၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေး
နေပြည်တော် ဒီဇင်ဘာ ၁၁
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက် ယှဉ်ပြိုင်ကစား ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ အမျိုးသား ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ဇင်မင်းခန့်က ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဘိုဘိုရှိုင်းက ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးမှ ထက်လင်းဦးက တတိယဆုကိုလည်းကောင်း၊ အမျိုးသမီး ကြိုးတပ်သံလုံပစ် ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မကွေးတိုင်းဒေသကြီးမှ သဲအိထွေးက ပထမ၊ မကွေး တိုင်းဒေသကြီးမှ ဝင်းအိဖြိုးက ဒုတိယ၊ ချင်းပြည်နယ်မှ ထန်ဒိမ့်ခိုင်က တတိယဆုကိုလည်း ကောင်း ရရှိခဲ့ကြသည်။
အမျိုးသား မီတာ ၁၀၀၀၀ အပြေးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရှမ်းပြည်နယ်မှ ကျော်မင်းအောင်က ပထမ၊ ရန်ကုန်တိုင်းဒေသကြီးမှ မြတ်ဝင်းလှိုင် က ဒုတိယ ကချင်ပြည် နယ်မှ ဂျိုဆာစီက တတိယဆုကိုလည်းကောင်း၊ အမျိုးသမီး မီတာ ၁၀၀၀၀ အပြေးပြိုင်ပွဲ ဗိုလ်လုပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ အိအိဝိုင်းက ပထမ ၊ ပဲခူးတိုင်းဒေသကြီးမှ မေမြတ် နိုးဇင်က ဒုတိယ ၊ ပဲခူးတိုင်းဒေသကြီးမှ မေမြတ်နိုးခင်က တတိယ ဆုကိုလည်းကောင်း ရရှိခဲ့ ကြသည်။
အမျိုးသားသုံးဆင့်ခုန် ဗိုလ်လုပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ လှမျိုးနိုင်က ပထမ၊ ကချင်ပြည်နယ်မှ နေဇော်လင်းက ဒုတိယ၊ ရှမ်းပြည်နယ်မှ ဟိန်းထက်အောင်က တတိယဆု ကိုလည်းကောင်း၊ အမျိုးသမီးသုံးဆင့်ခုန် ဗိုလ်လုပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ အိအိဖြိုး က ပထမ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် မှ အေးအေးမိုးက ဒုတိယ၊ စစ်ကိုင်းတိုင်း ဒေသကြီး မှ ပြည့်ဖြိုးမေက တတိယ ဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။
အမျိုးသား မီတာ ၄၀၀ တန်းကျော် ပြိုင်ပွဲ ဗိုလ်လုပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ မျိုးမင်းထွန်းက ပထမ၊ မန္တလေးတိုင်းဒေသကြီးမှ နန္ဒကျော်က ဒုတိယ၊ တနင်္သာရီတိုင်းဒေသ ကြီးမှ ရင်ဟုန်စိုးက တတိယ ဆုကိုလည်းကောင်း၊ အမျိုးသမီး မီတာ ၄၀၀ တန်းကျော် ပြိုင်ပွဲ ရှမ်းပြည်နယ်မှ အေးသော်တာခိုင်က ပထမ၊ ပဲခူးတိုင်းဒေသကြီးမှ နှင်းပွင့်လှိုင်က ဒုတိယ၊ တနင်္သာရီတိုင်းဒေသကြီးမှ ညိုညိုဌေးက တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲကို ရွှေကြာပင်အားကစားရုံ၌ ကျင်းပရာ လက်ထောက်နည်းပြအဆင့် အမျိုးသားဓားနှစ်လက် စွမ်းရည်ပြပြိုင်ပွဲတွင် မကွေးတိုင်း ဒေသကြီးက ပထမ၊ ရှမ်းပြည်နယ်က ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးက တတိယဆုကို လည်းကောင်း၊ လက်ထောက်နည်းပြအဆင့် အမျိုးသား တစ်ကိုယ်တော် တုတ်ရှည်စွမ်းရည် ပြပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ အောင်ခန့်ပိုင် က ပထမ၊ မွန်ပြည်နယ်မှ ကောင်းမြတ်စံ က ဒုတိယ၊ ရှမ်းပြည်နယ်မှ ခန့်စည်သူက တတိယဆုကိုလည်းကောင်း၊ လက်ထောက်နည်းပြ အဆင့် အမျိုးသားတစ်ကိုယ်တော် ဓားနှစ်လက်ပြ စွမ်းရည်ပြပြိုင်ပွဲတွင် မကွေးတိုင်းဒေသ ကြီးမှ ကျော်ဝင်းလှိုင်က ပထမ၊ ရှမ်းပြည်နယ်မှ ခန့်စည်သူက ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီး မှ အောင်ခန့်ပိုင်က တတိယဆုကိုလည်းကောင်း၊ အမျိုးသားတုတ်ရှည်စွမ်း ရည်ပြပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးက ပထမ၊ မွန်ပြည်နယ်က ဒုတိယ၊ ရှမ်းပြည်နယ်က တတိယဆုကို လည်းကောင်း ရရှိခဲ့ကြသည်။
