အားကစားသမား စိုးပေ ပြင်သစ်နိုင်ငံသို့ထွက်ခွာ

Loading

ပါရီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြေးခုန်ပစ်အားကစားသမား စိုးပေ ပြင်သစ်နိုင်ငံသို့ထွက်ခွာ ရန်ကုန် ၊ သြဂုတ် ၂၁ရက်။ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ ၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ကျင်းပမည့် ၂၀၂၄ နွေရာသီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ (Paris 2024 Paralympic Games) သို့ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှ ပြေးခုန်ပစ်အားကစားသမား စိုးပေနှင့် အုပ်ချုပ်သူ ဦးမင်းနိုင်ဦး၊ နည်းပြ ဒေါက်တာ ထက်ဇေယျာ တို့သည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာသွားရာ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဌဗိုလ်ချုပ်လှမိုး၊ အတွင်းရေးမှူးနှင့်အမှုဆောင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် စိုးပေသည်အမျိုးသား မီတာ ၁၀၀ နှင့် မီတာ ၂၀၀ ပြိုင်ပွဲဆေးအဆင့် (T64) (ဒူးအောက်တစ်ဖက်) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး […]