အားကစားရေးရာဝန်ကြီးဌာန

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဇွန် ၁၀ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာ‌စေရန် ရည်ရွယ်၍ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ” ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပခဲ့ရာ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်၊ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ အထူး ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဆုရအားကစားသမား များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်နေမှုအား ကြည့်ရှု […]

အားကစားရေးရာဝန်ကြီးဌာန ၂၀၂၆ ခုနှစ် မိုးရာသီ အမျိုးသားရေးလူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစေ့စိုက်ထည့်ပွဲအခမ်းအနားကျင်းပ

Loading

အားကစားရေးရာဝန်ကြီးဌာန ၂၀၂၆ ခုနှစ် မိုးရာသီ အမျိုးသားရေးလူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစေ့စိုက်ထည့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင် ၇ ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်း၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးခြင်း၊ သစ်တောများ ပြုန်းတီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်း အစရှိသည့် ကြီးမားသောသဘာဝဘေးအန္တရာယ်များကို တားဆီးကာကွယ်နိုင်ရန်၊ ပြန်လည်ကုစားပေးနိုင်ရန်အတွက် အရိုးရှင်းဆုံးနည်းလမ်းဖြစ်သည့် သစ်ပင်များစိုက်ပျိုးပြီး သစ်တောများကို ထိန်းသိမ်းကာကွယ်နိုင်ရန်နှင့် ငါးမျိုးစေ့များတိုးပွားလာစေရန်၊ ငါးမျိုးစိတ်များမျိုးသုဉ်းခြင်းမှ ကာကွယ်နိုင်စေရန်တို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီ အမျိုးသားရေးလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးခြင်းနှင့် ငါးမျိုးစေ့ စိုက်ထည့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပရိဝုဏ် အတွင်းရှိ ပြေးခုန်ပစ်တာဝေးအားကစားပြိုင်ကွင်းနှင့် ဝဏ္ဏသိဒ္ဓိရေကန်တို့၌ ကျင်းပခဲ့ရာ အားကစား ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် […]

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ ၆-၇-၂၀၂၆ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ လယ်ဝေးမြို့နယ် မဲဆန္ဒနယ်မှ ဦးဝင်းဌေး၏ ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက ပြန်လည်ဖြေကြားချက်

Loading

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ ၆-၇-၂၀၂၆ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ လယ်ဝေးမြို့နယ် မဲဆန္ဒနယ်မှ ဦးဝင်းဌေး၏ ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက ပြန်လည်ဖြေကြားချက် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ လယ်ဝေးမြို့နယ် မဲဆန္ဒနယ်မှ ဦးဝင်းဌေး၏ ဇေယျာသီရိမြို့နယ်တွင် မြို့တော်ခန်းမတစ်ခုနှင့် ပြေးလမ်း၊ ပွဲကြည့်စင်ပါသည့် ဘောလုံးကွင်း တစ်ကွင်းအား နိုင်ငံတော်အစီအစဉ်ဖြင့် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့် ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်း ဇေယျာသီရိမြို့နယ်သည် နိုင်ငံတော်၏မြို့တော်တစ်ခုဖြစ်သော နေပြည်တော်၊ ပြည်ထောင်စုနယ်မြေရှိ အစိုးရ၏ ယန္တရားများနှင့် အနီးကပ်ဆုံး ဆက်စပ်တည်ရှိနေပြီး နေပြည်တော်၏ ၈ မြို့နယ်တွင် အရေးကြီးသော မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ ဇေယျာသီရိမြို့နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၂၃၀.၇၅ ကျယ်ဝန်းပြီး […]

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင် ၆ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် “၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ” (ဆဋ္ဌမနေ့) (အမျိုးသား/အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဦးသန်းမောင်၊ ဒေါက်တာသက်သက်ဇင်၊ ဦးတင်ဦးလွင်၊ ဒေါက်တာမောင်သင်း၊ ဒေါက်တာစိုးဝင်း၊ ဒေါ်နိုင်သက်ဦး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှတာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ အရာထမ်း/ အမှုထမ်းများ၊ ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။ […]

ဝန်ထမ်းများအတွက် နိုင်ငံတကာဆက်သွယ်ဆက်ဆံရေး ကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း Strengthening International Communication Skills For Staff သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

ဝန်ထမ်းများအတွက် နိုင်ငံတကာဆက်သွယ်ဆက်ဆံရေး ကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း Strengthening International Communication Skills For Staff သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင် ၆ အားကစားရေးရာဝန်ကြီးဌာန(MOSA)၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ(MOC)နှင့် အာရှအိုလံပစ်ကောင်စီ(OCA)တို့ပူးပေါင်းဖွင့်လှစ်သည့် ဝန်ထမ်းများအတွက် နိုင်ငံတကာဆက်သွယ် ဆက်ဆံရေး ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း Strengthening International Communication Skills For Staff သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစား လေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ/အထွေထွေအတွင်းရေးမှူး၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက သင်တန်းဖွင့်အမှာစကားပြောကြား ရာတွင် အားကစားသည် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပေးရာတွင် အရေးပါသည့် အခန်းကဏ္ဍတစ်ခုတွင်ပါဝင်ကြောင်း၊ အားကစားဖွံ့ဖြိုးတိုးတက်စေရေးနှင့် အောင်မြင်မှုရရှိစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် […]

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဇွန် ၆ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာ‌စေရန်ရည်ရွယ်၍ “၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒိုင်လူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အုပ်ချုပ်/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်စားပွဲတင်တင်းနစ်ပြိုင်ပွဲကို မိမိတို့ ရန်ကုန်တိုင်းဒေသကြီးမှ […]

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) နည်းပြ(နည်းစနစ်)သင်တန်း (၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) နည်းပြ(နည်းစနစ်)သင်တန်း (၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန် ၊ ဇူလိုင် ၆ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နည်းပြ(နည်းစနစ်)သင်တန်း (၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၇ :၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ပြည်ထောင်စုခန်းမ၌ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ဒုတိယကျောင်းအုပ်ကြီးများ နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် အသီးသီးမှ အားကစားဘာသာရပ်အလိုက် သင်တန်းနည်းပြ ဆရာ/ဆရာမများ ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး […]

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန် ၊ ဇူလိုင် ၅ အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်‌ ‌စားပွဲတင်တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက်အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀:၀၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး နှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက် ကြသည်။ ဦးစွာအစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်း အုပ်ချုပ်သူ များက အသီးသီးမိတ်ဆက်ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အဖွင့်အမှာစကားပြောကြားရာတွင် […]

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ (ပဉ္စမနေ့) Linking Event-3 (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည့်ရှုအားပေး

Loading

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ (ပဉ္စမနေ့) Linking Event-3 (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဇူလိုင် ၅ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် “၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ” (ပဉ္စမနေ့) Linking Event-3 (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ယှဉ်ပြိုင်ခတ်ကစားနေမှုများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းနိုင်ဦး၊ ပညာရေးဝန်ကြီးဌာန စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယက ဦးစိုးတင့်နှင့် ဥက္ကဋ္ဌ […]

၂၀၂၆ ခုနှစ် ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် အလုပ်အမှုဆောင်သစ် ပြန်လည်ဖွဲ့စည်း ရွေးကောက်ပွဲကျင်းပ

Loading

၂၀၂၆ ခုနှစ် ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် အလုပ်အမှုဆောင်သစ် ပြန်လည်ဖွဲ့စည်း ရွေးကောက်ပွဲကျင်းပ ရန်ကုန် ၊ ဇွန်လိုင် ၅ မြန်မာနိုင်ငံအိုလံပစ်‌ကော်မတီ၏လမ်းညွှန်မှု့ ဖြင့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် ဝူရှူးအားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မျိုးဆက်သစ်အားကစားလူငယ်များ ပိုမို ရရှိစေရေးအတွက် ၂၀၂၆ခုနှစ် ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် အလုပ်အမှုဆောင်သစ် ပြန်လည်ဖွဲ့စည်းခြင်းနှင့်ရွေးကောက်ပွဲကျင်းပသည့်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြီု့ ၊ သင်္ဃန်ကျွန်းမြို့နယ်ရှိ Myanmar Sport Hotel ၌ ကျင်းပခဲ့သည်။ ဦးစွာမြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးသစွာ(ခ) Mr. Li Bobo က အဖွင့်အမှာစကားပြောကြာ၍ ဒုတိယဥက္ကဋ္ဌများက ရွေးချယ်ရေးကိစ္စရပ်များ ဆွေနွေးပြောကြားပြီး အထွေထွေအတွင်းရေးမှူး ဒေါ်ဆွေဆွေသန့်က မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်သမိုင်းကြောင်းနှင့် ၂၀၂၅/၂၀၂၆ခုနှစ် လုပ်ငန်းဆောင်ရွက်ချက်များ ၊ ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဥ်များကို တင်ပြခဲ့သည်။ ယင်းနောက်တက်ရောက်လာကြသည့် ဥက္ကဋ္ဌ […]