အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဗိုဗီနမ် (အမျိုးသား/အမျိုးသမီး)အားကစားပြိုင်ပွဲ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၁၀

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (အမျိုးသား/အမျိုးသမီး) ဗိုဗီနမ်အားကစားနည်း အသင်းမန်နေဂျာများ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် အမှတ်(၃)၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း(ရွာတော်)၌ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အသင်းများမှ အားကစားသမားများသည် ကြိုတင်ဖြန့်ဝေအသိပေးထားသော စည်းမျဉ်း/စည်းကမ်းများနှင့် ကိုက်ညီမှုရှိ/မရှိစိစစ်ပြီးနောက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဗီုဗီနမ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် ကျား(၁၂) သင်း၊ မ(၁၂)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲများကို ဒီဇင်ဘာလ (၁၂)ရက်နေ့မှ (၁၄)ရက်နေ့ထိ ရွှေကြာပင်အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။