အတွဲလိုက်စွမ်းရည်ပြပြိုင်ပွဲ (မ-၁/ကျား-၂) လက်နက်မဲ့/ ဓားမြှောင်/ ဓားရှည်ပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီးက ပထမ၊ ရှမ်းပြည်နယ်က ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးက တတိယဆုကိုလည်းကောင်း၊ မ-၁/ကျား-၃ (လက်နက်မဲ့/ ဓားမြှောင် / ဓားရှည်/ တုတ်ရှည် အတွဲလိုက် စွမ်းရည်ပြပြိုင်ပွဲတွင် ကချင်ပြည်နယ်က ပထမ၊ ဧရာဝတီတိုင်းဒေသကြီးက ဒုတိယ၊ ရှမ်းပြည်နယ်က တတိယဆိုကိုလည်းကောင်း၊ အမျိုးသား-အမျိုးသမီး လက်နက်မဲ့/ ဓားမြှောင်စွမ်းရည်ပြပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ သီဟဇော်နှင့် စန္ဒာထွန်းတို့က ပထမ၊ ပြည်ထောင်စုနယ်မြေနေပြည်တော်မှ မျိုးမင်းသော်နှင့် လှိုင်သီတာမိုးတို့က ဒုတိယ၊ ရှမ်းပြည်နယ်မှ စိုင်းနောင်နှင့် နန်းဆိုင်လောင်တို့က တတိယဆုကို ကိုလည်းကောင်း ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၀)နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ဆီမီး ဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပရာ အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်း က ကရင်ပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ရှမ်းပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်း ကို ၃ ပွဲပြတ်၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ် ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်ဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း တိုက်ကွမ်ဒိုရုံ၌ ကျင်းပရာ အမျိုးသားတစ်ဦးချင်း ကကွက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဖြိးဟန်ကျော်က ပထမ၊ မွန်ပြည်နယ်မှ သန့်စင်သူက ဒုတိယ ၊ ရှမ်းပြည်နယ်မှ ဟိန်းယံထွန်း နှင့် ကရင်ပြည်နယ်မှ မြင့်မြတ်ရွှေတို့က ပူးတွဲတတိယဆုကိုလည်းကောင်း၊ အမျိုးသမီး တစ်ဦးချင်းကကွက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဝင်းသင်္ဂီထွန်းက ပထမ၊ ပဲခူးတိုင်း ဒေသကြီးမှ သက်ထားသူဇာက ဒုတိယ ၊ ရှမ်းပြည်နယ်မှ နော်ဧပြီဖောနှင့် ချင်းပြည်နယ်မှ ဖြူစင်သူတို့က ပူးတွဲတတိယဆုကိုလည်းကောင်း၊ အမျိုးသားအမျိုးသမီးအတွဲ Pair ကကွက် ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ စိုင်းနေဇင်ထွန်းနှင့် လင်းလဲ့ကြယ်ဖြူက ပထမ၊ မွန်ပြည်နယ်မှ သန့်စင်သူနှင့် ကြယ်စင်သော်က ဒုတိယ ၊ ရှမ်းပြည်နယ်မှ ဟိန်းယံထွန်းနှင့် နော်ဧပြီဖောနှင့် မန္တလေးတိုင်းဒေသကြီးမှ စောလုကာကျော်နိုင့် မေရတနာအောင်တို့က ပူးတွဲ တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။
အမျိုးသား အသင်းလိုက်ကကွက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဇော်ဒန်အောင် နှင့်အဖွဲ့က ပထမ၊ ပဲခူးတိုင်းဒေသကြီးမှ ဇင်မြတ်ထွန်းနှင့်အဖွဲ့က ဒုတိယ၊ မွန်ပြည်နယ်မှ သန့်စင်သူနှင့် အဖွဲ့နှင့် ကရင်ပြည်နယ်မှ ထင်အောင်လင်းနှင့်အဖွဲ့တို့က ပူးတွဲတတိယဆု ကိုလည်းကောင်း၊ အမျိုးသမီးအသင်းလိုက်ကကွက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ထူးသဉ္ဇာအောင်နှင့်အဖွဲ့က ပထမ ၊ ကယားပြည်နယ်မှ ရွှေလင်းခိုင်နှင့်အဖွဲ့က ဒုတိယ၊ ရှမ်းပြည်နယ်မှ နော်ဧပြီဖောနှင့်အဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးမှ သက်ထားသူဇာနှင့်အဖွဲ့တို့က ပူးတွဲတတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(C)ရုံ၌ ကျင်းပရာ အမျိုးသား Kata ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းက ဒုတိယ၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့က ပူးတွဲတတိယ ဖြင့်လည်းကောင်း၊ အမျိုးသမီး Kata ပြိုင်ပွဲတွင် ကချင်ပြည်နယ်က ပထမ၊ မွန်ပြည်နယ်က ဒုတိယ၊ ပြည်ထောင်စု နယ်မြေ နေပြည်တော်နှင့် ရခိုင်ပြည်နယ်တို့က ပူးတွဲ တတိယဖြင့်လည်းကောင်း၊ အမျိုးသား ၅၅ ကီလိုတန်း အောက်ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ကျော်ဇောအောင်က ပထမ၊ ရန်ကုန် တိုင်းဒေသကြီးမှ သီဟသော်က ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးမှ မျိုးဇော်ထက်နှင့် ကရင် ပြည်နယ်မှ ထက်ကိုဝင်းတို့က ပူးတွဲတတိယဖြင့်လည်းကောင်း၊ အမျိုးသား ၆၀ ကီလိုတန်း အောက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ နိုင်ဌေးက ပထမ၊ ကချင်ပြည်နယ်မှ မိုးကျော်ကျော်က ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးမှ ဝေလင်းထွေးနှင့် ကရင်ပြည်နယ်မှ အောက်ဆက်ပိုင်တို့က ပူးတွဲတတိယဖြင့်လည်းကောင်း၊ အမျိုးသား ၆၆ ကီလိုတန်းအောက် ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ လှိုင်မင်းခန့်က ပထမ၊ ကရင်ပြည်နယ်မှ စောမြသံစဉ် က ဒုတိယ၊ ရခိုင်ပြည်နယ်မှ ဟိန်းထက်ဇော်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ သန့်ဇော်ဦးတို့က ပူးတွဲတတိယဖြင့်လည်းကောင်း၊ အမျိုးသား ၇၃ ကီလိုတန်းအောက်ပြိုင်ပွဲတွင် ရှမ်းပြည်နယ် မှ သန့်ဇင်ဝင်းအောင်က ပထမ၊ ဧရာဝတီတိုင်းဒေသကြီးမှ အောင်သန်းကျော်က ဒုတိယ၊ ပြည်ထောင်စုနယ်မြေနေပြည်တော်မှ လင်းထက်ဦးနှင့် ကချင်ပြည်နယ်မှ လဦးတိုက်ခေါ်တို့ က ပူးတွဲ တတိယဆုကိုလည်းကောင်း ရရှိခဲ့ ကြသည်။
အမျိုးသမီး ၄၅ ကီလိုတန်းအောက်ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ဆောင်ယုံ က ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ခိုင်စပယ်က ဒုတိယ၊ ပဲခူးတိုင်းဒေသကြီးမှ လှသူဇာနှင့် မန္တလေးတိုင်းဒေသကြီးမှ နီမာထွန်းတို့က ပူးတွဲတတိယဖြင့်လည်းကောင်း၊ အမျိုးသမီး ၄၈ ကီလိုတန်း အောက်ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ အိအိသဇင်ဇော်က ပထမ၊ ဧရာဝတီတိုင်းဒေသကြီးမှ နှင်းဝတ်မှုံလွင်က ဒုတိယ၊ မန္တလေးတိုင်းဒေသကြီးမှ ယမင်းသူဇာလှိုင်နှင့် ရန်ကုန်တိုင်းဒေသ ကြီးမှ ပုံ့ပုံ့စိုးတို့က ပူးတွဲတတိယဖြင့်လည်းကောင်း၊ အမျိုးသမီး ၅၂ ကီလိုတန်းအောက် ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ နန့်ဖြိုးသီရိဟန်က ပထမ၊ မွန်ပြည်နယ်မှ နော်မြတ် နိုးရွှေစင်က ဒုတိယ၊ ချင်းပြည်နယ်မှ စန္ဒာဝင်း နှင့် ကချင်ပြည်နယ်မှ မေဇင်ဖြိုးတို့က ပူးတွဲ တတိယဖြင့်လည်းကောင်း၊ အမျိုးသမီး ၅၇ ကီလိုတန်းအောက် ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီးမှ ငွေပုံချစ်က ပထမ၊ ကချင်ပြည်နယ်မှ ပြည့်စုံအောင်က ဒုတိယ၊ မန္တလေးတိုင်း ဒေသကြီးမှ ငုချယ်ဦးနှင့် ရှမ်းပြည်နယ်မှ စံပယ်နှင်းတို့က ပူးတွဲ တတိယဆုကို လည်းကောင်း ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လက်ဝှေ့ရုံ၌ကျင်းပရာ အမျိုးသား ၅၄ ကီလိုတန်းပြိုင်ပွဲတွင် မန္တလေး တိုင်းဒေသကြီးမှ ဇော်ဇော်နိုင် က တနင်္သာရီတိုင်းဒေသကြီးမှ အာကာဖြိုး ကို လည်းကောင်း၊ ရှမ်းပြည်နယ်မှ ရှိုင်းငယ် က ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ဝင်းထိုက် ကိုလည်းကောင်း၊ အမျိုးသား ၆၃ ဒသမ ၅ ကီလိုတန်း ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ နုတ်မာရ် က ပဲခူးတိုင်းဒေသကြီးမှ ဘုန်းမြင့်မောင် ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ စိုင်းနောင် က စစ်ကိုင်းတိုင်းဒေသကြီးမှ ကျော်မျိုးဟန် ကိုလည်းကောင်း၊ အမျိုးသား ၇၁ ကီလိုတန်း ပြိုင်ပွဲ တွင် မန္တလေးတိုင်းဒေသကြီးမှ အောင်မြင့်ထွန်း က ပဲခူးတိုင်းဒေသကြီးမှ ဇင်မင်းကို ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အောင်ဇင်ထိုက် က ကရင် ပြည်နယ်မှ စောငွေမိုး ကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
အမျိုးသမီး ၅၀ ကီလိုတန်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ အေးအေးမူ က စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည့်စုံဝင်း ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ မြမိုးသူ က ပြည်ထောင်စုနယ်မြေနေပြည်တော်မှ အိမ့်မြတ်သော် ကိုလည်းကောင်း၊ အမျိုးသမီး ၅၂ ကီလိုတန်း ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ သက်ထားဗိုလ် က ရှမ်းပြည်နယ်မှ ထက်ထက်အောင် ကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီးမှ သင်းသင်းခိုင် က တနင်္သာရီတိုင်းဒေသကြီးမှ အေးအေးပြည့် ကိုလည်းကောင်း၊ အမျိုးသမီး ၅၄ ကီလိုတန်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ ထားထားနွယ် က ရှမ်းပြည်နယ်မှ မိုးပြည့်ပြည့်လွင် ကိုလည်းကောင်း၊ ကရင်ပြည်နယ်မှ နန်းသန္တာသိမ့် က ရန်ကုန်တိုင်းဒေသကြီးမှ လင်းလက်နေခြည်ကို လည်းကောင်း အနိုင်ရရှိ ခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲအုပ်စုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း(၃)/(၄) တို့တွင် ယှဉ်ပြိုင် ကစားကြရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ကရင်ပြည်နယ် အသင်းကို ၂ ဂိုး ဂိုး မရှိ၊ ရှမ်းပြည်နယ်အသင်း က ကယားပြည်နယ်အသင်းကို ၄ ဂိုး ဂိုး မရှိဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဘောဂဝတီအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်း က စစ်ကိုင်းတိုင်းဒေသကြီးအသင်း ကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးဖူဆယ်ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဖူဆယ်အားကစားရုံ၌ကျင်းပရာ အမျိုးသားဖူဆယ်ပြိုင်ပွဲ တတိယလုပွဲတွင် တနင်္သာရီ တိုင်း ဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၃ ဂိုး ဂိုးမရှိ၊ ဗိုလ်လု ပွဲစဉ်တွင် ရှမ်းပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၅ ဂိုး ၄ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရှမ်းပြည်နယ်အသင်းက ပထမ၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက ဒုတိယ၊ တနင်္သာရီတိုင်းဒေသကြီးက တတိယ ဆုကိုလည်းကောင်း ရရှိခဲ့ ကြသည်။
အမျိုးသမီးဖူဆယ်ပြိုင်ပွဲ တတိယလုပွဲပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အသင်းက စစ်ကိုင်တိုင်းဒေသကြီးအသင်းကို ၇ ဂိုး ၄ ဂိုး၊ ဗိုလ်လုပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ၆ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအသင်းက ပထမ၊ ကချင်ပြည်နယ် အသင်းက ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက တတိယ ဆုတို့ကို ရရှိခဲ့ကြ သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသားလေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပတ် လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၂ပွဲ ပြတ်၊ ရှမ်းပြည်နယ် အသင်းက ရခိုင်ပြည်နယ်အသင်းကို ၂ပွဲ ၁ ပွဲ၊ ပဲခူးတိုင်းဒေသကြီးအသင်းက ဧရာဝတီ တိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ ကချင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို ၂ ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ မွန်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းကို ၂ ပွဲ ၁ ပွဲ၊ ကယားပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို ၂ ပွဲ ၁ပွဲ၊ ရှမ်းပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၂ ပွဲ ၁ ပွဲ၊ ရခိုင်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၂ပွဲပြတ်၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက ပဲခူးတိုင်းဒေသကြီးအသင်း ၂ ပွဲပြတ်၊ ကချင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ် ဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၂ ပွဲ ၁ ပွဲ၊ စစ်ကိုင်း တိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ ကရင်ပြည်နယ် အသင်းက ချင်းပြည်နယ်အသင်းကို ၂ပွဲပြတ်၊ ရခိုင်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ ရှမ်းပြည်နယ်အသင်းက မကွေးတိုင်း ဒေသကြီး အသင်းကို ၂ ပွဲပြတ်၊ ကချင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၂ပွဲ ၁ ပွဲ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ မွန်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၂ ပွဲပြတ်၊ ကယား ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ၂ ပွဲပြတ်ဖြင့်လည်ကောင်း အနိုင်ရရှိ ခဲ့ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းဘော်လီဘောရုံ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသင်းကို ၃ပွဲ ၁ ပွဲ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို ၃ပွဲ ၁ ပွဲ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အသင်းကို ၃ ပွဲပြတ်၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာန အသင်းကို ၃ပွဲပြတ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်း က စွမ်းအင်ဝန်ကြီးဌာနအသင်း ကို ၃ ပွဲပြတ်၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ၃ ပွဲပြတ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အသင်းက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအသင်းကို ၃ ပွဲ ၂ ပွဲ ပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။
အမျိုးသမီးဘော်လီဘောပြိုင်ပွဲ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းကို ၃ပွဲပြတ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အသင်းကို ၃ ပွဲပြတ်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံး ပြိုင်ပွဲအုပ်စု ပွဲစဉ်များကို ပေါင်းလောင်း အားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်း နှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့က တစ်ဖက် ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်း ၂ ဂိုး ၁ ဂိုး၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်း ကို ၄ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရရှိခဲ့ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအား ကစားကွင်း ဖူဆယ်ရုံ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန အသင်း က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်း ၄ ဂိုး ၁ ဂိုး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်း ကို တစ်ဖက် ၁ ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာနအသင်း က နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းကို ၄ ဂိုး ဂိုးမရှိ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း က သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အသင်း ကို ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ ဂေါက်သီးရိုက်ပွဲကို မြို့တော်ဂေါက်ကွင်း၌ ကျင်းပရာ တစ်ဦးချင်းပြိုင်ပွဲ(အကျောပေး) ပြိုင်ပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းမှ မျိုးလွင်ဦး က ပထမ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းမှ ကျော်နိုင်ဦး က ဒုတိယ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အသင်းမှ ဟိန်းဇေယျက တတိယဆုကိုလည်းကောင်း၊ တစ်ဦးချင်းပြိုင်ပွဲ (အကျောမဲ့)ပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ သက်ထွဋ်ဦး က ပထမ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနမှ ချမ်းငြိမ်းက ဒုတိယ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ရန်နိုင်အေးက တတိယဆုကိုလည်းကောင်း၊ အသင်းလိုက် အကျောပေးပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနက ပထမ၊ ပြည်ထဲရေးဝန်ကြီးဌာန က ဒုတိယ၊ သမဝါယမှ ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနက တတိယ၊ အသင်းလိုက် အကျောမဲ့ပြိုင်ပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန က ပထမ၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒုတိယ၊ အလုပ်သမားဝန်ကြီးဌာနက တတိယဆုကိုလည်းကောင်း၊ Hole in One Prize ဆုကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ မျိုးလွင်ဦးက ကျင်းအမှတ် (၁၂) ရရှိခဲ့ကြသည်။
ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင် ရာများ၊ အားကစားနည်းအလိုက်အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်း များ၊ ကျောင်းသားကျောင်း သူများနှင့် အားကစားဝါသနာရှင် ပြည်သူများ စိတ်ပါ ဝင်စားစွာ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။