နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားများသို့ တက်ရောက်အားပေးချီးမြှင့်
နေပြည်တော် ဒီဇင်ဘာ ၁၃
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများ ကို ယနေ့တွင်နေပြည်တော်ရှိ သက်ဆိုင်ရာအားကစားကွင်းနှင့် အားကစားရုံများ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများချီးမြှင့်ကြသည်။
ဦးစွာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်နှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် မွန်ပြည်နယ်၊ ဒုတိယဆုရရှိသည့် ရခိုင်ပြည်နယ်နှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်က အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးရာပြည့်က အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရခိုင်ပြည်နယ်နှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ်နှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ကျင်းပရာ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းက အမျိုးသား (-၈၁) ကီလိုတန်း ဂျူဒိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိကြသည့် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက အမျိုးသား (-၉၀)ကီလိုတန်း ဂျူဒိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသည့် မွန်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးထိန်လင်းက အမျိုးသား(-၁၀၀)ကီလိုတန်းဂျူဒို အတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရခိုင်ပြည်နယ်၊ ပူးတွဲတတိယဆုရရှိကြသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကိုလေးက အမျိုးသား(+၁၀၀) ကီလိုတန်း ဂျူဒိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကချင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိကြသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးက အမျိုးသမီး(-၆၃)ကီလိုတန်း ဂျူဒိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မကွေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်၊ ပူးတွဲတတိယဆုရရှိကြသည့် မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသား အားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမျိုးသမီး(-၇၀)ကီလိုတန်း ဂျူဒိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကချင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိကြသည့် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အမျိုးသမီး (-၇၈)ကီလိုတန်း ဂျူဒိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိကြသည့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမျိုးသမီး(+၇၈)ကီလိုတန်း ဂျူဒိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကရင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိကြသည့် ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အသင်းလိုက်ဂျူဒိုအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကချင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိကြသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အမျိုးသမီးမီတာ(၄၀၀)အလွတ်ကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ်နှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က အမျိုးသားမီတာ (၄၀၀)အလွတ်ကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ကရင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြ သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အမျိုးသမီးမီတာ (၂၀၀) တစ်ဦးချင်း လေးမျိုးကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက အမျိုးသားမီတာ(၂၀၀)တစ်ဦးချင်းလေးမျိုးကူး ပြိုင်ပွဲတွင် ပထမနှင့် ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးကိုကိုကျော်က အမျိုးသမီးမီတာ(၁၀၀) ရင်ပေါင်တန်းကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသားမီတာ(၁၀၀)ရင်ပေါင် တန်းကူးပြိုင်ပွဲတွင် ပထမနှင့် ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက အမျိုးသမီးမီတာ(၁၀၀)ပက်လက်ကူး ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသားမီတာ (၁၀၀) ပက်လက်ကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အမျိုးသမီးမီတာ(၁၀၀)လိပ်ပြာကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်နှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသားမီတာ(၁၀၀) လိပ်ပြာကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကချင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အမျိုးသမီး မီတာ (၁၀၀) အလွတ်ကူးပြိုင်ပွဲတွင် ပထမနှင့် ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များ ကိုလည်းကောင်း၊ အမျိုးသား မီတာ(၁၀၀) အလွတ်ကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အမျိုးသမီး မီတာ ၅၀ x ၄ လွန်းပြန်လေးမျိုးကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသားမီတာ ၅၀x၄ လွန်းပြန်လေးမျိုးကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် အမှုဆောင်မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဒေါ်မာမာမင်းက အမျိုးသားမီတာ (၁၅၀၀) အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် အမှုဆောင်မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ဦးဘုန်းမြင့်က အမျိုးသမီးမီတာ (၁၅၀၀) အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်က အမျိုးသမီးလှံတံပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် တတိယဆုရရှိသည့် ရခိုင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က အမျိုးသားမီတာ (၁၀၀) အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က အမျိုးသမီးမီတာ (၁၀၀) အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ်နှင့် တတိယဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမျိုးသမီးမီတာ(၄၀၀)လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကိုကိုက အမျိုးသား မီတာ (၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ကျန်ရှိသည့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများကို သတ်မှတ်ထားသည့် အားကစားနည်းများအလိုက် ကျင်းပ၍ ဆုရရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုယ်စားပြုပြိုင်ပွဲဝင်များအား ဆုများပေးအပ်ချီးမြှင့်ရာ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်ထူးအောင်က အမျိုးသားလှံတံပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အောင်နိုင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်တင်တင်လှိုင်က အမျိုးသားမာရသွန် အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမျိုးသမီးမာရသွန်အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အမျိုးသားသံလုံးပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က အမျိုးသမီးအလျားခုန် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမျိုးသမီးသံလုံးပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အမျိုးသားမီတာ (၁၀၀၀၀) ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိကြသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ကျန်ရှိသည့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများကို သတ်မှတ်ထားသည့် အားကစားနည်းများအလိုက် ကျင်းပ၍ ဆုရရှိသည့် ဝန်ကြီးဌာန ကိုယ်စားပြုပြိုင်ပွဲဝင်များအား ဆုများပေးအပ်ချီးမြှင့်ရာ ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးချုပ် ခင်မောင်အေးက အမျိုးသမီးမီတာ(၁၀၀၀၀) အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီး ဌာနအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်က အမျိုးသားမီတာ (၁၀၀) လက်ဆင့်ကမ်း အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြု ဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းဖေက အမျိုးသမီးမီတာ(၁၀၀)လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းက အမျိုးသားအလျားခုန်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယနှင့် တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ရွှေကြာပင်အားကစားကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်က အမျိုးသား (၅၅-၆၀ ကီလိုတန်း) ဗိုဗီနမ်အတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိကြသည့် မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသမီး (၅၀-၅၅ ကီလိုတန်း) ဗိုဗီနမ်အတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသည့် မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးရဲနိုင်က အမျိုးသားနှစ်ယောက်တွဲ ဓားအတိုက်အပြပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကရင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသားလက်သိုင်းအပြပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမင်းသူက အမျိုးသားတုတ်ရှည်အပြပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသမီးလက်သိုင်းအပြပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်၊ ဒုတိယဆုရရှိသည့် ရခိုင်ပြည်နယ်နှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစား ပွဲတော်အထိမ်းအမှတ်အရုပ်အား ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက အမျိုးသမီးနှစ်ယောက်တွဲ ဓားရှည်အပြပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်၊ ဒုတိယဆုရရှိသည့် ရခိုင်ပြည်နယ်နှင့် တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသား (၆၀-၆၅ကီလိုတန်း) ဗိုဗီနမ်အတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရခိုင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် ပူးတွဲတတိယဆုရရှိကြသည့် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစား ပွဲတော်အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်သည်။