အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ပြည်တက္ကသိုလ် အခြေခံဂျူဒိုနှင့် မြန်မာ့ရိုးရာခြင်းလုံးသင်တန်း စွမ်းရည်ပြပွဲနှင့် သင်တန်းဆင်းပွဲကျင်းပ

Loading

ပြည်တက္ကသိုလ် အခြေခံဂျူဒိုနှင့် မြန်မာ့ရိုးရာခြင်းလုံးသင်တန်း စွမ်းရည်ပြပွဲနှင့် သင်တန်းဆင်းပွဲကျင်းပ ပြည်၊ မတ်လ(၅)ရက်။ ပြည်တက္ကသိုလ် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကျောင်းသား၊ ကျောင်းသူများ၏ အခြေခံဂျူဒိုနှင့် မြန်မာ့ရိုးရာခြင်းလုံးသင်တန်း စွမ်းရည်ပြပွဲနှင့် သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီက ယင်းတက္ကသိုလ် မိုးလုံလေလုံအားကစားရုံ၌ကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်ခရိုင်အားကစားမှူး၊ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသက်လွင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ အားကစားမောင်မယ်များနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးသည်။ ရှေးဦးစွာ ပြည်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ အခြေခံဂျူဒိုသင်တန်းသား၊ သင်တန်းသူ အားကစားမောင်မယ်များက အဖွဲ့အလိုက် ဂျူဒိုအားကစားနည်း ကျနည်း(၇)မျိုးသရုပ်ပြခြင်းနှင့် နှစ်ဦးချင်းအပြိုင် ဂျူဒိုစွမ်းရည်များပြသကြပြီး မြန်မာ့ရိုးရာခြင်းလုံးသင်တန်း သား(၆)ဦးက ရိုးရာခြင်းအလှခတ်ဖြင့်သရုပ်ပြသည်။ ထို့နောက် အဆိုပါသင်တန်းနှစ်ခုမှ သင်တန်းသား၊ သင်တန်းသူများအားပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသက်လွင်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်သည်။ ထို့အပြင် […]

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ

Loading

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ နေပြည်တော်၊ မတ်(၅)။ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ်(၁)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်၍ အမျိုးသား အားကစားပွဲတော်ကို ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ (၄)ကြိမ်တိုင်တိုင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအားကစားပွဲတော်သည် […]

၂၀၂၄ ခုနှစ်၊ တောင်ကြီးမြို့ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ တောင်ကြီးမြို့ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ တောင်ကြီး၊ မတ်လ(၄)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုများကိုခံယူကာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ် ၊ ရှမ်းပြည်နယ်တောင်ကြီးမြို့နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ(၁၅:၃၀) နာရီအချိန်တွင် ပြည်နယ်အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး ၊ ဖိတ်ကြားထားသောပြည်နယ်/ခရိုင်/မြို့နယ်အဆင့် […]

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ပဲခူးမြို့ တိုင်းဒေသကြီး အားကစားဥယျာဉ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ၊ ပဲခူးခရိုင်အားကစားကွင်း၊ ပဲခူးတိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမအား ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ပဲခူးမြို့ တိုင်းဒေသကြီး အားကစားဥယျာဉ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ၊ ပဲခူးခရိုင်အားကစားကွင်း၊ ပဲခူးတိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမအား ကြည့်ရှုစစ်ဆေး ပဲခူး၊ မတ်လ(၂)ရက်။ အားကစားနှင်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ အားကစားကွင်း/ရုံ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းတို့သည် (၂.၃.၂၀၂၃)ရက်နေ့တွင် ပဲခူးမြို့သို့ရောက်ရှိပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် လိုက်ပါလျက် တိုင်းဒေသကြီးအား ဉယျာဉ်အတွင်း တည်ဆောက်ရေးလုပ်ငန်းသို့သွားရောက်၍ ရှင်းလင်းဆောင်ပြင်ဆင်ထားမှု၊ (၄၈၀’ x ၆၀’)ပေ အထူးတန်းပွဲကြည့်စင်တည်ဆောက်နေမှုလုပ်ငန်း၊ အဆင့်မြှင့် မိုးလုံလေလုံအားကစားရုံ (၂၀၀’ x ၁၃၀’) ပေတည်ဆောက်နေမှုလုပ်ငန်း၊ အားကစားကွင်းစိမ်းလန် စိုပြည်ရေးဆောင်ရွက်ထားမှု၊ အရှေ့ဘက်ရိုးရိုးတန်းပွဲကြည့်စင်ဆေးသုတ်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ၄င်းနောက် ပဲခူးခရိုင်အားကစားကွင်းသို့ ရောက်ရှိပြီး အားကစားကွင်းစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမသို့ ရောက်ရှိပြီး အားကစားခန်းမ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း နေပြည်တော်ရှိ အရာထမ်း/ အမှုထမ်းအိမ်ရာများနှင့် အပျိုဆောင်များသို့ လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း နေပြည်တော်ရှိ အရာထမ်း/ အမှုထမ်းအိမ်ရာများနှင့် အပျိုဆောင်များသို့ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မတ်(၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် နေပြည်တော်ရှိ အရာထမ်း/အမှုထမ်းများနေထိုင်သည့်အိမ်ရာများနှင့် အပျိုဆောင်များသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှုထမ်းများနေထိုင်သည့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက် ဘူးကွဲအိမ်ရာရှိ အမှုထမ်းအိမ်ရာတို့အားလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိ ရပ်ကွက်ရှိ အပျိုဆောင်တို့အားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ပိတောက် အိမ်ရာရှိ အမှုထမ်းအိမ်ရာတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အိမ်ရာများတွင် နေထိုင်သည့် အရာထမ်း/ အမှုထမ်းများအားတွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် အိမ်ရာ စည်းမျဉ်း/စည်းကမ်းများအား လိုက်နာဆောင်ရွက်သွားရန်၊ စည်းမျဉ်း/စည်းကမ်းများနှင့် အကျုံးမဝင် […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပီတန်း၊ ဂျူဒိုနှင့် မြားပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပီတန်း၊ ဂျူဒိုနှင့် မြားပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ မတ်လ(၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ပီတန်းအားကစားလေ့ကျင့်ရေးကွင်း၌ ပီတန်းအားကစားသမားများ၏ လေ့ကျင့်‌နေမှုများအားလည်းကောင်း၊ Cluster-3 ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ မြားပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများအနေဖြင့် တစ်ဦးချင်းပြိုင်ပွဲများတွင်ဆုတံဆိပ်များရရှိရုံသာမက အသင်းလိုက် ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲအမျိုးအစားများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ဆုတံဆိပ်များရရှိစေရန် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားရန်လိုကြောင်း၊ ယခုကတည်းက လေ့ကျင့်ချိန်၊ စားသောက်ချိန်၊ အိပ်စက်အနားယူချိန်များကို ညီညွတ်မျှတအောင် အထူးဂရုစိုက်ရန်လိုကြောင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိဖို့လိုကြောင်း၊ အားကစားသမားအချင်းချင်း ညီအစ်ကို၊ မောင်နှမစိတ်ဓာတ်ထားရှိပြီး စည်းလုံးညီညွတ်မှု ရှိရန်လိုကြောင်း၊ နည်းပြများ၏ စနစ်တကျသင်ကြားပြသလေ့ကျင့်ပေးမှုအတိုင်း […]

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ်(၁)။ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘိလိယက်နှင့် စနူကာအားကစားရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။ ကြည့်ရှုအားပေး ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် “၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲ” ပွဲစဉ်များအဖြစ် […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနည်းအလိုက် အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလိုက်လံကြည့်ရှုအားပေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနည်းအလိုက် အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ ဖေဖော်ဝါရီ(၂၉)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင်အားကစားသမားများနှင့် (Youth Camp)မှ လူငယ်အားကစားသမားများ၏ အားကစားနည်းအလိုက်‌ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့သည်။ ဦးစွာ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ပြေးခုန်ပစ်(အပစ်)အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကတ်အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ်အသင်းမှ အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး နေထိုင်စားသောက်လေ့ကျင့်မှုများတွင် အခက်အခဲများရှိပါက သတင်းပို့တင်ပြသွားရန် တာဝန်ရှိသူအား မှာကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းတွင် ပြေးခုန်ပစ် (တာလတ်၊ တာဝေး)အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ အလေးမအားကစားရုံတွင် အလေးမအားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဖူဆယ်အားကစားရုံတွင် ဝူရှူးအားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)တွင် […]

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့်ဗိုလ်လုပွဲပွဲစဉ်များဆက်လက်ကျင်းပ

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့်ဗိုလ်လုပွဲပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၉)။ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့်ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ရှိ ဘိလိယက်နှင့်စနူကာအားကစားပြိုင်ပွဲရုံ၌ ကျင်းပခဲ့သည်။ ယနေ့ပြိုင်ပွဲ အကြိုဗိုလ်လုပွဲပွဲစဉ်များအဖြစ် Snooker 15 Red ပြိုင်ပွဲ၊ 9 Ball Pool Men Single ပြိုင်ပွဲ၊ 9 Ball Pool Women Double ပြိုင်ပွဲတို့အား ယှဉ်ပြိုင်သွားယှဉ်ပြိုင်ကစားခဲ့ပြီး ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် Billiard Double Final ပြိုင်ပွဲ၊ 9 Ball Pool Men Double ပြိုင်ပွဲ၊ 9 Ball Pool Women Double […]

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများဆက်လက်ကျင်းပ

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများဆက်လက်ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၈)။ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘိလိယက်နှင့်စနူကာအားကစားပြိုင်ပွဲရုံ၌ ကျင်းပခဲ့သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် 9 Ball Women D ပြိုင်ပွဲ၊ 9 Ball Men Double ပြိုင်ပွဲ၊ Snooker 15 Red ပြိုင်ပွဲတို့အား ယှဉ်ပြိုင်ကစားခဲ့ကြပြီး အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် Billiards Single ပြိုင်ပွဲ၊ Billiards Double ပြိုင်ပွဲ၊ Snooker 6 Red ပြိုင်ပွဲ နှင့် 9 Ball Women S ပြိုင်ပွဲ ပွဲစဉ်များကို အသီးသီး ယှဉ်ပြိုင်ကစားခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ […]